Thursday, February 21, 2008

ဗုဒ္ဓဘာသာ

' ကမ္ဘာ့ ပညာရှင်တို့ မျက်လုံးထဲက ဗုဒ္ဓဘာသာ 'ကျွန်တော် နှစ်ခြိုက်ခဲ့ရတဲ့ ဘာသာပြန် စာအုပ် တစ်အုပ်ပါ။ အနောက်တိုင်း ပညာရှုင်တို့မှ ဗုဒ္ဓဘာသာကိုအမျိုးမျိုး ဝေဖန်သုံးသပ်ထားသော အကြာင်းအရာ များစွာထဲမှ ကောင်းနိုးရာရာများအား ပြန်လည်မျှဝေ ခံစားစေချင်သောကြောင့် ရေးသား ရခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဘက်သို့စွဲဆောင်ခြင်းမဟုတ်ပါ။ ဗုဒ္ဓဘာသာသည် အခြားဘာသာ များထက်သာလွန်ကြောင်း ပြသလိုခြင်းလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာ မည်မျှကောင်းကြောင်း ထောက်ခံခိုင်းခြင်း လည်းမဟုတ်ပါ။ကျွန်တော် ယုံကြည်သော် ဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာသာပင် ဖြစ်ပါသည်။ သို့သော် မိမိကိုးကွယ်သော ဘာသာအား ထိုစာဖတ်ခြင်းဖြင့် အနည်းငယ်မျှ ဂုဏ်ယူကျေနပ်မိပါက ကျွန်တော် ပျော်ရွှင်မိမှာ အမှန်ပင်။ ။


(1)The Buddha's Greatness
I cannot myself feel that either in the matter of wisdom or in the matter of virtue CHrist stands quite as high as some other people known to history_i think i should put Buddha above him in those respects.
BETRAND RUSSE
" Why i am not a Christian"

(၁) ဗုဒ္ဓ၏မြင့်မြတ်မှု
ခရစ်တော်သည် အခြားသော သမိုင်းဝင်ပုဂ္ဂိုလ် များလောက် မြင့်မားစွာ ပညာကြောင့် ရပ်တည်သလား၊ ပါရမီကြောင့် ရပ်တည်သလား ဟူသည်ကို ကျွန်ုပ် ကိုယ်တွေ့ မသိရပါ။သို့ရာတွင် ပါရမီ၊ပညာတို့နှင့် ပတ်သတ်လျှင် ဗုဒ္ဓကို ခရစ်တော်၏ အပေါစီးမှ ထားသင့်သည်။
ဘာထရန်ရပ်ဆဲလ်


(2)Most noble of Mankind
If you desire to see the most noble of mankind,look at the king in beggar's clothing; it is he whose sanctity is great among men.
ABDUL ATAHIYA,A MUSLIM POET

(၂)အမြင့်မြတ်ဆုံးလူသား
လူသားထု တစ်ရပ်လုံးတွင် အမြင့်မြတ်ဆုံး လူသားကို တွေ့မြင်လိုပါက ဖုန်းတောင်းယာ စကာ အ၀တ်အဆင် နှင့်ရှင်ဘုရင် တစ်ပါးကို ရှုကြည့်လိုက်ပါ။သူသည် လူသားထု အတွင်း တွင်အမြင့်မားဆုံး စွန့်လွှတ်နိုင်သူ ဖြစ်သည်။
မူစလင်ကဗျာဆရာ အဗဒူအတဟိယ


(3)Buddha's Method
If any question has to be considered,it has to be considered peacefully and democratically in the way taught by the Buddha.
NEHRU

(၃) ဗုဒ္ဓ၏နည်းလမ်း
အကယ်၍ ပြဿနာတစ်ခုခုကိုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြား ခဲ့သည့်လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီ ကျကျစဉ်းစားဆင်ခြင် ရပေသည်။
နေရူး


(4)Homage to Buddha
Lord Buddha could be very easily singled out as the one person known to man who received homage from the greatest number of mankind.
_PROF..SAUNDERS,
LITERARY SECRETARY Y.M.C.A
INDIA,BURMA,CEYLON

(၄) ဗုဒ္ဓကိုပူဇော်ကြ
လူသား အများဆုံးအပု ဇော်ခံရသည် လူသား ပုဂ္ဂိုလ်တစ်ဦး အဖြစ် မြတ်ဗုဒ္ဓကို အလွယ်တကူ ရွေးကောက် နိုင် ပေသည်။
ပါမောက္ခ ဆောင်းဒါး
အတွင်းရေမှူး၊ ၀ိုင်အယ်စီအေ


(5)Buddha's Message
The Buddha has been something greater than all doctrine and dogma,and his eternal message has thrilled humanity through the ages.Perhaps at no time in past history was his message of
peace more needed for a suffering and distracted humanity than it is today.
NEHRU



(၅)ဗုဒ္ဓ၏ အဆုံးအမ
ဗုဒ္ဓတွင် အားလုံးသော ဟောပြောချက်များ၊ တရားသေ အယူဝါဒများထက် ပိုမိုမြင့်မြတ်သည့် အရာတစ်ခုရှိပြီး ဖြစ်သည်။ဗုဒ္ဓ၏ အဆုံးအမတော်သည် လူသားထု အတွက် တစ်သက်တာလုံး ရင်ကို အေးမြ စေသည်။လူမှုဒုက္ခ သုက္ခ အရှုပ်အထွေးများ အတွက် ဗုဒ္ဓ၏ငြိမ်းချမ်းရေး ဒေသနာတော်သည် အတိတ်ကထက် ယနေ.တွင် ပို၍ လိုအပ်ပေသည်။
နေရူး


(6)Buddha is the way
I feel more and more that Sakyamuni is the nearest in character and effect to him who is the Way,the Truth,and the life.
BISHOP MILMAN

(၆)ဗုဒ္ဓသည် လမ်းစဉ်ဖြစ်၏
သကျမုနိ ဟူသည် လမ်းစဉ် အမှန်တရား၊ဘ၀တို.နှင့် အမှန်တကယ် အနီးစပ်ဆုံး သင့်မြတ်လျောက်ကန်သူ ဖြစ်ကြောင်း ပို၍ပို၍ သက်ဝင်(ယုံကြည်)လာရသည်။
ဘစ်ရှော့ မီလ်မန်

(7)Nothing to surpass Buddhism
Buddhist or not Buddhist,i have examined every one of the great religious systems of the world,and in none of them have i found anything to surpass,in beauty and comprehensiveness,the Noble
Eightfold Path and the Four Noble Truths of the Buddha.I am content to shape my life according to that path.
PROF.RHYS DAVIDS

(၇)ဗုဒ္ဓဘာသာကို သာလွန်သည့်အရာမရှိ
ဗုဒ္ဓ ဘာသာဝင် ဟုပင် ဆိုဆို၊ မဟုတ်ဟုပင် ပြောပြော ကျွန်ုပ်သည် ကမာ့္ဘကိုးကွယ်မှု ဆိုင်ရာ ဘာသာရေး စနစ် အသီးသီးကို လေ့လာဆန်းစစ်ဖူးပါ၏။ဗုဒ္ဓ၏အရိယမဂ္ဂင် ၈-ပါးနှင့် သစ္စာ ၄-ပါးတရားထက် ထူးကဲသာလွန်သည့် လှပစွာ ခြုံငုံမိသော အရာကို မည်သည့် ဘာသာတွင်မျှ မတွေ.ရှိရချေ။ကျွန်ုပ် အနေဖြင့် ထိုလမ်းစဉ် အတိုင်း မိမိ၏ဘ၀ကိုပြုပြင်နေထိုင်ရသည်ကို ကျေနပ်မိပါသည်။
ပါမောက္ခ ရီးစ်ဒေးဗစ်

(8)Challenge to other religious
It is Budhism as we find it actually recorded, not a hypothetical primitive system,which still forms a challenge to other religions.
BISHOP GORE,
"BUDDHA AND THE CHRIST"

(၈)ဘာသာခြားများကို စိန်ခေါ်ခြင်း
ကျွန်ုပ်တို.အမှန်တကယ် တွေ.ရှိရသည့် မှတ်တမ်းမှတ်ရာများအရ တွေးတောမှုဆိုင်ရာ ရှေးရုးစနစ်မဟုတ်ပဲ အခြား ဘာသာ များကို စိန်ခေါ်နေသည့်ဘာသာမှာ ဗုဒ္ဓဘာသာ ပင်ဖြစ်သည်။
ဘစ်ရှော့ ဂိုး(ရ်)

(9)A plan for living
Buddhism is a plan for living is such a way as to derive highest benefit from life.It is a religion of wisdom where knowledgeand intelligence predominate.The Buddha did not preach to win
converts but to enlighten listeners.
A WESTERN WRITER

(၉)အသက်ရှင်နေထိုင်ရေး အစီအမံ
ဗုဒ္ဓဘာသာ ဟူသည် ဘ၀မှ အမြင့်မားဆုံး အကျိုးကို ရယူရန် အမြင့်မားဆုံး လမ်းစဉ်ဖြင့် အသက်ရှင် နေထိုင်ရေး အတွက် အစီအမံ တစ်ခုပင် ဖြစ်သည်။အသိပညာ စိုးမိုးရာ အမြော် အမြင် ကြီးသည့် ဘာသာ တစ်ခု ဖြစ်သည်။ ဗုဒ္ဓသည် ဘာသာပြောင်း သူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ပဲ တပည့်သာဝကတို.ကိုအသိညာဏ် အလင်းရရှိစေရန် တရားဟောခြင်း ဖြစ်သည်။
အနောက်တိုင်းစာရေးဆရာတစ်ဦး


(10)Come and see
Buddhism is always a question of knowledge and seeing,and not that of believing.The teaching of the Buddha is qualified as Ehi-Passiko ,inviting you to come and see,but not to come and
believe.
VEN.DR.W.RAHULA,
"What the bussha taught"

(၁၀)လာလှည့် ရှု.လှည့်
ဗုဒ္ဓဘာသာသည် သိခြင်း မြင်ခြင်း သာလျှင် ပဓာန ဖြစ်၍ ယုံကြည်ခြင်းမှာ အရာ မဟုတ်ပါချေ။ဗုဒ္ဓ၏ ဒေသနာ များတွင်``ဧဟိ ပသိကော``ဟုပါရှိရာ``လာ၍ ရှု.လှည့်လော့`` ဟူ၍ ဖိတ်ခေါ် လေသည်။ ``လာ၍ ယုံကြည် လက်ခံပါ``ဟုမဆိုပေ။
ဆရာတော်ဒေါက်တာ ၀ါပိုလာ ရာဟုလာ


(11)Religion of Man
buddhism will last as lone as the sun and moon last and the human race exists upon the earth,for it is the religion of man, of humanity as a whole.
BANDARANAIKE,FORMER PRIME
MINISTER OF SRI LANKA

(၁၁)လူ.ဘာသာတရား
ဗုဒ္ဓဘာသာ သည် လုံးဝ လူ.ဘာသာတရား၊လူသားထု တစ်ရပ်လုံး၏ ဘာသာတရား ဖြစ်သောကြောင့် လ,နေတို. တည်ရှိနေ သမျှ လူမျိုး နွယ်စုတို. ရှိနေသမျှ ကာလပတ်လုံး တည်ရှိ နေပေလိမ့်မည်။
ဘန်ဒရာနိုက်ကေး
(သီရိလင်္ကာဝန်ကြီးချုပ်ဟောင်း)

(12)Buddhism and Modern Science
I have often said,and i shall say again and again,that between Buddhism and modern Science there exists a close intellectual
bond.
SIR EDWIN ARNOLA
(၁၂)ဗုဒ္ဓဘာသာနှင့် ခေတ်သစ်သိပ္ပံပညာ
ဗုဒ္ဓ ဘာသာနှင့် ခေတ်သစ် သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန် နီးကပ်ဆက်စပ်စွာ တည်ရှိ နေကြောင်း ကျွန်ုပ် မကြာ မကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုနေပါဦးမည်။
ဆာ အက်ဒင် အာနိုး


(13)Buddhism copes with Science
If there is any religion that would cope with modern scientific needs id would be Buddhism
ALBERT EINSTEIN

(၁၃)ဗုဒ္ဓဘာသာသည် သိပ္ပံပညာနှင့် ဖတ်ပြိုင်
အကယ်၍ ခေတ်သစ် သိပ္ပံပညာ လိုအပ်ချက်များ နှင့် ဖက်ပြိုင်သည့် ဘာသာရေး တစ်ခု ရှိခဲ့သည် ဆိုလျှင် ၄င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။
အဲလဘတ် အိုင်စတိုင်း


(14)Man can stand on hid own feet
Buddhism makes man stand on his own feet and rouses self-conflidence adn energy.
VEN. NARADA THERA,
'Buddhism in a nutshell'

(၁၄)လူသည်ကိုယ့်ခြေပေါ်တွင် ကိုယ်ရပ်တည်နိုင်
ဗုဒ္ဓဘာသာသည် လူသားကိုကိုယ့်ခြေပေါ်တွင် ကိုယ်ရပ်တည်စေပြီး မိမိကိုယ်မိမိယုံကြည်မှုနှင့် စွမ်းအားများ ကိုလည်း နိုးကြားစေသည်။
ဆရာတော် နာရဒထေရ

(15)No unkind word
There was never an occasion when the Buddha flamed forth in
anger,never an incident when an unkind word escaped his lips.
DR.S.RADHAKRISHNAN

(၁၅)အကြင်နာကင်းသော စကားကိုမဆို
ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါ ဟူ၍ မည်သည့်အခါမျှမရှိချေ။ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာ မဲ့သော စကား ထွက်ပေါ်လာသည် ဟူ၍ မည်သည့် အခါမျှ မရှိပေ။
ဒေါက်တာ အက်စာ ရာဓခရစ်ရှ်နန်


(16)Ethical man of genius
In this sphere He gave expression to truths of everlasting value and advanced the ethics not of India alone but humanity.Buddhas was one of the greatest ethical men of genius every bestowed
upon the world.
ALBERT SCHWEITZER,
A LEADING WESTERN PHILOSOPHER

(၁၆)ဖြောင့်မှန်သည့်ဓမ္မတာလွန်တရား
ဤကမ္ဘာတွင် ဗုဒ္ဓသည် ထာဝရ တည်မြဲ၍ တန်ဘိုးရှိသော သစ္စာတရား တို့ကို ဖော်ထုတ် ခဲ့သည်။ အိန္ဒိယ နိုင်ငံသား တို.ကို သာမက လူသားထု တစ်ရပ်လုံးကိုပါ စာရိတ္တတရား မြင့်မားတိုးတက်စေခဲ့သည်။ဗုဒ္ဓသည် ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံး လူသားစာရင်းဝင် တစ်ဦးဖြစ်သည်။
အဲလ်ဘတ်ဆွစ်ဇာ



(17)World culture
Buddhism has done more for the advance of world civilization and true culture than any other influence in the chronicles of mankind.
H.G.WELLS

(၁၇)ကမ္ဘာ့ယဉ်ကျေးမှု
ဗုဒ္ဓ၀ါဒသည် လူ.သမိုင်းတွင် ကမ္ဘာ. ယဉ်ကျေးမှု တိုးတက် မြင့်မားရေးနှင့် စစ်မှန်သော ယဉ်ကျေးမှုထွန်းကားရေး အတွက် အခြားသော သြဇာသက်ရောက်မှုများထက်ပိုမိုသြဇာသက်ရောက်စေခဲ့သည်။
အိပ်ခ်ျ ဂျီဝဲလ်


(18)Democracy
BUddhism was a democratic movement,which upheld democracy in religion,democracy in society,and democracy in politics.
DR.AMBEDKAR

(၁၈)ဒီမိုကရေစီ
ဗုဒ္ဓ၀ါဒသည် ဒီမိုကရေစီ လှုပ်ရှားမှု တစ်ခု ဖြစ်သည်။ဘာသာရေး ဆိုင်ရာဒီမိုကရေစီ၊လူမှုအဖွဲ.အစည်း ဆိုင်ရာ ဒီမိုကရေစီ၊ နိုင်ငံရေး ဒီမိုကရေစီ တို.ကိုထောက်ခံသည်။
ဒေါက်တာ အယ်မ်ဘက်ကာ


(19)Appreciation of Buddhism
Although one may originally be attracted by its remoteness,one can appreciate the real value of buddhism only when one judges it by
the result it produces in one's own life from day to day.
DR.EDWARD CONZE
A WESTERN BUDDHIST SCHOLAR

(၁၉)ဗုဒ္ဓ၀ါဒသို. သက်ဝင်ခြင်း
မူလဘူတအားဖြင့် အဝေးက ဆွဲဆောင်နိုင်သော်လည်း တစ်နေ.ပြီးတစ်နေ. ဘ၀မှထွက်ပေါ်လာသည့် အကျိုး ရလဒ်ဖြင့် ဆုံးဖြတ်သည့်အခါမှသာ ဗုဒ္ဓဘာသာ၏ စစ်မှန်သောတန်ဘိုးကို သဘောသက်ဝင်နိုင်ပေသည်။
ဒေါက်တာ အက်ဒွပ် ကွန်ဇ်
(အနောက်တိုင်းဗုဒ္ဓဘာသာပညာရှင်)


(20)Example from Asoka
Turn to buddhism,and you will read that Asoka not only preached a lofty morality but exercised the power of kingship in a manner that shames our modern sovereigns of other faiths.
GEOFFREY MORTIMER,
A WRITER IN THE WEST

(၂၀)အသောာကမင်းထံမှ နမူနာ
ဗုဒ္ဓဘာသာဘက်သို.ဦးလှည့်လိုက်ပါ။အသောကမင်းတရားသည် မြင့်မြတ်သည့်သီလကို ဟောပြော သည် သာမက အခြားသော ယုံကြည် ကိုးကွယ်မှုများ၏ ခေတ်သစ်အဓိပတိများကို အရှက်ရစေ လောက်အောင် မင်းအာဏာကို အသုံးပြုခဲ့ကြောင်း လေ့လာဖတ်ရှု.ရပေလိမ့်မည်။
ဂျော့ဖရေး မော်တိုင်းမား


(21)Buddhism and other faiths
Buddhism is like palm of the hand,the other religions being the fingers.
THE GREAT KHAN MONGKA

(၂၁)ဗုဒ္ဓဘာသာနှင့် အခြားယုံကြည်မှုများ
ဗုဒ္ဓဘာသာသည် လက်ဝါးနှင့်တူ၍ အခြားဘာသာများကား လက်ချောင်းများနှင့် တူပေသည်။
သဂရိတ် ခန်း မွန်ဂါ


(22)Life by principle
Buddhism taught a life not by rule,but by principle,a life of beauty, and as a consequence,it was a religion of tolerance.It was the most charitable system under the sun.
REV.JOSEPH WAIN

(၂၂)ကျင့်ဝတ်ဖြင့်သင်ကြားခံရသည့်ဘဝ
ဗုဒ္ဓဘာသာသည် ဘ၀ကို စည်းမျဉ်း၊စည်းကမ်းဖြင့် သွန်သင် ဆုံးမသည် မဟုတ်ပဲ ကျင့်ဝတ်ဖြင့် သွန်သင် ဆုံးမပေးသည်။ထိုကြောင့် ဗုဒ္ဓဘာသာသည် စိတ်ရှည် သည်းခံသည့် ဘာသာတရား ဖြစ်သည်။
အရှင်မြတ် ဂျိုးဇက် ၀ိန်း

Tuesday, February 12, 2008

ဇရာ .... သို့.... အသိတရားတစ်ခု...

“အိမ်ရှုင်နှင့် ဧည့်သည်များအား ကျွန်တော် ရုတ်တရက် မမှတ်မိသည်ကို ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်အောင် ဖြစ်နေပါသည်။ သူတို့ အားလုံးသည် အဘယ်ကြောင့် ရုပ်ဖျက်ထားသည့် ပုံပေါ်နေကြသနည်း။ အများအားဖြင့် နံ့သာမှုန့်ဖြူးထားသည့် ဆံပင်တုများကို တပ်ထားကြသဖြင့် ရုပ်တစ်မျိုးဖြစ်နေကြသည်။ သူတို့၏ မုတ်ဆိတ်မွှေးများမှာ ဖြူလျက်ရှိပြီး ခဲဆွဲထားသည့် ဖိနပ်ကို စီးထားသည့်နှယ် ခြေဒရွတ်တိုက်လျက်ရှိ၏။ နှုတ်ခမ်းမွေးများသည် ငလက်မ သစ်တောထဲက နှင်းခဲများ ဖုံးသလို ဖြူဆွတ်လျှက် ရှိသည်။” ဆရာမြသန်းတင့် ဘ၀နေနည်း အနုပညာထဲမှ ပရုစ်ရဲ့ ၀တ္ထုတစ်ပုဒ်ထဲတွင် ရေးသားထားသော ငယ်သူငယ်ချင်းတွေကို အနှစ် သုံးလေးဆယ်ကြာမှ ပြန်တွေ့ရတဲ့အခါ ရင်ထဲမှာ ပေါ်လာသော ခံစားချက်ကို ပြန်လည်မျှဝေခြင်းပါ။ ဘ၀သည် နှစ်ပေါင်းများစွာ ကြာလာသော အခါတွင် လူငယ်လေးများကို လူအိုကြီးများအဖြစ်သို့ ပြောင်းလဲပစ်လေ့ ရှိကြောင်းကို အမှတ်တမဲ့ အနေမှ အမှန်တကယ် ခံစား သဘောပေါက်မိပါပြီ။ နုပျိုခြင်းနဲ့ အိုမင်းခြင်းသည် နှေးကွေးစွာ ပြောင်းလဲခြင်းကြောင့် မည်သူမျှ သတိမထားမိခြင်းမှာ အပြစ်တစ်ခု မဟုတ်ပါ။ အိုမင်းခြင်းသည်လည်း အပြစ်တစ်ခုမဟုတ်ပါ။ သို့သော် တစ်ခါတစ်ရံ ကြားရသော စကားသံများမှာ အပြစ်တစ်ခုကဲ့သို့ပင် 'ဒီအဖိုးကြီးနှယ်.. အသက်ကြီးနေပြီ ကိုယ့်နေရာကို မနေဘူး။ နေရာတကာပါတယ်။ ကိုယ့်အသက်နဲ့ ကိုယ့်နေရာ မသိဘူး ထင်ပါရဲ့ ' အမှန်ပင် စိတ်ထိခိုက်စေသော စကားလုံးများပင် ဖြစ်ပါသည်။ လောကကြီးတွင် အိုမင်းခြင်း အတွက်သီးသန့် နေရာရှိပါသလား။ မည်သို့သော နေရာမျိုးနည်း။ တစ်ခါတစ်ရံတွင် 'ဒီအဖိုးကြီးနှယ် လွန်တာထက် အိုနေပါလား...အေးလေ ဦးနှောက်လေး ဘာလေးသုံးပါလား......ဒီခောတ် ကြီးထဲမှာ နုပျိုချင်ရင် လွယ်လွယ်လေး တုံးလိုက်တဲ့ဦးနှောက် 'အော်.. ဘုရား.. ဘုရား.... အိုမင်းခြင်းသည် ဦးနှောက်နဲ့ ဆိုင်ပါသလား။ ဦးနှောက် ကောင်းလျှင် မအိုမင်းတော့ဘူး တဲ့လား။ ရှိပါသေးသည်.. ' အဖိုးကြီးက ခါးကိုင်းကိုင်းနဲ့ style ပေါ့.....အေးလေး ဆံပင်ကအဖြူရောင် ဆိုးထားသေးတယ်.ဟီဟိ.' ငါ့ဘ၀က ဟာသ တစ်ခုလိုဘာဘဲလား... အိုမင်းခြင်းသည် ဟာသတစ်ခုလား။ ငါကိုပြောတဲ့ သူတို့တွေကော မအိုမင်းတော့ဘူးတဲ့လား။ ငါဘယ်အထိတာင် တွေးနေမိ ဘာလိမ့်ဟင်။အရှေ့မှာ တံခါး တစ်ချပ် ပွင့်လာပြီ ဘာတံခါးပါလိမ့်....မရဏ တံခါး ဆိုပါလား...အော်..ဘာလိုလိုနဲ့ ငါ့ဘ၀ရဲ့ နေ၀င်ချိန် ရောက်လာ ခဲ့ပါရော့ လား။ဟင်သူတို့ ငါဖြတ်သန်း ခဲ့တဲ့ ရှည်လျားတဲ့ ဘ၀လမ်း တစ်လျောက်မှာ ငါရှာခဲ့တဲ့ ပိုက်ဆံတွေ၊ ငါရခဲ့တဲ့ ရာထူးဂုဏ်တွေ၊ ငါဝယ်ခဲ့တဲ့အိမ်တွေ...... ကားတွေ.. စည်းစိမ်တွေ..၊ ငါ့ကိုချစ်လှပါပြီဆိုတဲ့ လူတွေ၊ ဟုတ်တယ် သူတို့တွေက ဘာလို့ငါနဲ့အတူ မလိုက်ကြတာလဲ။ ဘာလို့ ဟိုအဝေးကြီးက ကြည့်နေကြတာလဲ။ ခေါ်လို့လဲမရပါလား ငါသိပြီ ဒီတံခါးက ငါ့အတွက် သီးသန့်ဖွင့်ထားတဲ့တဲ့ တံခါးတစ်ချပ်ပါလား။သူတို့အတွက် တံခါးတွေလဲ တစ်ချိန်ချိန်မှာ ပွင့်လာကြဦး မှာပါလေ။ငါအားလုံးကို နားလည်လိုက်ပြီ... အားလုံးကို သဘောပေါက်ခဲ့ပါပြီ.... ငါ မျက်ရည်တွေ ကျနေပါရော့လား ကျသင့်ပါတယ်လေ။ တန်ဖိုးရှိတဲ့ မျက်ရည်တွေပါ.. ငါထားခဲ့ရတဲ့အရာတွေ အတွက်ကျတဲ့ မျက်ရည်မှမဟုတ်တာ။ နောက်ကျခဲ့တဲ့ အသိတရားများစွာအတွက ကျတဲ့မျက်ရည်တွေပါ ငါလိုမျိုး အသိတရား နောက်ကျမှု့တွေ မကြုံကြပါစေနဲ့လို့ အားလုံးကို ဆုတောင်းပေးခဲ့ပါတယ်။ ခဏတာ လည်ပတ်ခွင့်ပေးတဲ့ လောကကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးကိုလဲ ဒီနေရာကနေ နှုတ်ဆက်ခဲ့ပါတယ် ............. သံသရာတစ်ကွေ့ ပြန်တွေ့မယ်လို့ မျှော်လင့်ရင်း ...................။

Saturday, February 9, 2008

ညီလေးသို့..

ညီလေး...မင်းမိန်းကလေးတစ်ယောက်အတွက်အရမ်းခံစား
နေရတယ်ဆို...ဟုတ်လား...အင်းလူငယ်တို့သဘာဝကိုအစ်ကို
နားလည်ပါတယ်......ဒါပေမယ့်အစ်ကိုပြောတာကိုတော့
ညီလေးသေချာစဉ်းစားစေချင်တယ်...feeling ဆိုတဲ့အရာကို
ညီလေးဘယ်လောက်သိလဲ....တကယ်တော့ feeling ဆိုတာ
ခံစားသူဘက်ကရှိတဲ့အရာတစ်ခုပါ...မခံစားသူဘက်ကမရှိနိုင်
ပါဘူး...အခုဆိုညီလေးဘက်ကဘယ်လောက်ထိနစ်နာနေပြီလဲ
ဆိုတာညီလေးစဉ်စားကြည့်...အချိန်မှီပါသေးတယ်.....ညီလေး
ခဏခဏပြောနေကျစကား...မှတ်မိလား?...ညီလေးဘ၀ကသူ..
ညီလေးရဲ့ဘ၀အဖော်မွန်ကသူ...ညီလေးဘ၀လက်တွဲဖော်က
လည်းသူဘဲဆို..ဟုတ်ပြီညီလေးအစ်ကိုထပ်ပြောမယ်....နား
ထောင်..တကယ်တော့ယောက်ျားတစ်ယောက်ရဲ့အဖော်မွန်
ဟာကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုသာဖြစ်သင့်တယ်...မိန်းမ
တစ်ယောက်နဲ့ပတ်သတ်တဲ့အတွေးတွေအမြဲစိုးမိုးနေတဲ့
ယောက်ျားတစ်ယောက်ဟာဘယ်တော့မှထူးချွန်ထက်မြက်
တဲ့ယောက်ျားတစ်ယောက်ဖြစ်မလာနိုင်ဘူးညီလေး...အစ်ကို
နောက်တစ်ခုမှာချင်သေးတယ်..အဲ့ဒါဘာလဲဆိုတော့ဘ၀ပေးတာ
ဝန်ကိုကျေပွန်အောင်လုပ်ပါလို့..ဘ၀ပေးတာဝန်ဆိုတာဘာလဲ..ညီလေး
နားလည်အောင်ပြောရရင်..ကျောင်းသား..သူ့အလုပ်ကစာကျက်ရမယ်
စာကျက်ခြင်းဟာသူ့ရဲ့ဘ၀ပေးတာဝန်ပေါ့...ဆရာဝန်..သူ့အလုပ်ကဆေး
ကုရမယ်..ဆေးကုခြင်းဟာ..သူ့ရဲ့ဘ၀ပေးတာဝန်လေ..ဘ၀ပေးတာဝန်
မကျေပွန်တဲ့လူလောက်ရှက်ဖို့ကောင်းတဲ့လူလောကကြီးမှာမရှိဘူး...ဟုတ်
ပြီညီလေး...အစ်ကိုအခုပြောသလောက်ကိုဘဲညီလေးစဉ်စားထားပါ...
အရာရာတိုင်းကိုမှန်ကန်တဲ့အသိတရားများနဲ့သာဆုံးဖြတ်နိုင်ပါစေလို့
အစ်ကိုဆုတောင်းပေးလိုက်ပါတယ်..........

Friday, February 8, 2008

လေလွင့်ငှက်၏သစ္စာတရား

တောင်းပန်ပါတယ်ဟာ....သူတို့အကြောင်းတွေကိုငါမကြားပါရစေနဲ့နော်.
..ငါဟာနင့်ရဲ့ပထမဆုံးလူမဟုတ်ခဲ့ဘူးဆိုတဲ့အချက်က
ငါ့ဘ၀ရဲ့နောက်ဆုံးအချိန်ထိ ငါရင်ထဲမှာအမြစ်တွယ်နေမှာ
နင်မသိဘူးနော်.......နင်င့ါကိုအစားထိုးချစ်ခဲ့တယ်ဆိုတာ..
ငါသိပါတယ်....ငါသိ့ပေမယ့်ဟန်ဆောင်နေခဲ့တာ အလို့မှမ
ဟုတ်တာ..ငါလေနင်ထားတဲ့အဆင့်နင်ပေးတဲ့နေရာကနေ
ချစ်ခဲ့ရသူပါ...တခါတလေငါကငါ့သူငယ်ချင်းကောင်မလေး
အကြောင်းပြောရင်နင်ဒေါသထွက်တယ်နော်..နင်အချစ်ဟောင်း
တွေအကြာင်းပြောရင်နင်ပျော်လို့...အဲ့ဒီအချိန်တိုင်းငါမျက်ရည်မကျ
အောင်ထိန်းခဲ့တာ..နင်ကိုပျော်စေချင်လို့ပါဟာ...
ဘယ်သူမှားမှားဘယ်သူမှန်မှန်....တောင်းပန်မှု့တိုင်းဟာ
ငါဘက်ကစတင်ခဲ့ရတယ်နော်....အဲ့ဒါတွေဟာဘယ်လောက်ထိ
ယောက်ျားမာနကိုထိခိုက်စေခဲ့တယ်ဆိုတာနင်မသိ
ခဲ့ဘူးနော်.....ထားလိုက်ပါတော့ဟာ...နင်ခံစားချက်ရှိနေသ၍
ငါကိုချစ်နိုင်ပါတယ်...ခံစားချက်မဲ့တဲ့တစ်ချိန်ကျရင်တော့
သွားတော့တစ်လုံးနဲ့တင်ငါနေခဲ့မှာပါ....အဲ့တာတွေက
ဘယ်တော့မှပျောက်ကွယ်မသွားမယ့်ငါရင်ဘတ်ထဲက
သစ္စာတရားတွေပါ........

Tuesday, February 5, 2008

အလွမ်းမဲ့ အချစ် (သို့) တစ်ပြည်သူ ချစ်သူသို့

ဆုံနိုင်ပါမလား နုငယ်..လို့မေးလိုက်တိုင်းဆုံပါတယ်ကိုရယ်လို့..
အမြဲတမ်းအလွယ်ပြောတတ်တယ်နော်......
ယြုံကည်ချက်ထပ်တူမကျချင်းတွေနဲ့ဖြစ်တည်ခဲ့တဲ့အချစ်တွေဟာ
ဝေးလွင့်ရစမြဲပါ နုငယ်ရယ်...မင်းအဲ့ဒါကိုမေ့နေရော့လားဟင်၊၊
မိဘတွေရဲ့သြော်ဇာကိုအကြောက်တရားများစွာနဲ့မလွန်ဆန်နိုင်တဲ့
တစ်ပြည်သူမင်းနဲ့...ငယ်စဉ်ကတည်းကဖြစ်တည်ခဲ့တဲ့ယုံကြည်
ချက်တစ်ခုကိုဘယ်အရာနဲ့မှအစားမထိုးမဲ့ကိုနဲ့.................
တို့ရဲ့အချစ်တွေဟာထာဝရတည်မြဲနိုင်ပါမလားနုငယ်ရယ်...
အမှန်အတိုင်းပြောရရင်..မင်းရဲ့အဝေးဆုံးနေရာဆိုတာ..ကို
အကြာက်ဆုံးနေရာတစ်ခုပါနုငယ်ရယ်။
မင်းလဲကို့လိုပါဘဲ....ကို့သိပါတယ်............ဒါပေမယ့်
ချစ်လျက်နဲ့ခွဲခွာရတဲ့အချစ်တွေဟာတန်ဖိုးရှိတတ်စမြဲပါ..
နုငယ်.......နော်.....။
နုငယ်မငိုရဘူးနော်.......အင်းလေ...သံယောဇဉ်ဆိုတာက
လည်းအချည်လွယ်သလောက်..အဖြေရခက်ပါတယ်လေ။။။
အခြေအနေအကြောင်းတရားတစ်ရပ်ကြောင့်ခွဲခွာရပေမဲ့...
ပျောက်ကွယ်မရနိုင်တဲ့ချစ်ခြင်းတရားများစွာဟာကိုယ့်ရင်တဲ
မှာထာဝရအမှတ်ထင်ထင်ရှိနေမှာပါ.....နုငယ်ရယ်....
စိတ်မကောင်းဖြစ်ရုံမှတပါးပြောစရာစကားမဲ့နေရပြီလေ.........။။ ။။

Saturday, February 2, 2008

အချစ်ဦးသို့

ဟယ်လို..မောင်..ခိုင်အရမ်းချစ်တယ်.........သိလား.....
အင်း...မောင်လည်းအရမ်းချစ်တယ်.......
အတူတူနေမယ်နော်မောင်........
အင်းစိတ်ချခိုင်.......မောင်ကြိုးစားမယ်.........
bye..see u tomorrow....မောင်.....
bye.....

ငါအိမ်မက်မက်နေတာပါလား……..အော်…ဝေးခဲ့ကြပြီလေ………
ဟင်….ငါငိုနေတယ်.....
ဟင်အင်း…..ငါမငိုဘူး……..မငိုဘူး……………ဘာလို့မျက်ရည်တွေကသူအလို
လိုကျနေရတာလဲအော်…..သိစိတ်ကမေ့ဖို့ကြိုးစားနေပေမယ့်……..မသိစိတ်
ကတမ်းတနေမိတာကိုး...

ခွဲခွာခြင်းဆိုတာ………… ဆန့်ကျင့်ဘက် အရပ်မှာရှိတဲ့ တို့နှစ်ယောက်အတွက် အကောင်းဆုံးပါဘဲလေ။
နင်က ဟစ်ဟော့်သီချင်းလေးတွေကို အရမ်းကြိုက်တတ်ပေမယ့် ငါကတော့ ပေါ့အေးအေးလေးတွေကိုဘဲ ကြိုက်တယ်။
နင်ကစကတ်တိုတိုနဲ့ free style လေးတွေကို မြတ်နိုးပေမယ့် ငါကတော့ လည်ကတုံးနဲ့ယောပုဆိုးကို စွဲစွဲမြဲမြဲဝတ်တတ်တယ်။
နင်က internet မှာ လက်မလည်အောင် chat ရတာ ပျော်ပေမယ့် ငါကတော့ website တစ်ခုမှာ စာဖတ်နေရရင် ကျေနပ်နေတတ်တယ်လေ။
ကံသင့်လိုနီးရတယ်..ကံပင့်လို့ဝေးကြရတယ်တဲ့.......ငါနားလည်ပေမယ့် မခံစားနိုင်တာအမှန်ပါ....။ ငါရဲ့တည်ငြိမ်နေတဲ့ နှလုံးသားကို နင်ကပဲစတင် နွေးထွေးစေခဲ့တာနော်။
ငါ့ရဲ့ရှိစုမဲ့စု ခွန်းအားတွေနဲ့ အစွမ်းကုန်ချစ်ခဲ့တဲ့အချိန်မှာဘဲ.. နင်ငါ့ကို စိန်ခေါ်မှုများစွာနဲ့ ထားခဲ့တယ်နော်။ ဒါပေမဲ့ငါကျေနပ်တာ တစ်ခုရှိတယ်။ အဲ့ဒါဘာလဲဆိုတော့.. နင်နဲ့ငါနောက်ဆုံး လမ်းခွဲချိန်ထိ ငါ့ဘက်မှာ ဘာအပြစ်အနာစာမှ မရှိခဲ့တာကိုဘဲ။ ဒါပေမဲ့..နင့်အကြောင်း စဉ်းစားမိတိုင်း နှလုံးသားကတစ်ဆစ်ဆစ်နဲ့ ဘာလို့ မျက်ရည်တွေ ကျနေမိပါလိမ့်.... ငါ့စိတ်ဓါတ်ကိုက ပျော့ညံ့လွန်း ပါတယ်ဟာ........။ ပြီးတော့ ငါကျေနပ်တာ တစ်ခု ရှိသေးတယ်ဟ.. အဲ့ဒါက နင်နဲ့ငါသာ ဆုံဆည်းခဲ့ရင် နင်ရဲ့အင်းယားလမ်း ရတနာဆိုင် မျှော်လင့်ချက်ကို ငါကူညီ နိုင်မှာ မဟုတ်ဘူးဟ။ ငါက အညတရလေ..ငါ့အကူအညီ မလိုဘူး ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါအချစ်ဆုံးသူကို နည်းနည်းတော့ ကူညီချင်တာအမှန်ပါ။ အခုဆိုရင်တော့ နောက်တစ်ယောက်က နင့်ကို အများကြီး ကူညီနိုင် မှာပါ။ ငါကျေနပ်တယ်သိလား။ တကယ်တော့ ပေးဆပ်ခြင်းက ရယူခြင်းထက်ပိုခက်တယ်ဟ။ အဲဒီ အချိန် ကြရင်လေ....ဟိုးအဝေဆုံး တစ်နေရာ ကနေ အပျော်ဆုံး လူတစ်ယောက် အနေနဲ့ နင့်ရဲ့ အောင်မြင်မူတွေကို ကြည့်နေ မယ်နော်။ ဒါပေမဲ့ ငါကို တစ်ခုတော့ ခွင့်ပြုပါဟာ...။မျက်ရည် ကျပါရစေနော် ဘ၀နဲ့ရင်းပြီး ချစ်ခဲ့ရသူမို့ပါ ဘ၀ဆက်တိုင်းလည်း မဆုံပါရစေနဲ့နော် မခံစားနိုင်လွန်း လိုပါဟာ...