Thursday, July 31, 2008

နှလုံးသားထဲက တက္ကသိုလ်....

ကံ့ကော်ပင်တန်းနဲ့
ရေတမာရိပ်အောက်
နင်းလျှောက်ဖူးလည်း
ဘွဲ့နှင်းသဘင်ရှေ့
ဂျပ်ဆင်ဘေးမှာ
အရိပ်စောင့်ဖူးသည်....။

အဓိပတိလမ်း
သစ်ပုတ်ပင်မှာ
ခြေချဖူးသည်
ဒါတွေဟာ....
စာဖွဲ့မကုန်တဲ့ အမှတ်တရများစွာတဲ့
ကြားဖူးခဲ့တာလေ...။

တကယ်တမ်းဆန်းစစ်
အိမ်မက်အပြစ်လား
အထီးကျန် နှလုံးသားမှာ....
အဓိပ္ပါယ်မဲ့ ရေရွတ်မိ
ကြုံဆုံခွင့်ရခဲ့တဲ့
တခဏတာပျော်ရွှင်မှု့တွေဟာ
တသသလွမ်းမောမှု့တွေနဲ့
ထပ်တူဖြစ်ခဲ့ရင်တောင်
အဲ့ဒီပျော်ရွှင်မှု့ကို
မက်မက်မောမော
ရင်ဝယ်ပိုက်ထားချင်မိသည်။

တကယ်ပါ...
ကံကြမ္မာငဲ့ကွက်
သံသရာအလှည့်မို့
အိပ်မက်သာဖြစ်
မက်ခွင့်ပေးရင်
သို့မဟုတ်....
မက်ခွင်ရခဲ့မယ်ဆိုရင်
တစ်ခေါက်လောက်ဖြစ်ဖြစ်ပေါ့.....မက်ဖူးချင်ပါရဲ့..။ ။

ရူးသွပ်ခြင်း......

အို.....
အသင်လောက......
သင့်ကိုတခါတရံ
လူသားတွေက..အပြစ်တင်တတ်ကြသလို
တခါတရံ
ချီးမွမ်းပြောဆိုတတ်ကြတယ်။

အချိန်.......
သင့်ကိုလည်း တခါတရံ
လူသားတွေက...ကုန်လွယ်လိုက်တာတဲ့
တခါတရံကျတော့
နှေးလွန်းလိုက်တာတဲ့။

အင်း.....ဒါပေမဲ့
လောကနဲ့အချိန်ဆိုတာ့
အရာနှစ်ခုကတော့
လူသားတွေရဲ့ ဝေဖန်မှု့တွေကို
ဘာမှမသိနိုင်ပါဘူး
သင့်တို့နှစ်ဦးရဲ့ခံစားမှုမျိုး
ကျွန်ုပ် ပိုင်ဆိုင်ချင်ပါရဲ့......


အိမ်မက်,စိတ်ကူး,မျှော်လင့်ချက်

စွဲလမ်းမှု့ရဲ့ ယာယီအဖော်ဆိုတာ
အိပ်ပျော်နေချိန် တစ်ခုတည်းအတွက်
မဟုတ်ခဲ့ရင်....
ငါ့နှလုံးသားဟာ
လေနှင်ရာအရောက်၊ကြွေခဲ့မှာမဟုတ်ဘူး။

လိုချင်ရခဲ့တဲ့
မသိစိတ်ထဲက လရိပ်တစ်ခုအတွက်
ရေတွေမခန်းခြောက်ခဲ့ရင်
ငါအတွက်...
ညအလှကောင်းကင်ဆိုတာ
ညစ်ထေးသွားခဲ့မှာ မဟုတ်ဘူး။

ဘ၀တစ်ခုရဲ့ ရှင်သန်ခြင်း
ကိုးဆယ်ကိုးနှစ်ပိုင်း တစ်ပိုင်းရာခိုင်နှူန်းဟာ
ငါ့ဆီရောက်မလာခင်
နိဂုံးချုပ်အဆုံးသတ်မှု့ရဲ့
စေခိုင်းရာ မဖြစ်ခဲ့ရင်
ပင်ယံထက်က ဥသြငုက်ရဲ့ တွန်သံဟာ
ငါ့ပါးပြင်ပေါ်...
ကူးစက်ခဲ့မှာ မဟုတ်ဘူး။

ခူးရက်၊ထားရက်ခဲ့ပြီး
တကယ်တမ်း
ခူးချိန်လွန်၊ရနံ့ပြယ်မှ
ရင်ထဲမှာမွှေးနေဆဲအထိ
မရည်ရွယ်ပဲ ရှိနေခဲ့ပြီလေ..
ဒါပေမဲ့......
ဘ၀ဆိုတာ ခဏလေးပါ
အဲ့ဒီဘ၀ဟာ...တကယ်တော့....
အိမ်မက် (သို့) စိတ်ကူး (သို့) မျှော်လင့်ချက်.....

သားဘ၀နဲ့ အမေ.......

ကိုးလလွယ်၊ဆယ်လမဖွားခင်
အစပ်တွေရှောင် အအိပ်ရှောင်လို့
စိတ်တွေရွှင်လန်း...
ဘ၀မရှိသေးတဲ့ သားကိုဝမ်းလွယ်
တစ်ချက်မငြိုညင်
ဒုက္ခကိုမေ့ အားတွေပြည့်လို့
အမေ.......
သားလူမဖြစ်သေးဘူးလေ။

လတွေနှစ်ပြောင်း နှစ်တွေနှောင်းလို့
ဘ၀အစလှုပ်ရှား
လူတကာကြားဝယ် အရွယ်ရောက်တော့
ဒါ...ငါ့သားစားဖို့
ဒါ...ငါ့သားဝတ်ဖို့
ဒါ...ငါ့သားစီးဖို့
ဒါ....ငါ့သားအတွက်တဲ့.....
အမေ......
အမေ့အတွက် စဉ်းစားအုံးလေ။

ပညာတွေတတ် လက်ဝယ်ဘွဲ့နဲ့
အချိန်ရောက်တော့
ဘ၀ရှေ့ရေးတင့်တယ်စေဖို့
တဖွဖွမှာကြား...
သားဘ၀မြင့်မှ၊သားဘ၀လှမှ
အမေ့ရွှင်လန်း
အမေ့ရင်ကိုအေးမြ..ကြည်လင်တယ်တဲ့
အမေ.......
အမေ့မှာရော..ဘ၀ရှိသေးတယ်လေ
မေ့နေခဲ့ပြီလား အမေ.....။

သိုဝှက်ဝေဒနာ.........

အခုလေးတင်
သာခဲ့တဲ့ လမင်း
တိမ်မဲတွေပြုံး
ရင်ထဲက အပူကြောင့်ပါ.......

အခုလေးတင်
ကြားခဲတဲ့ သံသာ
မခံသာနားထဲ
ညဉ့်ငုက်ငိုကြွေးသံလိုလို
ထပ်နေရှုက်သံ
ရင်ထဲက လွမ်းမောမှု့ကြောင့်ပါ...

အခုလေးတင်
မွှေးခဲ့တဲ့ပန်း
ခါးသီးရနံ့
လေညှင်းနှင့်အတူ
ဘယ်သူ့အတွက် မရည်ရွယ်
မွမ်းကြပ်လှောင်ပိတ်
တစ်ယောက်တည်းတွယ်တဲ့
ရင်ထဲက မျှော်လင့်ချက်ကြောင့်ပါ......

အခုလေးတင်
လန်းဆန်းတဲ့ နှလုံးသား
ဖြုတ်ခနဲ့ကြွေကျ
ပြန်ဆက်မရ၊တစ်စဆီမြေခ
လူတကာနင်းခြေ
ထောင့်တစ်နေရာ အကြည့်ရောက်
ရင်၌ပျော်ရွှင်
အနှေးဆုံး ခြေလှမ်း
ရလိုဆန္ဒနှင့်
ကောက်ယူအကြည့်
သွေးစွန်းကြေမွ သုံးမရတော့
တစ်ဆစ်ဆစ်နာကျင်
ပဲ့ကြွေ နှလုံးသား
ရင်၌ထွေးပွေ့
မလွှင့်ပြစ်ရက်
မသိမ်းဆည်းရဲနှင့်
ယခုအချိန်ထိတိုင်
ဘယ်အချိန်ထိအောင်
နှမြောတသစွာ
ဆုံးဖြတ်မရဲခဲ့......
ရင်ထဲကသူကြောင့်ပါ.......။

သိစေချင်လျက်.........

ရင်ထဲက ပန်းတစ်ပွင့်
တံခါးတံတိုင်းမဲ့...
သမုဒ္ဓယာကြောထက်
ကြာရှည်နစ်မြော
စုံ၊ဆန်သော်လဲ
သခင့်စိတ်ထဲ...
သိချင်သိ
သိချင်မှလဲသိမယ်။

ရင်မောစွာမျှော်လင့်.......
နှလုံးသားဝန်းကျင်ဆီ
သယ်ဆောင်ရာတလျှေက်.....
အကြင်နာအငွေ့အသက်
အစဉ်သာ ဖြတ်တိုက်ခတ်နေပေမဲ့....
သခင့် ပင့်သတ်ထဲ
ငြိချင်မှလည်း

တစ်ဆစ်တည်းသောမြှား
နှစ်ဝင်ရင်၌
ရှောင်ချိန်မရ
ဒဏ်ရာဗလာပွဖြင့်
နွယ်တစ်မျှင်၊မြက်တစ်ပင်သာသာ
ကယ်တင်ရှင်လိုတာ
သခင့်အတွေးထဲ....
ရှိချင်ရှိ
ရှိချင်မှလည်းရှိမယ်။

သို့တစေ
မသိ၊မငြိ၊မရှိချင်းထက်
တိုက်ဆိုင်မှူ့ တချိန်လောက်သာသာ
မသိကျိုးကျွန် မပြုရက်ခဲ့ပင်လျှင်
ကျေနပ်ပြီသခင်...။ ။

Wednesday, June 11, 2008

အ့မြင်မှန်(၇)

"တပ်မတော်" ဟူသည်ကား အဘယ်နည်း။နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် သာယာလှပရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး၊ ထိုနိုင်ငံ၏ ပြည်သူတို့၏ ဘ၀၊အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောက်ရှောက်ပေးသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ကျွန်တော့်တို့ မြန်မာတပ်မတော်မှာလည်း ထို့အတူပင်ဖြစ်သည်။ထို့အပြင် သမိုင်း ကြောင်းအရ ကြည့်မည်ဆိုပါကလည်း အချိန်ကာလ ရွေ့လျားခဲ့မှုကြောင့် ပြင်ပအသွင်အရ ပြောင်းလဲခဲ့သော်လည်း တပ်မတော်၏ ဦးတည်ချက်တွေက ပြောင်းလဲမှု မရှိပါချေ။ထိုဦးတည်ချက်သည်ကား မိမိတို့၏ အကျိုးကို မလိုလား၊တိုင်းပြည်နှင့် ပြည်သူတို့၏ ကောင်းကျိုးကိုသာလိုလားသည့် ခိုင်မာသော အရင်းခံ စိတ်ဓတ် ပင် ဖြစ်ပါသည်။


မြန်မာတပ်မတော်၏ သမိုင်းကား အစဉ်အလာကြီးမားခဲ့ပေသည်။ပုဂံခောတ်မတိုင်မီ ပျူခောတ်မှသည် ပုဂံ၊ပင်းယ၊အင်းဝ၊တောင်ငူ၊ညောင်ရမ်း၊ကုန်းဘောင်ခောတ်များမှအစ ယခုခောတ်ကာလတိုင်အောင် ပြည်သူ နှင့်မခွဲ တစ်သားတည်း "ပြည်သူ့ဘက်က တပ်မတော်" အဖြစ်တည်ရှိနေဆဲပင် ဖြစ်ပါသည်။တပ်မတော်သည် ခရစ်နှစ် ၉၄၆ ခုနှစ် မတိုင်မီ ပျူ၊ ဟန်မင်းဆက် ၃၀၀ တို့တွင် တောက်လင်ဝမ်၊ယခု တောင်တွင်းကြီးမြို့ အနီး၊ယှိလီယိ ယခု သီပေါမြို့၊ ၀န်းတော် ယခု ဟန်လင်းမြို့၊ မီနော့တောက်လိ ယခုဝတီးမြို့၊ တူမင်း ယခုမိုင်းမောရွာစသည့် တပ်မြို့များကို ဖော်ထုတ်နိုင်ခဲ့ပြီး တီကျယ်၊ တာ့လိမို၊ ကန်ထန်၊ မော့မူ စသည့် တပ်မြို့များကို ဖော်ထုတ် မရသေးချေ။သို့ဖြစ်၍ ခောတ်ပြိုင်တရုတ် ထန်မင်းဆက် သမိုင်းရာဇ၀င် ဖော်ပြချက်အရ မိမိတပ်မြို့၊ မိမိတပ်မတော်နှင့် ရပ်တည်ခဲ့ကြောင်း အခိုင်အမာပြောနိုင်ပေသည်။

ရှေးခောတ်ကာလ ဘုရင်မင်းများ စိုးစံစဉ်ကာလကတည်းကပင် မြို့၏ အင်္ဂါခုနှစ်ပါးသရုပ်၊ စစ်သူကြီးအင်္ဂါကိုးပါးသရုပ်၊ မင်းအင်္ဂါလေးပါးသရုပ် ဟူ၍သတ်မှတ်ထားကြောင်း မှန်နန်းရာဇ၀င် ပထမတွဲတွင် အခိုင်အမာဖော်ပြထားသည်။ထို့အပြင် ပျူခောတ်မှသည် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခောတ်တို့တွင်လည်း သူ့ခောတ်အခါ အနေအထားအရ စစ်ကိုဖွဲ့စည်းခဲ့ကြသည်။စစ်အင်္ဂါ ၆ ပါးဖြစ်သည့် စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စသည့်တို့ကို အခြေခံ၍ အကြပ်၊သွေးသောက်၊တပ်မှူး၊ဗိုလ်၊ တပ်မင်း စသည့်ဖြင့် ဖွဲ့စည်းပြီး၊ခံစစ်၊ ခွာစစ်၊ ချီစစ်၊ တိုက်စစ်ဟူသော စစ်သေနင်္ဂဗျူဟာ များကို ဖော်ဆောင်ခဲ့ပေ ရာ၊ ထိုအချက် များကိုကြည့်၍ မြန်မာနိုင်ငံသည် ရှေးပဝေသဏီ ကာလာကပင် တပ်မတော်တစ်ရပ် ဖွဲ့စည်း တည် ထောင်၍ မိမိအမျိုးကို ကာကွယ် စောင့်ရှောက်ခဲ့ကြောင်း သမိုင်းအထောက်အထားများနှင့် သက်သေခံနေ ပေသည်။

တပ်မတော်၏သမိုင်းကို လေ့လာကြည့်မည် ဆိုပါကလည်း ပုဂံခောတ် အနုရုဒ္ဓဒေ၀မင်းကြီး အနော်ရထာ လက်ထပ် ကျယ်ဝန်းလှသည့် နိုင်ငံတော်ကြီး စတင် သန္ဓေတည်၍၊တောင်ငူခောတ် ဘုရင့်နောင်ကျော်ထင် နော် ရထာ၏ စစ်ရေးအင်းအား အကြီးမားဆုံး နိုင်ငံတော်ကြီး ဖြစ်တည်ခဲ့ကာ၊ ထန်းလုံးတပ်မြို့လေးမှ တတိယ မြန်မာ နိုင်ငံတော်ကြီးကို ထူထောင်ပေးခဲ့သည့် အလောင်းမင်းတရားကြီး၏ စွမ်းရည်ပြည့်ဝမှု့များသည့် တိုင်အောင် ရှေးခောတ် တပ်မတော်ကြီးများ၏ စွမ်းရည်ပြည့်ဝမှုများ ကိုမှတ်သားရပေသည်။သို့ပါသော်လည်း ကုန်းဘောင် ခောတ် မြန်မာမင်းသီပေါမင်း လက်ထက်တွင် ထီးကျိုးစည်ပေါက် ထီးနန်းပျောက်ခဲ့ ရပေသည်။၁၈၈၆ ဇန်န၀ါရီလ ၁ ရက်နေ့မှ အစပြု၍ နှစ် ၁၀၀ ကျော်တိုင် သူ့ကျွန့်ဘ၀ ဖြစ်ခဲ့ရပုံများကို ကြည့်ခြင်းဖြင့် ထိုအချိန်က ခောတ်မှီ ခိုင်မာတောင့်တင်းသည့် တပ်မတော်တစ်ရပ် မရှိခဲ့ခြင်းကို သမိုင်းမှပေးသော သင်ခန်းစာတစ်ခုအဖြစ် ရရှိ ခဲ့ပေသည်။

ထို့နောက် ၁၉၃၉ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့သည့်အချိန် ဗြိတိသျှတို့၏ အင်အားချိနဲ့နေချိန်များတွင် လွတ်လပ်ရေးရရန် ကြိုးပမ်းနေသော အဖွဲ့အစည်းပေါင်းစုံမှ ပြည်သူ့ဘက်က ရပ်တည်ပေးမည့် တပ်မတော် တစ်ရပ်ကို ဖွဲ့စည်းခဲ့နိုင်ရန် ကြိုးပမ်းခဲ့ကြပါသည်။'တပ်မတော်အစ ရဲဘော်သုံးကျိပ'်ကဟုဆိုရိုး အတိုင်း သခင် အောင်ဆန်း ခေါင်းဆောင်ကာ ရဲဘော်သုံးကျိပ်တို့သည် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းသို့ သွားရောက်ကာ ဂျပန်တို့ထံမှ စစ်ပည်သင်ယူခဲ့ကြပါသည်။၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘောသုံးကျိပ်ဦးဆောင်သော လူငယ် ၂၀၀ ကျော်နှင့် ယခုတပ်မတော်၏ အစဖြစ်သော ဗမာ့ လွတ်လပ်ရေး တပ်မတော် (Burma Independance Army) ကိုဖွဲ့စည်း ခဲ့ကြသည်။ထိုမှတဆင့် စစ်ကြောင်းကြီး ၄ ကြောင်းခွဲကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်တို့နှင့် လက်တွဲကာ အင်္ဂလိပ်တို့အား မြန်မာမြေပေါ်မှ တိုက်ထုတ်ခဲ့ကြသည်။

၁၉၄၃ ခုနှစ်တွင် (Burmer Defence Army)ဘ၀ဖြင့် ဖက်စစ်တော်လှန်ရေးကို ပြင်ဆင်ခဲ့သည်။၁၉၄၃ ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်တွင် ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ)ကို ဗမာ့တပ်မတော်ဟု အမည်ပြောင်းခဲ့သည်။၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့မှစတင်၍ ဗိုလ်မှူးကြီးဗထူး ခေါင်းဆောင်ကာ အထက်မြန်မာပြည်တွင် ဖက်ဆစ်ကို စတင်တော်လှန်ခဲ့ရာမှ အစ၊ ၁၉၄၅ မတ်လ ၂၇ ရက်နေ့ အတိအလင်းစစ်ကြေငြာပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် တော်လှန်ရေးကြီးကို ဆင်နွဲခဲ့ကြခြင်းမှာ၊လူ လက်နက်၊ပြည်စုံခြင်းကားမဟုတ် အမျိုးကိုချစ်သောစိတ်သည်သာ အရင်းခံဖြစ်ပေသည်။

ဤသို့ဖြင့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့တွင် ပြည်သူတို့အတွက် လွတ်လပ်ရေးကြီးကို တပ်မတော်မှ အသက်၊သွေး၊ချွေး များစွာ စတေး၍ အရယူပေးခဲ့ပါသည်။ငုက်တို့၏ အင်အားသည် ကောင်းကင်၊ငါးတို့၏ အင်အားသည် ရေပြင် ဟုဆိုပါက အမိမြန်မာနိုင်ငံ၏ အင်အားသည် တပ်မတော်ပင် ဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အချုပ်အခြာအာဏာ ဆုံးရှုံးတော့မည့် အခြေအနေများစွာကို တပ်မတော်မှ အကြိမ်ကြိမ်ကယ်တင် ခဲ့ရသောကြောင့်ဖြစ်သည်။ထိုအခြေအနေများမှာ နဲ့ချဲ့တို့၏ သွေးခွဲမှူတို့ကြောင့် တိုင်းပြည်၏ စည်းလုံးညီညွတ်မှူ ပျက်ပြားကာ ရောင်စုံသူပုန်တို့၏ ရန်ကို ရင်ဆိုင်နေရချိန် ၁၉၅၈ တွင် တပ်မတော်က အိမ်စောင့်အစိုးရ အဖြစ် တာဝန်ယူထိန်းသိမ်း ခဲ့ရသည်။

ထို့ပြင် ၁၉၆၂ ဖယ်ဒရယ်မူကြောင့် နိုင်ငံတော်ကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲရတော့မည် အခြေအနေကို တော်လှန်ရေး ကောင်စီဟူ၍ နိုင်ငံတာဝန်ကို ယူခဲ့ရပြန်သည်။၁၉၈၈ နောက်ပိုင်းတွင်လည်း ပြည်တွင်း အခြေ အနေများကို ထိန်းသိမ်းရုံသာမက ဖွဲ့စည်းပုံအခြေခံ ဥပဒေဖော်ဆောင်ရေး အတွက်လည်း နိုင်ငံတာဝန်များကို ယူခဲ့ရပါသည်။၁၉၈၈ အရေးအခင်း ဖြစ်ပွားပြီးနောက် မင်းမဲ့စရိုက် လွှမ်းမိုးနေသော နိုင်ငံ အုပ်ချူပ်ရေး ယန္တားယားကြီးကို ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အသွင်အဖြင့် အခြေအနေဆိုးများကို ထိန်းသိမ်းခဲ့ရပါသည်။

တပ်မတော်သည် နိုင်ငံတော်၏ ငြိမ်ဝပ်ပိပြားမှုကို တည်ဆောက်ပြီးနောက် ၁၉၉၇ နိုင်ဝင်ဘာလ ၁၅ ရက် နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အသွင်ဖြင့် နိုင်ငံတော်အား အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခဲ့ရပေသည်။တပ်မတော်၏ စေတနာကား များလှပေသည်။ ကျွန်တော်တို့ တပ်မတော်သည် ကြေးစားတပ်မတော်မဟုတ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော ပြည်ထောင်စုဖွား တိုင်းရင်းသားတို့နှင့် တပေါင်းတည်း ဖွဲစည်းထားသည့် မျိုးချစ်တပ်မတော် ဖြစ်ပေသည်။ တပ်မတော်ကား အစဉ်အလားကောင်း (၁၂)ရပ်ကို ထိန်းသိမ်းစောင့်ရှောက်သည်။စွမ်းရည်သုံးရပ် ထက်မြက်၍ ဒို့တာဝန်အရေးသုံးပါးကိုလည်း ဦးထိပ်ပန်ဆင်ထားသည့် တပ်မတော်ဖြစ်သည်။တိုင်းပြည်နှင့် လူမျိုးအတွက် ဦးတည်ချက် (၁၂)ရပ်ကိုလည်း ချမှတ်ဖော်ဆောင် ပေးခဲ့သည်။အေးချမ်းသာယာပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ချီတက်နိုင်ရန်အတွက် နိုင်ငံတော်၏ မှူဝါဒလမ်းစဉ် (၇)ရပ်ကိုလည်း ရုပ်လုံး ဖော်လျက်ရှိရာ ပြီးခဲ့သည့် အမျိုးသားညီလာခံကြီးနှင့် ဆန္ဒခံယူပွဲကြီးကား သက်သေပင်ဖြစ်သည်။

ယခုအခါ အာဆီယံ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် စီးပွားရေး၊နည်းပညာနှင့် အခြား ကုန်သွယ်ရေးတို့တွင် ရင်ဘောင်တန်း ဆောင်ရွက်နေချိန်ဖြစ်သည်။သို့သော် ဤအခြေအနေမျိုးကို မမြင်လိုသည့် ဥရောပ နိုင်ငံအချို့၏ စည်းပွားရေး ပိတ်ဆို့မှူများ၊ တပ်မတော်နှင့်ပြည်သူကြား သွေးခွဲမှူများကို မသိမသာတစ်မျိုး၊ သိသိ သာသာတစ်မျိုး ဆောင်ရွက်နေကြပြီး၊ အသားထဲမှ လောက်ထွက်နေကြသည့် ပြည်တွင်းပြည်ပ ပုဆိန်ရိုးများ၊အနေအစား အချောင်ရ၍ လုပ်နေသော သံယောင်များ၏ ရန်ကိုလည်း အနီးကပ်ရင်ဆိုင် နေရသည်။ထိုအခြေအနေများကို တပ်မတော်နှင့် ပြည်သူလက်တွဲပြီး အမျိုးသားရေး အသိစိတ်ဖြင့် ကာကွယ် နေရပေမည်။ထိုမှသာ လွပ်လပ်ရေးကြီး အဓွန့်ရှည်မည် ဖြစ်သည်။

နိဂုံးချူပ်အားဖြင့်ဆိုသော ဧရာဝတီမြစ်ကြီး၏ ရေအလျဉ်သည် ရပ်တန့်မသွားနိုင် သကဲ့သို့ နှစ်ပေါင်း များစွာ တိုင်အောင် ပြည်သူနှင့် နိုင်ငံအကျိုးကို ကာကွယ် စောင့်ရှောက်ပေးခဲ့သည် တပ်မတော်၏ ခံယူချက်၊ ဦးတည်ချက်သည်လည်း ရပ်တန့်သွားမည် မဟုတ်ချေ၊သိုဖြစ့််၍ အနော်ရထာ၊ ဘုရင်နောင်၊ အလောင်းဘုရား တို့၏ ထက်မြက်သော တပ်မတော်များ၏ အမွေများကို လက်ဆင်ကမ်းရယူရင်း ပိုမိုအင်းအား တောင့်တင်းသော တပ်မတော်တစ်ရပ် ဖြစ်အောင်ကြိုးပမ်းရင်း နိုင်ငံနှင့်လူမျိုးအတွက် အသက်၊သွေး၊ချွေး ပေးဆပ်ရန် အမြဲ အသင့်ဖြစ်နေမည် ဖြစ်ကြောင်း ကိုတင်ပြရင်း အမြင်မမှားကြစေရန် တိုက်တွန်းလိုက် ရပေသည်။ ။

Saturday, June 7, 2008

အမြင်မှန်(၆)


ဒဲ့လုပ်နေသူများ ၊သိရဲ့သားနဲ့ မသိချင်ဟန်ဆောင် စီးပွားရေးအရ လုပ်နေနေသူများ ၊သူများယောင်လို့ လိုက်ယောင်နေတာပါ ဆိုတဲ့ လူများ၊အလုပ်မလုပ်ချင်ဘဲ အချောင်နေရင်း ဘ၀လေးတွေများ ပြောင်းမလားလို့ စောင့်နေတဲ့ ပေါကြောင်ကြောင် အတွေးတွေနဲ့ လူများ၊ရဟန်းသံဃာ အတုအယောင်များ၊စီးပွားရှာရင်း စီဘောက်တွေကို လုံခြုံရေးတာဝန် ယူထားသူများ၊အားလုံးဘဲ....ကဲသိတယ်နော် ပြည်သူတွေက ရွံရှာ နေပါ ပြီတဲ့။ကိုယ့်ဟာကိုယ်သိရင် အမြန်ဆုံး ပြင်ပေတော့နော်။

Friday, June 6, 2008

သိမှတ်စရာ(၅)

လာပြန်ပြီ လို့တော့ မပြာပါနဲ့။သူများပြောလို့ သိခဲ့တဲ့အရာလေးကို ပြန်ပြောပြချင်လို့ပါ။ကိုယ်ဟာကိုယ်လည်း စမ်းပြီးသွားပါပြီ ။ကွန်ပျူတာလေးကို အကောင်တွေ ကိုက်သွားပြီး antivirus နဲ့ရှင်းထုတ်လို့ ရပေမယ့်... folder options, Task Manager, Run Command, etc... တွေသုံးမရဘူး ဖြစ်နေတယ်ဆိုရင်တော့ အခုအောက်မှာ ပေးထားတဲ့ဟာလေးကို download လုပ်ပြီး ဖြေရှင်းကြည့်ပါ... ကွန်ပျူတာထဲမှာ ဖြစ်နေတဲ့ ပြသနာတွေကို အနီရောင်နဲ့ဖော်ပြပေးထားပါတယ်... ဥပမာ- Folder Options ပျောက်နေတဲ့ ကွန်ပျူတာမှာ ဆိုရင် Folder Options ကို အနီရောင်ပြပေးပါလိမ့်မယ်... Folder Options ပြန်ပေါ်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ ရှေ့မှာ ရှိတဲ့ check box မှာ အမှန်ခြစ်လေး ပေါ်အောင် click ခေါက် ပြီးရင် အောက်ဆုံးမှာ ရှိတဲ့ Remove ဆိုတဲ့ ခလုတ်လေးကို ထပ် click ခေါက်ပါ... သက်ဆိုင်ရာ ပြသနာကို ဖြေရှင်းပေးပြီးပါပြီ ကွန်ပျူတာကို restart လုပ်ရပါလိမ့်မယ် လာပြောပါလိမ့်မယ်... OK ကို ကလစ်လုပ်ပြီး Restart လုပ်ပြီးရင် (သို့) နောက်တစ်ခါ ကွန်ပျူတာ ပြန်တက်လာတဲ့ အချိန်မှာ ဖြစ်နေတဲ့ ပြသနာ ပြေလည် သွားပါလိမ့်မယ်... မပြေလည်ဘူးဆိုရင်တော့ ကွန်ပျူတာထဲမှာ Virus, Worm, Trojan, တွေရှိနေသေးလို့ ဖြစ်ပါလိမ့်မယ်...လိုချင်ရင်တော့ ဒီမှာ ယူပါ။စာဖတ်သူများ အသုံးဝင်မယ်လို့ ထင်ပါတယ်။


Thursday, June 5, 2008

အမြင်မှန်(၅)

စီဘောက်မှာ အမြင်မတော်တာတွေ တွေ့နေရလို့ နောက်ပိုစ့်တစ်ခု ထပ်တင် လိုက်ပါတယ်။မင်းတို့ဘာတွေ အဲ့ဒီလောက်တောင် မကျေနပ် ဖြစ်နေရလဲ ဆိုတာ နားမလည် နိုင်အောင်ပါဘဲ။မင်းတို့လို လူမျိုးတွေ အားလုံးပေါင်းရင် နိုင်ငံလူဦးရေ ၁၀ ရာခိုင်နုန်း မပြည့်ဘူး ဆိုတာ မင်းတို့ သိပြီးသားပါ။အများနဲ့ အနည်း ဘာလို့ လက်မခံဘဲ ကိုယ်ကျိုးရှာဖို့၊အတ္တကြီးစွာနဲ့ တိုင်းပြည်ကို အပုတ်ချ နေကြတာလဲ။နားမလည်နိုင် လောက်အောင်ပါဘဲ။မင်းတို့ တိုင်းပြည်အတွက် ဘာလုပ်ပြီးပြီးလဲ။ဘာတွေ အနစ်နာခံ ပြီးပြီးလဲ။မင်းတို့ လက်တွေ့ပြစရာ ရှိလား။မရှိပါဘူး။အချောင်နေရင်း ဘ၀လေးတွေ ပြောင်းမလားလို့ လိုက်ယောင်တဲ့ အဆင့်ဘဲ ရှိပါတယ်။တိုင်းပြည်ကို ချစ်တယ် ဆိုတဲ့လူက မင်းတို့လို တိုင်းပြည်ကို အပုတ်ချတဲ့ အလုပ်တွေ ဘယ်တော့မှ မလုပ်ဘူးကွ။မင်းတို့ တိုင်းပြည်တိုးတက်ဖို့ လက်ညိုးတစ်ချောင်း ပေးရဲလား။ဘယ်သူမှ မပေးရဲပါဘူး။အဲလိုမျိုး တောင်းဆိုရင် ရှူးချင်ဟန်ဆောင်ပြီး နားမကြားချင် ဟန်ဆောင်မဲ့ လူတွေကြီးပါဘဲ။

ယနေ့ကာလဆိုတာ မင်းတို့သိတဲ့ အတိုင်းလေ နိုင်ငံရဲ့ အနာဂတ် အလှည့် အပြောင်း ကာလ တစ်ခုကို ရောက်ရှိနေတယ်။ ဒီအချိန်မှာ မင်းတို့ကော်၊ ငါတို့ကော်၊ပြည်သူ တစ်ရပ်လုံးကော် ဆန္ဒစွဲ ၊ပုဂ္ဂိုလ်စွဲ၊ အတ္တအကျိုး စီးပွားစွဲ၊ တွေကို ဘေးဖယ်ထားပြီး အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်တတ်မှ အနာဂတ် ရွှေနိုင်ငံဆိုတာ ဖြစ်လာမှာလေ။မင်းတို့ ဒါကို နားလည်ဖို့လိုတယ်။မင်းတို့ကြောင့် ပြည်သူတွေပါ နားယောင်လာပြီး အုပ်စုတွေကွဲ၊ စိတ်ဝမ်းတွေကွဲ သတ်ကြဖြတ်ကြ၊နဲ့ ပြီးတော့ အနောက်နိုင်ငံတွေရဲ့ ပယောဂတွေပါ ၀င်လာပြီးတော့ အခြေအနေတွေ ပိုဆိုးလာရင် ငါတို့တိုင်းပြည်အတွက် ရွှေပန်းတိုင်ဆိုတာ ဝေးပြီးရင်း ဝေးနေမှာလေ။ဒါကို မင်းတို့ နားလည်တတ်ရမယ်။

လက်ရှိ တပ်မတော် အစိုးရကိုလည်း ကြည့်ပါအုံး။ဘယ်သူမှ ထိုင်နေတဲ့သူ မရှိပါဘူး။အကုန်လုံး အလုပ်လုပ် နေကြတာပါဘဲ။မင်းတို့ တိုးတက်ချင်တယ် ဆိုတာ နိုင်ငံတော်အကြီးအကဲတွေရဲ့ တိုးတက်ချင်စိတ်နဲ့ ယှဉ်ကြည့် ရင် ၁၀၀ပုံ ၁ပုံ မရှိပါဘူး။မင်းတို့ရဲ့ မကောင်းမြင် မျက်လုံးတွေကို ခဏ ဘေးဖယ်ပြီး ကြည့်ရင် အားလုံးကိုမြင်ရ မှာပါ။၁၉၈၈ မတိုင်မီနဲ့ နောက်ပိုင်းကို မင်းတို့ နှိုင်းယှဉ်ကြည့်ပါ။နိုင်ငံရေး၊ စီးပွားရေး၊ လူမှူရေး၊ အရာ အားလုံး ဟာတစ်ခြားစီပါ။အထူးသဖြင့် ပြည်တွင်း သောင်းကျန်းသူတွေရဲ့ ရန်တွေကို တပ်မတော်ကဘဲ အသက်ပေါင်း များစွာ စတေးပြီး ရင်ဆိုင် ဖြေရှင်းခဲ့ ရတယ်လေ။မင်းတို့ ထိုင်ပြီး ထတဲ့ အချိန် ရှေ့တန်း တစ် နေရာမှာ တပ်မတော်သား ပေါင်းများစွာ အသက်ပေး ပြီးသွားပြီး ဆိုတာ မင်းတို့ နားလည် စေချင် တယ်။မင်းတို့တွေလို မိသားစုတွေနဲ့ စီပွား အေးအေး ဆေးဆေးရှာပြီး ဘ၀တွေကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းရတဲ့ တပ်မတော်သား ဆိုတာ မရှိပါဘူး။ဒါတွေက ချီးကျူးစရာလား ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပေါ့လို့ မင်းတို့ပြောမှာပါ။ သိပါ တယ် ။ဟုတ်ပါ တယ် ဒါပေ့မယ် ကျောင်းသား ကျောင်းမှန်မှန် တက်တာ မဆန်းပေမဲ့ နှစ်တိုင်း ဆုရအောင် လုပ်နိုင်တာတော့ ချီးကျူးသင့်ပါတယ်။ဒါတွေကထားပါ မင်းတို့အပိုင်း။

နောက်တစ်ခု နာဂစ်တဲ့ မင်းတို့အနောက်အားကိုး မီဒီယာတွေကြောင့် ငါတို့လည်း ရသမျိုးစုံ ခံစားလိုက်ရတယ်။တစ်ခုတော့ ကျေးဇူးတင်ပါတယ်။ နာဂစ်ကို တပ်မတော် အစိုးရ လုပ်တယ်လို့ မပြောလို့။ မင်းတို့ တွေရဲ့ မကောင်းမြင်ဝါဒတွေကို ဘယ်လိုရှုင်းပြမှ အမြင်မှန်ရကြမှာလဲ။ပြီးတော့ တရုတ်နဲ့ မင်းတို့က ယှဉ် သေးတယ်။တရုတ်နဲ့ ငါတို့နဲ့က အခြေအနေချင်း မတူတာကို လူတိုင်းသိနေတာဘဲ။တရုတ်က ငါတို့နိုင်ငံထက် အစစ အရာရာ သာတာ ကလေးတောင် သိပါတယ်။ဒီမှာ ငါမင်းတို့ကို တစ်ခုပြောမယ် အင်ဒီုးနီရှားရဲ့ ဆူနာမီဟာ ၂နှစ်ကျော်ပြီးမှ ပုံမှန် လည်ပတ်နိုင်တာ မင်းတို့သိပါတယ်။အခုဆို တပ်မတော်ရဲ့ အကြီးအကဲ ကနေစပြီးတော့ အောက်ဆုံး တပ်မတော်သားတွေထိ၊နောက်ဆုံး ကြည်း၊ရေ၊လေ၊ ပေါင်းပြီးတော့ကို လုပ်နေတာ ဘဲလေ။ မျက်စီစုံ မှိတ်ပြီးတော့ မနေစေချင်ဘူးကွာ။နားလည် စေချင်တယ်။မင်းတို့ ပြောနေသလို ပြည်သူထဲက ၀င်ကြည့်ပါတဲ့၊ ဟုတ်ပါပြီ။ ငါဟာလည်း ပြည်သူထဲကနေ တပ်မတော်သား ဖြစ်လာ တာပါ။ ငါမိသားစု အားလုံးလည်း ပြည်သူပါဘဲ၊ဒါပေမဲ့ မင်းတို့လိုတော့ အနောက်အားကိုး ပြည်သူတော့ မဟုတ်ဘူး ပေါ့။ဒီလောက်ဆို နားလည်မယ်လို့ ထင်ပါ တယ်။

အခုဆို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးလည်း အောင်မြင်စွာနဲ့ ပြီးဆုံးသွားပြီ။ဒါဟာ ငါတို့နိုင်ငံရဲ့ အနာဂတ် ရွှေနိုင်ငံဖြစ်ဖို့ အပြောင်းအလဲတစ်ခုဆို မမှားပါဘူး။ဒါကို ပြည်သူတွေအားလုံး ၀မ်းသာနေတဲ့ အချိန်မှာ မင်းတို့ ၀မ်းနည်းနေတာကို စိတ်မကောင်းပါဘူး။မင်းတို့လို့ တိုင်းပြည်ကို ချစ်တယ်ဆိုပြီးတော့၊လမ်းတောင်လျှေက်ပြီး ချစ်ပြတဲ့ လူတွေ အနေနဲ့ ပိုပြီးတောင် ၀မ်းသာသင့်တယ်။စီးပွားရေးကို ထိခိုက်သွားလို့ ၀မ်းနည်းတာဆိုရင်တော့ ငါလည်းစိတ်မကောင်းပါဘူး။ငါတို့နိုင်ငံအတွက် ဒီနေ့နဲ့ မနက်ဖြန် မတူအောင်၊မနက်ဖြန်နဲ့ နောက်တစ်နေ့ မတူအောင် လုပ်နေတဲ့ အချိန်တွေမှာ၊ငါတို့ လက်တွေ မခိုင်မြဲရင်တောင်၊ မပြုတ်စေချင်တာ ရင်ထဲက စေတနာ ပါ။မဝေးတော့တဲ့ ၂၀၁၀မှာ ငါတို့ပြည်သူတွေ အားလုံး ပြုံးပျော် ကြရတော့မယ်။မင်းတို့လည်း အမြင်မှားတွေကို မှန်ကန်တဲ့ အတွေးတွေနဲ့ အစားထိုးပြီး ပြုံးပျော်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Tuesday, June 3, 2008

သိမှတ်စရာ(၄)

လာပြန်ပြီ သိပ်ဆရာ လုပ်တာပဲလို့တော့ မထင်ပါနဲ့။ကျွန်တော့်မှာရှိတဲ့ ဆော့ဝဲလ်လေးကို လိုအပ်တဲ့နေရာမှာ သုံးရအောင် ပေးချင်လို့ပါ။Folder Icon လေးတွေကို ပုံမှန်အရောင် မသုံးချင်ရင် အရောင်လေးတွေ ပြောင်းထားလို့ ရနိုင်တဲ့ ဆော့ဝဲလ်လေးပါ။အရာင်သာ မကပါဘူး တစ်ခြားပုံစံ လေးတွေလည်း ပါပါသေးတယ်။ကြိုက်သလိုသာ ကလိ ကြည့်ပါ။ဘယ်လို လုပ်ရမလဲ ဆိုတာတော့ မပြောတော့ဘူးနော် ပုံမှန်လုပ်သလိုဘဲ မို့လို့ပါ။Folder တစ်ခုကို Right Click ထောက်လို့ Mark ဆိုတဲဟာကို တွေ့ရင်တော့ ပြောင်းလို့ရပြီပေါ့။လိုချင်ရင် ဒီမှာ ယူနိုင် ပါတယ်။စာဖတ်သူများ အသုံးဝင်မယ်လို့ ထင်ပါတယ်။

Sunday, June 1, 2008

သိမှတ်စရာ(၃)

ကျွန်တော့်ရဲ ဗဟုသုတလေး တစ်ခုကို ထပ်ပြီး ဖြန့်ဝေချင်ပါတယ်။Windows Taskbar မှာ Time ဘေးမှာ ကို့နာမည်လေး ထည့်ချင်တယ် ဆိုပါတော့။အောက်ပါအတိုင်း အဆင့်ဆင့် လုပ်သွားပါ။

  1. Start - Control Panel မှ Regional and Language Options ကိုသွားပါ။
  2. Customize ကိုသွားပါ {English (United States)ရဲ.ဘေးမှ}။
  3. ထို့နောက် Time Tabကိုသွားပါ။
  4. AM,PM symbol နေရာမှာသင်ပေါ်စေချင်သော name ကိုထည့်ပါ။
  5. Apply,OKပေးလိုက်ပါ။သင့်ရဲ. name ကိုမြင်တွေ.ရ ပါလိမ့်မယ်။စာဖတ်သူ အားလုံး အသုံးဝင် မယ်လို့ ထင် ပါ တယ်။

သိမှတ်စရာ(၂)

LAN ထဲမှာ Hidden Folder ပြုလုပ်၍ file share ပြုလုပ်ခြင်းကို ကျွန်တော် နည်းနည်း ပြောပြချင်လို့ပါ။ အတော်တော်များများလည်း ဒီနည်းကို သိပြီးကြပြီ ဖြစ်မှာပါ ဘလော့ဂ် တစ်ခုမှာလဲ တွေ့ဘူးပါသေးတယ်။
မိမိကွန်ပျုတာကနေ တခြားကွန်ပျုတာတစ်ခုဆီသို့ lan ထဲမှာ file share ပေးချင်တယ်.။ ဒါပေမဲ့ အဲဒီ share ကို တခြားသူတွေကို မမြင်စေချင်ဘူး..။ တခြားသူတွေ copy မလုပ်စေချင်ဘူးဆိုရင် ဒီနည်းလေးနဲ့ hidden share လုပ်လို့ရပါတယ်။ သိပ်ပြီးခက်ခက် ခဲခဲတော့ မဟုတ်ပါဘူး ဖြစ်မှာပါ။ ပြုလုပ်နည်းကတော့..
- မိမိ share ပေးလိုတဲ့ folder name ရဲ့နောက်မှာ $ sign လေးထည့်ပြီးတော့ rename လုပ်ပေးလိုက်ပါ။
-ပြီးရင် အဲဒီ share ကို share လုပ်ပေးလိုက်ပါ။
ဒါလိုဆိုရင် အဲဒီ share ပေးထားတဲ့ folder ကို Network Places ထဲက view my workgroup computer ကပဲကြည့်ကြည့်၊ Run ထဲက computer name နဲ့ဖြစ်ဖြစ် IP address နဲ့ဖြစ်ဖြစ် ကြည့်တာနဲ့ share လုပ်ထားတဲ့ folder ကို မြင်ရမှာ မဟုတ်ပါဘူး..။
ဒီ folder ကို တဖက်ကွန်ပျုတာက ဖွင့်ချင်တယ်ဆိုရင်တော့ Run ထဲကနေ ဖွင့်လိုတဲ့ computer name (or) IP address ရဲ့ နောက်မှာ share folder name $ ကိုတိုက်ရိုက် ရိုက်ထည့်ပြီး ခေါ်ယူရပါမယ်.။ ဥပမာ.. share ပေးထားတဲ့ folder name က Data$ ပဲဆိုပါစို့..။ Run ထဲမှာ အောက်ပါအတိုင်း ရိုက်မှ မြင်ရပါမယ်..

ဒါဆိုရင် hidden share လုပ်ထားတဲ့ Data ဆိုတဲ့ folder ကိုအလွယ်တကူ ဖွင့်လို့ရသွားပါပြီ..။ စာဖတ်သူတွေ အသုံးဝင်ကြမယ်လို့ ထင်ပါတယ်.။

သိမှတ်စရာ(၁)

ကျွန်တော်သိသော ဆော့ဝဲလ်လေး တစ်ခုအကြာင်း ပြောပြချင်လို့ပါ။Spyware တစ်ခု အကြောင်းဆို ပိုမှန် ပါလိမ့်မယ်။ထိုဆော့ဝဲလ် အသုံးပြုထားသော ကွန်ပြူတာတစ်လုံးအား သုံးစွဲမိပါက ကိုယ်ရေး ကိုယ်တာ အချက် အလက်များ၊ chat ပြောဆိုမှုများ၊ password များအား အခြား မသက်ဆိုင် သူများထံ ရောက်ရှိသွားနိုင်သည် ကို သတိပြုသင့်ပါသည်။ထိုဆော့ဝဲလ်သည် spyware အမျိုးအစားဖြစ်ပြီး Golden Eye ပရိုဂရမ်တစ်ခု ဖြစ်ပါသည်။သုံးစွဲသူ ကွန်ပြူတာမှ ထွက်ခွာသွားသောအခါ ထိုသူမည်သို့မည်ပုံ အသုံးပြုသွားသည်ကို အစ အဆုံးပြန်လည် ကြည့်ရှုနိုင် ပါသည်။တစ်ခါတစ်ရံတွင်လည်း Network အတွင်း မိမိကွန်ပြူတာအား အဆင့်နိမ့် တိုက်ခိုက်ခြင်းမျိုး ရှိပါက ထိုကွန်ပြူတာ အမည်ကိုလည်း မှတ်သားပေးနိုင်ပါသည်။Keylogger softwar အမျိုးအစား တစ်ခုဆိုလည်း မမှားပါဘူး။တိုတိုဘဲ ပြောကြပါစို့။ GoldenEye Software အား download ရယူပါ။ ပြီးနောက် GoldenEyesetup.exe file အား ညွှန်ကြားချက် အတိုင်း Run ပါ။ပြီးရင်Desktop ပေါ်ရှိ GolednEye Icon အားဖွင့်ပါ။

General, Report, Monitoring, Option နှင့်About စသောTab များပါသောGoldenEye Window ပွင့်လာပါမည်။အထူးအတိပြုရန်မှာ General Tab အောက်တွင် (Invisible mode နှင့် Normal mode)တို့ပါရှိရာ Invisible mode ကိုသာရွေးချယ် ရပါမည်။ထိုမှသာ Desktop ပေါ်နှင့် start ပေါ်ရှိ GoldenEye Icon ကိုမမြင်တွေ့ ရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ထားခြင်းဖြစ် အဆိုပါ ပရိုဂရမ်ကို စက်တွင် သုံးစွဲထားကြောင်းကို Add/Remove Program တွင်လည်း မမြင် တွေ့ရမည် ဖြစ်သည်။ Report တွင်မှု မိမိ ထောက်လှမ်းထားသော အချက်များကို မြင်တွေ့ရမည် ဖြစ်သည်။

Mornitoring တွင်မိမိ ထောက်လှမ်းလိုသော အချက်များကို ရွေးချယ်နိုင်သည်။ Option တွင် မိမိ ကိုယ်တိုင်သိနိုင်သော Hotkey များကို သတ်မှတ်နိုင်သည်။မိမိ ကိုယ်တိုင်ကမှု Hotkey များအား မှတ်မိရန် လိုပါသည်။ထိုသို့ မဟုတ်ပါက ပြန်လည် ၀င်ရောက်ရန် မလွယ်ကူတော့ပါ။မိမိ စိတ်ကြိုက် ပြင်ဆင်ပြီး Hide အား Click လုပ်လိုက်ပါက Golden Eye သည် စတင် အလုပ်လုပ်ပြီး ထောက်လှမ်း နေပါသည်။မိမိ ပြန်လည် ကြည့်ရှူ လိုသောအခါ မိမိ တစ်ဦးတည်းသာ သိသော Hotkey ဖြင့်ဝင်ရောက် ကြည့်ရှူ နိုင်ပါသည်။အချက်အလက်များ သိမ်းဆည်းရာ Folder များသည်းလည်း သုံးဆွဲမှု့ အပေါ်မှုတည်၍ Hard Disk တွင် နေရာယူ လာပါသည်။ထို့ကြောင့် မလိုအပ်သည် များကို မကြာခဏ စစ်ဆေး ဖျက်ပစ်ရန် လိုအပ်ပါသည်။အသုံးပြု လိုပါက ဒီမှာ ယူနိုင်ပါသည်။အဆင်မပြေပါက ဒီနေရာ မှလည်း ရယူနိုင်ပါသည်။သို့သော ကျေးဇူးပြု၍ ကိုယ့်အတွက် သတိထား ဆင်ခြင် နိုင်ရန်နှင့် သူတပါးအား ဒုက္ခ မပေးမိရန် အကြံပေးလို ပါသည်။ကျွန်တော့်အား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် အကျိုးရှိသော နေရာများတွင် အသုံးချကြပါရန်............။

Saturday, May 31, 2008

အမြင်မှန်(၄)







နိုင်ငံတော် အကြီးအကဲရဲ့ မိခင်နဲ့မခြား ထားရှိသော စေတနာတွေအား ပြည်သူများ၏ အပြုံးပန်းတွေနဲ့ အတူ မြင်တွေ့ ရသည်မှာ အလွန်ပီတိ ဖြစ်မိပါသည်။ဗိုလ်ချုပ်မှုးကြီး၏ အားငယ်နေသည့်ဒုက္ခသည်များအား အားပေးနေသည့် မြင်ကွင်း များကို လက်ဆင်ကမ်းဝေမျှ လိုက်ရပေသည်း။အားလုံးဘဲ ကြည်နူးပျော်ရွှင် ကြပါစေ။

Thursday, May 29, 2008

ငါအိုသွားသောအခါ

စာမေးပွဲရှိလို့ ဘာမှစဉ်းစားလို့ မရသေးတာနဲ့ အမျိုးသား စာပေဆုရ စာရေးဆရာကြီး မင်းသူရိန် ရေးတဲ့ စာသားလေးတွေကို ပြန်လည် ဖောက်သည်ချ လိုက်ပါတယ်။ငါအိုသွားသောအခါ ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ပါ။ဖတ်ဖူး ကြပါလိမ့်မယ်။မလွှဲ မရှာင်သာ တွေ့ကြုံရမယ့် အရာတစ်ခုကို ဖတ်ရင်းဖတ်ရင်းနဲ့ ပိုမို သဘောပေါက်လာခဲ့ ပါတယ်။မိတ်ဆွေများ အားလုံး နားလည်သဘောပေါက် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ငါအိုသွားသောအခါတဲ့.............................................

ငါအိုသွားသောအခါ ငါဟာ အရင်ကငါ မဟုတ်တော့ဘူး။ ငါကို စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ငါ့ကို နားလည်ပေးပါ။

ချိနဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့ အခါ၊ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့ အခါ ငါကို မရွံပါနဲ့။ငယ်ငယ်တုန်းက ငါသင်ပေးခဲ့ တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောခဲ့ဘူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့ အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေကို အိပ်ရာဝင်တိုင်း မရိုးအောင်ပြောရင်း ချော့သိပ်ခဲ့ဖူးတာကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့ အခါ ငါကို မညိုညင်ပါနဲ့။ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့တဲ့ ပုံရိပ်လေးတွေကို မြင်ယောင်ပေးပါ။

ခောတ်သစ် နည်းပညာ သစ်တွေကို ငါမသိနားမလည်ခဲ့ရင် ငါကိုမလှောင်ပါနဲ့။ငယ်ငယ်တုန်းက 'ဘာကြောင့်' ဆိုတဲ့ မေးခွန်းတိုင်းကို ငါစိတ်ရှည်စွာ ပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကို ကူတွဲပေးပါ၊လမ်းလျှောက် သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက် သင်ခဲ့ပေးဖူးတာကို သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့ အခါ အချိန်ပေးပြီး စဉ်းစားခွင့် ပေးပါ။စကား အကြောင်းအရာတွေက ငါအတွက် အရေးမကြီးပါဘူး ဘေးကနေ ငါပြောသမျှကို နားထောင် ပေးရင်ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါကိုကြည့်ပြီး ၀မ်းနည်း မနေပါနဲ့။နားလည် ပေးပါ၊အားပေးပါ၊ အရင်တုန်းက လူ့ ဘ၀ တက်လမ်း အတွက် ငါလမ်းညွှန် ခဲ့သလို အခုအချိန်တွေမှာ ငါဘ၀နောက်ဆုံး အချိန်အတွက် အဖော်ပြု ပေးပါ။အချစ်နဲ့ အေးမြမှုတွေအတွက် ငါပြုံးပြုံးလေး လက်ခံမှာပါ။အဲဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါမေတ္တာတွေကို တွေ့ရမှာပါ။

Wednesday, May 28, 2008

အမြင်မှန်(၃)


ဒီနေ့ ကြေးမုံသတင်းစာ ဖတ်မိရင်းနဲ့ အတွေးတစ်ခု ပေါ်လာလို့ သတင်းစာထဲက အကြောင်းအရာ တစ်ခုကို မျှဝေလိုက်ပါတယ်။လက်ရှိ မြန်မာနိုင်ငံ ရေဘေးဒုက္ခသည် များကို စေတနာရှင် ပြည်သူများ လှူဒါန်းနေသည်းကို ၀မ်းပန်းတသာ မြင်တွေ့ရပါသည်။ ကိုယ်မတတ်နိုင်ပေမဲ့ သတင်းများကို ဖတ်ရ၊ကြားရ၊သိရ၊ သည်မှာ အလွန်ပင် ပီတိ ဖြစ်မိပါသည်။သို့သော် စေတနာ အလှူရှင်တွေ ချင့်ချိန်နိုင်စေရန် အကြောင်းအရာ တစ်ခုအား သတင်းစာထဲတွင် ဖတ်မိ၍ ပြန်လည် ဖော်ပြရေးသားခြင်း ဖြစ်ပါသည်။အလှူရှင် များသည် ပစ္စည်းများ ၊မုန့်များ ကို သူတို့သွားရာ လမ်းတစ်လျောက် လမ်းဘေးများသို့ ပစ်ချ လှူဒါန်းနေသည် ကို အားလုံးမြင်တွေ့ နေရပါသည်။လမ်းဘေး ၀ဲယာတွင်လည်း လူများစွာမှာ အလုအယက် ကောက်နေပါသည်။သူတို့ထဲတွင် အမှန်တကယ် ဒုက္ခရောက်နေသူများ ရှိသကဲ့သို့ မတော်လောဘသမားများလည်း ရှိပါသည်။သူတို့ ဘယ်သူဘယ်ဝါ ဆိုတာ ဘယ်သူမှတာဝန် မယူနိုင်ပါ။ သတင်းစားကို အလုပ်မအား၍ မဖတ်လိုက်ရသူများ နှင့် ဘိုးစဉ်ဘောင်ဆက် မုန်းနေတဲ့သူများ မည်သူမဆို မကောင်းမြင်မှုများကို ခဏဘေးချ၍ နီးစပ်ရာ အလှူရှင်များကို ပြန်လည်ဖြန့်ဝေပေး ပါရန် တိုက်တွန်းလိုက် ပါသည်။


(လှူဒါဘဲကွာ စေတနာပါရင် ပြီးတာဘဲ စောက်ပိုတွေရေး နေပြန်ပြီ။ကိုလည်း လှူနိုင်တာ မဟုတ်ဘူး။ဘယ်လိုလှူလှူပေါ့။ ဟူသောစကား များကို ကြိုတင်ကြားမိပါသည်။သို့သော် မတတ်နိုင်ပြီ။ ။)

အမြင်မှန်(၂)

နောက်ပိုစ့်တစ်ခုကို လောလောဆယ် မရေးသေးဘူးလို့ ဆုံးဖြတ်ထားပေမယ့် ကျွန်တော့်စာလေးကြောင့် အမြင်မှန်လေးများ စောစောစီးစီး ရပါစေတော့ဟု ရည်ရွယ်ပြီး တတ်မှတ်သလောက် ထပ်မံရေးသားခြင်း ဖြစ်ပါတယ်။ ကျွန်တော့် ဆီကိုဘယ်က မှန်းမသိသော မေးလ်တစ်ခု ၀င်လာခြင်းကြောင်လည်း ဖြစ်ပါသည်။မေးလ်ထဲတွင် ရေးထားသည်မှာ ရှင်းရှင်းလေး ၄ ကြောင်းထဲပါ။

'မင်းတို့ စစ်ခွေးတွေက သေနတ်ကိုင်ပြီး ဘာမှ မရှိတဲ့ ပြည်သူနဲ့ ဘုန်းကြီးတွေကို သတ်တယ်။မင်းတို့ ကိုယ်တိုင်ကျတော့ အနေချောင်လို့ စစ်တပ်ထဲ ၀င်ပြီး ပြည်သူ့ ပိုက်ဆံတွေ အလကား အချောင်စားနေတယ်။မင်းတို့ အရည်အချင်းမရှိဘူး ဆိုတာ မင်းတို့တွေ သိရဲ့သားနဲ့ အာဏာမြဲဖို့ အရေး ဒုက္ခတွေ ကြားမှာတောင် မျက်နှာလွှဲပြီး ဆန္ဒခံယူပွဲတောင် လုပ်လိုက်သေးတယ် ။သတ္တိရှိ ၊အရည်အချင်း ရှိရင် သေနတ်ဘေးချလိုက် ယှဉ်မယ်တဲ့။ '

ကျွန်တော်တို့ကို စစ်ခွေးဟု လူတိုင်းသုံးနှုန်း နေကြသည်မှာ မဆန်းတော့ပါ လူဆိုသည်မှာ မနိုင်ရင် နာအောင် ကြံဖန်ပြောခြင်းသာ ဖြစ်သည်။ကလေး အထာများ ဖြစ်၍ ခွင့်လွှတ်ပေး လို့ရပါသည်။သို့သော် သတ်တယ် ဆိုပြီး ဘာလို့ သုံးနှုန်းနေကြပါလိမ့်။နိုင်ငံ တစ်နိုင်ငံတွင် လက်ရှိအစိုးရ ထုတ်ပြန်ထားသော တည်ဆဲဥပဒေ ရှိပါသည်။ထိုဥပဒေကို ချိုးဖောက်၍ အရေးယူခြင်းမျှသာ ဖြစ်ပါသည်။တပ်မတော်သား များသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါသည်။မည်သူမျှ လူမျိုးတူခြင်း အပေါ် ရက်စက်လိုစိတ်မရှိပါ။ဘုန်းကြီးအစစ် များသည် နိုင်ငံရေး လုပ်စရာ အကြောင်းမရှိပါ။ဘုန်းကြီး ၀တ်ဖူးသူတိုင်းသိပါသည်။ဘုန်းကြီးများ လမ်းလျှေက်ခြင်း နှုန်းများမှ အစ ၀ိနည်းများတွင် ချပေးပြီးသားဖြစ်ပါသည်။ပိုပြီး နားလည်ရန် ဘုန်းကြီး အစစ်အမှန် တစ်ခါလောက် ၀တ်ကြည့်ပါရန် တိုက်တွန်းလိုက်ပါသည်။ပြီးတော့ အနေချောင်၍ စစ်တပ်ထဲ ၀င်သည်ဟု ပြောသည် ကိုတော့ စစ်ကားတစ်ကားလောက် အရင်ကြည့်စေချင် ပါသည်။ဝါသနာ မပါဘဲ နှစ်နဲ့ချီ ပင်းပန်း ဆင်းရဲဒဏ် ဘယ်သူခံမည်နည်း။များပြား လှစွာသော စည်းကမ်း များစွာထဲတွင် အနေချောင်စရာ အကြာင်းတစ်စက်မှမရှိပါ။ကလေးဘ၀ သေနတ်ပစ်တိုင်း ကစားဖူးလျှင်ပင် ပြေးရသည်မှာ မောပါ သေးသည်။စစ်သား ဘ၀သည် ကစားနေခြင်း မဟုတ်ပါ။ထမင်းစားနေသော လူအစစ်ဆိုပါက အခုလောက်ပြောလျှင် နားလည်လောက်ပြီ ထင်ပါသည်။အရည်အချင်း ဆိုတာဘာကိုပြောတာလဲ ဆိုတာ ကျွန်တော် တကယ် နားမလည်ပါ။ကိုသံတုတ်ရေးတဲ့ စာထဲကလို မှတ်ကျောက်တင်ဖို့ အတွက် နိုင်ငံ တစ်နိုင်ငံလောက် စိန်ခေါ်တိုက်ပြ ရမည်လား။တပ်မတော်၏ အရည်အချင်း တစ်ရပ်ကြောင့်သာ ဘယ်နိုင်ငံကိုမှ အခုအချိန်ထိ ပထွေးမခေါ်ရခြင်း ပင်ဖြစ်သည်။တပ်မတော်၏ ပင်ပန်းဆင်းရဲခံ ကြိုးစားခဲ့မှုကြောင့် မြန်မာနိုင်ငံ အစိတ်စိတ်အမွှာမွှာ မဖြစ်ခဲ့ခြင်း ပင်ဖြစ်သည်။လက်ရှိ အီရတ်တို့လို့ စစ်တလင်းဖြစ်နေသော နိုင်ငံ များကို သံဝေဂ ယူနိုင်ကြပါသည်။ဆန္ဒခံယူပွဲ ကိုပြဿနာတွေကြားမှာ လုပ်သည်ကို ပြောလိုကို မပြီးတော့ပါ။မိုင်နဲ့ချီ လမ်းလျှေက်ခိုင်းပြီး မဲပေးခိုင်း ခြင်းမဟုတ်ပါ ။အိမ်ထောင်ဘက် ရွေးချယ်သလို စဉ်းစားစရာ များစွာလည်း မရှိပါ။ကြိုက်ရင်ကြိုက်သည် မကြိုက်ရင် မကြိုက်သညိကို ရေးရုံဘဲ ဖြစ်ပါသည်။ကျွန်တော် ထင်ပါသည် အကယ်၍ နောက်ဆုတ် လိုက်ပါကလည်း အင်းမဲလိမ်လို့ မရသေးလို့ ဆုတ်တာ ဒီနေ့လုပ်မယ် ဆိုပြီး မုန်တိုင်းကို အကြောင်းလာပြ နေတယ်။စစ်ခွေး လူလိမ်တွေ ဟုပြောကြပါ ဦးမယ်။နားလည် ပေးလို့ ရပါသည်။သူတို့ ရဲ့စီးပွားရေး အလုပ်ကိုက ဒီအလုပ် ဖြစ်ပါသည်။၁ လို့ ပြောရင် ၂ လို့ မျက်စိစုံမှိတ် အော်မည်။၂ ဟုပြောပါက ၁ လို့ ပြန်အော်မည် ဖြစ်သည်။စားဝတ်နေရေး အတွက်လုပ်သည် ကိုနားလည် ပေးသော်လည်း၊ကိုယ့်နိုင်ငံ သိက္ခာ ကိုတော့ အနည်းငယ် ကြည့်သင့် ပါသည်။ကြိုက်ရာ ယှဉ်မည်ဆိုတာကတော့ မယှဉ်ချင်ပါ။ပြည်ဝင်ခွင့် ရအောင် အရင် လုပ်၍ ရွှေတိဂုံဘုရားကို မသေခင် ဖူးစေချင်ပါသည်။ပြီးမှ ဆက်ယှဉ်ကြတာပေါ့ ဟုဘဲ ပြောချင်ပါသည်။

Tuesday, May 27, 2008

အမြင်မှန်(၁)

ကျွန်တော်သည် ဘလော့ဂ်ကို စိတ်ဝင်စားသူသာဖြစ်ပါတယ်။အခုချိန်ထိအောင် ကောင်းကောင်းမွန်မွန် မလုပ်တတ်သေးပါ။ကျွန်တော် ရေးသော စာများကို အချိန်အားလျှင် ပြန်ဖတ်ကာ ကိုဟာကို ကျေနပ် နေတတ်ပါသည်။ကျွန်တော် ခံစား ရသည် ဖြစ်စေ၊ ကျွန်တော့် ဘေးမှ သူငယ်ချင်းများ ခံစားရလျှင် ဖြစ်စေ ကျွန်တော်သည် စာရွက်ပေါ်တွင် ချရေးတတ်ပါသည်။ငယ်ငယ် တည်းက အကျင်တစ်ခု ဖြစ်ပါသည်။ရေးစရာ မရှိပါက ကိုဖတ်ခဲ့ ဖူးသော် ဟာသလေးများ စာသားကောင်းလေးများကို လက်ရေးဖြင့် ပြန်ကူး၍ ဖတ်နေတတ် ပါသည်။ကျွန်တော် နိုင်ငံရေးကို စိတ်ဝင်စားသူတစ်ယောက်လည်း မဟုတ်ပါ။ဘလော့ဂ်များကို ဖတ်ရာတွင်လည်း စီဘောက်အား မဖတ်ဖြစ်အောင် ကျော်သွားတတ်ပါသည်။အာကုသိုလ် များ၍ ဖြစ်ပါသည်။သို့ရာတွင် ကျွန်တော်လက်ရှိ တာဝန်ထမ်းဆောင် နေသော် အဖွဲ့အစည်းအား မကောင်းမြင်ခြင်းကို လက်ခံသော်လည်း အပုတ်ချ၍ ဟုတ်သည်များကို မဟုတ်ရေးသားခြင်းကို တော့လက်မခံလို၍ ပြန်လည်ရေးသား ခြင်း ဖြစ်ပါသည်။အထူးသဖြင့် သူများနိုင်ငံတွင် အလုပ်လုပ်၍ အားလပ်ချိန် များတွင် အချိန်ကို အကျိုးရှိစွာ မြန်မာနိုင်ငံ နှင့် တပ်မတော် အားအပုတ်ချ နေသော် တိုင်းတပါးလက်အောက်ခံ များအား တတ်နိုင်သလောက် ပြန်လည် ချေပခြင်း ဖြစ်ပါသည်။ နာဂစ်မုန်တိုင်း ကြောင့် ဒုက္ခသည်များစွာ အား တပ်မတော် အစိုးရမှ တတ်စွမ်းသ၍ ကူညီဆောင်ရွက် နေသည်များကို မျက်စိပါ၍ စာဖတ်တတ်သူတိုင်း မြင်နေပါလျက် ဘာကြောင့် မျက်စိစုံမှိတ်၍ အော်နေကြသည်ကို ယခုတိုင် စဉ်းစားလို့မရ နိုင်ပါ။သတင်းစာများ တွင် နိုင်ငံတော် ၀န်းကြီးချူပ် နှင့် ဒုက္ခသည် များအား photoshop လုပ်၍ တင်ထားသည်ဟု ထင်နေလား မသိပါ။လူဆိုသည်မှာ ကိုယ်ပလတ်စတစ် တစ်ခုကောက်ပြီးမှ သူများ တံမြက်စည်း လှဲတာကို ဝေဖန်ရပါသည်။တိုးတက်သော နိုင်ငံပင် ဖြစ်စေ သဘာဝဘေးအား ရက်ပိုင်းလောက်တွင်း အချိန် ယူပြီး ပြန်လည် ထူထူထောင်ထောင် ဖြစ်လာအောင် လုပ်နိုင်စွမ်း မရှိပါ။ရှိပါသေးသည် သူများနိုင်ငံတွင် ဓတ်ပုံများအားကိုင်၍ ပိုက်ဆံတောင်းခံနေသော လူများလည်း ရှိပါသေးသည်။ထိုသို့ လုပ်စရာ မလိုပါ။အင်မတန် ရှက်စရာကောင်းပါသည်။ စေတနာပါ၍ လုပ်ခြင်း မဟုတ်ပါ။ဂွင်တည့်၍ နိုင်ငံနှင့် အစိုးရအား အပုတ်ချခြင်း ဖြစ်ပါသည်။မုန်တိုင်းတွင်း လူသေကြောင်း လူတိုင်းသိပါသည်။လူသေအလောင်းတွေ ကိုင်၍ ဓတ်ပုံများ ပြစရာ မလိုပါ။ပြီးတော့ ရှိပါသေးသည် ၁၉ နှစ်အရွယ် ကလေးမလေး နှင့် မျိုးချစ်လား ဖိုးချစ်လား မသိ ငပေါ တစ်ကောင် ထကြောင်ခြင်းကို ယုံကြည်တဲ့ လူက ရှိပါသေးသည်။နိုင်ငံ တစ်နိုင်ငံကို ကျူးကျော် ဖို့လွယ်တယ် ဆိုတာ သူတို့ပြောမှ သဘောပေါက်သွားပါတယ် ။သူတို့ထက် ဦးနှောက်ရှိတဲ့ လူတွေရဲ့ ဆုံးဖြတ်ချက် ဝေဖန်တဲ့ သူတွေက တစ်သိန်း ကြည့်တော့ ပြည်ဝင်ခွင့်တောင် ရအောင် မနည်းလုပ်နေရပါတယ်။မသိရင် မှတ်ထားနော် ရှင်းပြမယ် ။မြစ်ဝကျွန်းပေါ် ဆိုတာ သောင်းကျန်သူ အများဆုံးခို အောင်းတဲ့ နေရာတွေ ဖြစ်တယ်။မင်းတို့ ပထွေးတွေ ၀င်လာပြီး ပြန်ထွက်သွားလို့ လက်နက်ခဲယမ်းတွေ ကျန်ခဲ့၊ထားခဲ့ ။ပြီးတော့ သောင်းကျန်သူတွေ နဲ့ ၊မင်းတို့ စဉ်စားကြည့်လေ။ပြဿနာတွေ ဘယ်လောက် ရှင်းရမလဲသိလား။အဲဒီအခါကျရင် မင်းတို့ဘဲပြန်ပြောဦးမယ် နအဖ ကလည်း အသုံးမကျဘူး ဆိုပြီး၊ ပြဿနာကလည်း တစ်ခုပြီးတစ်ခု လာနေတယ် ဆိုပြီးတော့ မင်းတို့ ပါးစပ်တွေဘဲ လေ အခုတစ်မျိုး တော်ကြာ တစ်မျိုး ။ပြီးတော့ နေနတ်နွယ် ဆိုတဲ့ ပေါတောတောကောင် တစ်ကောင်လည်း ရှိသေးတယ်။သူအလုပ်က သူများပို့စ်ကို သတ်ပုံစစ်မယ် ၊ပြီးရင် သူများ အထင်ကြီးအောင် အပြစ်လိုက် ရှာမယ် ။ခွေးတောင် စာရိုက်တတ်ရင် ရိုက်လို့ရတဲ့ စီဘောက် က လူတွေ ကို တစ်နေကုန်တစ်နေခန်း ရှင်းပြမယ်။ပြီးရင် သူအပေါင်းအပါတွေက ကောင်းတယ် ပြောရင် သူမှာပျော်လို့ ၊ကျေနပ်ပြီး နောက်ထပ်အမှားတွေ ရှာမယ်။ဒါပဲ သူတတ်တယ်။့ အငြိမ့်ကတဲ့ လူရွင်တော် အဆင့်သာသာပေါ့။ ပြီးတော့ ကြောက်ကကြောက်တတ် သေးတယ်။ရုရှားကို မရည်ရွယ်ပါဘူး ဆိုပြီး သူရေးတဲ့ ပိုစ့် ရုရှားနဲ့ လွတ်တ်ာတစ်ခုမှ မရှိဘူး။အမေရိကန်ကို အထင်ကြီးတာလည်း သူအပြင့် မရှိဘူး။မြန်မာနိုင်ငံ ကိုအထင်သေးတာလည်း သူအပြင် မရှိဘူး။တရုတ်နဲ့ ကိုရီးယားတို့ ကိုတော့ ဖားတတ်တယ် ။ဒီကောင် မဆိုးဘူး။ပြီးတော့ ရှိသေးတယ် စစ်သား သူဟာသူလုပ်တာ အသက်မွေးဝမ်းကြောင်းတွေ အများကြီး ရှိရဲ့သားနဲ့ ဖင်ယားလို့ပေါ့ သူပြောချင်တာ ။ဒီကောင်လို ကောင်မျိုးတွေ ကြီးဘဲဆို စစ်တပ် စစ်တိုက်ဖို့ မပြောနဲ့ စစ်ရေးပြတောင် လုပ်လို့ ရမှာ မဟုတ်ဘူး။ဒီကောင် အကြောင်းတွေ ပြောရင် ကုန်မှာ မဟုတ်တော့ဘူး။စာမေးပွဲရှိသေးလို့ ရပ်တော့မယ်။ထပ်ပြောမယ် ကြိုက်တာရေးလို့ ရတယ်။ပုံမလာရင်တော့ ပြန်ရေးမှာဘဲ။ပုံလာတာလည်း တစ်ခုမှ မရှိသေးဘူး။အခုထက်ထိတော့ စောက်ပိုတွေကြီးဘဲ။နေနတ်နွယ် လိုတော့ သူများပို့စ် အလွတ်ကျက်ပြီး ၁၀ ပိုစ့် လောက်မရေးဘူး ။တစ်ခုလောက်ဘဲ ပြန်ရေးနိုင်မယ်။မင်းတို့လို အားအားယားယားမဟုတ်လို့။

(ဆဲချင်တဲ့ လူများရပါပြီ။သတ်ပုံစစ်ချင်လည်း စစ်လို့ ရပါပြီ။ပြီးရင် စီဘောက်မှာ အဆင်အတန်းပြပါ။)

Thursday, May 15, 2008

ကံဆိုးမိုးမှောင်ကျတဲ့နေ့

လူတစ်ယောက် Bar ကောင်တာထိုင်ပြီးအရက်ခွက်ကို ကိုင်ပြီးကြည့်နေတာ နာရီဝက်လောက် ရှိသွားပြီ .. အရက်ခွက်ထဲက အရက်တွေကို စိုက်ကြည့်နေလိုက် ပြန်ချလိုက် တွေးလိုက်နဲ့.. ။ ဒီအချိန်မှာ လူတစ်ယောက် သူ့အနောက်နား ရောက်လာပြီး သူ့သောက်လက်စ ခွက်ကိုလှမ်းယူလိုက်သည် .. နောက် အရက်ခွက်ကို မော့ချလိုက်သည် ။ အဲ့လူကြီးရဲ့အပြုအမူကိုကြည့်ပြီး သူ ရှိုက်ကြီးတငင် ကိုငိုတော့တာပဲ ။ အဲ့ ဒီ လူကြီးက သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားသည် ။ နောက်လူကြီးက ………

` လာ .. ကောင်လေး .. မင်းကို ငါထူးဆန်းတာပြမယ် … ´

`ရော့ဒီမှာ . မင်းအတွက်ငါ အရက်တစ်ပုလင်းဝယ်ထားတယ် ရော့ .. မင်း ငိုမနေနဲ့ မင်းငိုနေတာ ငါ့စိတ်ထဲမကောင်းဘူး မခံနိုင်ဘူးကွာ .. ။

`ဗျာ .. ကျွန်တော် ငိုချင်လို့ငိုတာမဟုတ်ပါဘူးဗျာ .. ဒီနေ့ ကျွန်တော် အိပ်ရာထနောက်ကျတယ် .. ဒါကြောင့် ရုံးနောက်ကျတော့ ရုံးမှာ သူဌေးက ကျွန်တော် ကို ဆူတယ် .. ညနေရုံးဆင်းတော့ စိတ်ညစ်တာနဲ့ အိမ်ကို စောစောပြန်မယ်လို့ ဆုံးဖြတ်ပြီး ကားရပ်နားတဲ့နေရာကိုထွက်လာတာ … ကျွန်တော် ကားထားတဲ့ နေရာရောက်တော့ ကျွန်တော့်ကား မရှိတော့ဘူးဗျာ .. ။ ကားအခိုးခံလိုက်ရတယ် .. ။ အဲ့ဒါရဲတွေကို သွားအကူအညီတောင်းတာ သူတို့လည်းဘာမှမတတ်နိုင်ဘူးလို့ ပြောပြီး ကို့ကားကိုတောင် ကောင်းကောင်း မထိန်းသိမ်းဘူးဆိုပြီး ကောလွှတ်လိုက်တယ် ။ နောက် ကျွန်တော်လည်း ဘာမှ မတတ်နိုင်တာနဲ့ Taxi ငှားပြီး ပြန်လာခဲ့ရသည် ။ အိမ်ရှေ့လည်းရောက်ကော ကားပေါ်က ဆင်းပြီးတော့ အိမ်တံခါးပေါက်ရှေ့ လည်း ရောက်ရော Taxi ပေါ်မှာ ကျွန်တော် ပိုက်ဆံအိပ် ပါသွားတာ သတိရလိုက်သည် ။ နောက် လှမ်းကြည့်လိုက်တော့ Taxi က စထွက် ခါစပဲ ရှိသေးတယ် ။ အဲ့တော့ ကျွန်တော်လည်း Taxi Driver ကိုခဏနေဦးလို့ လှမ်းပြီးအော် လိုက် ကော Taxi Driver က ကျွန်တော့် ကို ပြုံးပြီးကြည့်ပြီး မောင်းထွက်သွားသည် ။ နောက်ကျွန်တော်လည်း အိမ်ထဲ ကို စိတ်ညစ်ညစ်နဲ့ ၀င်လာခဲ့သည် ။ အိမ်ထဲရောက်တော့ အားလုံးတိတ်ဆိတ်နေသည် ။ ဧည့်ခန်းအကျော် နားလည်းရောက် ရော ကြမ်းပြင်မှာ အ၀တ်အစား အတွင်းခံ တွေပြန့် ကျဲနေသည် ။ သူ့ စိတ်တွေချောက်ခြား သွားသည် ။ နောက် အ၀တ်စားတွေ ရဲ့ လမ်းကြောင်းတွေက သူ့ အခန်းထဲ ဆီကို ညွှန်းနေသည် ။ သူလည်း အခန်း နားကို ကပ်ပြီးချောင်းလိုက်ကော သူ့ခေါင်းတစ်ခု လုံး မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရသည် ။ အခန်းထဲမှာ သူ့ခန့် ထားတဲ့ ခြံစောင့် နဲ့ သူ့၏ ချစ်လှစွာသော သူ့မိန်းမ တို့နှစ်ယောက် ချစ်ရည်လူးနေ ကြသည့် မြင်ကွင်း ။ နောက် ကျွန်တော်လည်း သည် Bar Counter ကို ထွက်ခဲ့ပြီး ဒီကမ္ဘာ မှာသူ့လောက် ကံဆိုးတဲ့ လူရှိမှာ မဟုတ်ဘူး လို့ တွေးပြီး ကိုယ့်ဘာသာကို အဆုံးစီရင်ဖို့ အဆိပ်ခွက်ကို ကိုင်ပြီးသောက် ဖို့ အားယူနေတာ အခု ကြားထဲက အကို က ကျွန်တော့် ခွက်ကို ၀င်သောက်လိုက်တယ်ဗျာ ။ စဉ်းစားကြည့် စမ်း ကျွန်တော့်လောက် လောကမှာ ကံဆိုးတဲ့လူ ရှိဦးမလားဗျာ .. ။

သူ အဲ့လိုလည်း ပြောလိုက်ရော .. သူ့အရက်ခွက်ကို သောက်လိုက်တဲ့ လူကြီးက အရက်ခွက်ကိုကြည့်လိုက် သူ့ကိုကြည့်လိုက်နဲ့ …… နောက် မျက်လုံးကြီး ပြူးပြီး.......................

ရယ်မော ပျော်ရွှင်နိုင်ရန် ကိုလူလိမ်ဆီမှ ကူးယူဖော်ပြသည်။

Thursday, March 27, 2008

မှတ်သားစရာ

ရေကိုပိုင်းဖြတ်၍ မရဟု ပြောသောသူသည် ရေကို ခဲအောင်ပြုသော အတတ်ကို မသိသူဖြစ်သည်။

ဘီလီဂေးဒွန်


တွင်းချိုင့်များ မရှိသောလမ်းသည် ခရီးသွားရန် ထိုက်သော လမ်းအဟုတ်ချေ။

ဂျွန်ဟူးအား


ရင်ထဲတွင် သင်မည်သို့ ခံစားနေရသည်ဖြစ်စေ အပြုံးတစ်ပွင့် ဆင်ထားပါ။

စကားပုံ


အိုးလွတ်များ ပို၍ အသံမြည်သည်။

စကားပုံ


အတန်းထဲတွင် အတော်ဆုံးသည် လောကထဲတွင် အတော်ဆုံး ဖြစ်ခဲသည်။လောကတွင် အတော်ဆုံးသည် သူ့အတန်းအစား ထဲတွင် အကောင်းဆုံး ဖြစ်ခဲသည်။

အမည်မသိ


ချိုသာခြင်းကို ကောင်းသည်ဟုဆိုကြသည်။သို့သော် အချိုဓတ်က သွားကိုက်စေတတ်ကြောင်း အမှတ်ရပါ။

ဘော့ဒလန်


ခွင့်လွှတ်ခြင်းသည် မေ့ပျောက်ခြင်းထက် လွယ်ကူသည်။

အမည်မသိ


သေးငယ်သော ကျောက်စရစ်ခဲသည် ကြီးမားသော ရေဂယက်ကို ထစေနိုင်သည်။

အယ်ဗွန်ဆို


သဲပြင်ပေါ်တွင် တည်ဆောက်သူသည် သူ့ဆောက်အဦး ပြိုကျမှုကို လက်ခံ ရမည်။

ပေါလ်


အေးအေးဆေးဆေး နေပါ။သင်လောကကို မည်သို့ ရင်ဆိုင်သည် ဖြစ်စေ သင့်သက်တမ်း ကုန်သည့်အထိ သင်နေရမည်ပင်။

စတီဗင်အက်တာ


အမှောင်နှင့်အလင်းကို ဖန်တီးနိုင်သော်လည်း ညနှင့်နေ့ကို မဖန်တီး နိုင်သော သင်လူသား ဘ၀င်မမြင့်ပါနဲ့။

တမိုသီဘရောင်း


မိမိကိုယ်မိမိ ကွပ်ကဲရန် အစွမ်းရှိသူတို့သာလျှင် တစ်ပါးသူကို ကွပ်ကဲရန် အစွမ်းရှိသည်။

သြဂပ်စတင်း


ထာဝရတည်သော စကားလုံးများဖြင့် စကားပြောဆိုပါ။

အမည်မသိ


တစ်ခါတစ်ရံ မချောကိုရသူသည် ကိုကျည်းတန် ဖြစ်တတ်သည်။

ကလဲရင့်ဟောင်း


ဝတ်စားဆင်ယင်ပုံသည် သင့်ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြသည်။

ဆူဆန်ပတ်ခ်


သင် မပြုပြင်နိုင်သော အရာကို မချိုးဖျက်ပါနှင့်။

မလေးရှားစကားပုံ


သင်အမှတ်ရသည့် အရာများသည် လောကတွင် သူတစ်ပါး အမှတ်ရသည့် အရာများလောက် အရာမ၀င်ချေ။(အကြွေး..)

မိုက်ကလ်ရိုဆဲလ်

ဘ၀နှင့်လူ

လူတိုင်း၏ ဘ၀တွင် အခွင့်အရေးသည် သုံးချိန်သုံးခါ တံခါးခေါက်သည်။

အမည်မသိ


ဝေဒနာခံစားရခြင်းသည် ဘ၀၏ အစိပ်အပိုင်း တစ်ခု ဖြစ်သော်လည်း မည်သည့်အခါမှာမှ သူတပါး၏ အသည်း ကို မခွဲပါနှင့်။

ဆောဆာ အာမီနီ


သတိရတတ်ပါ၊မေ့လျော့တတ်ပါ၊အဘယ်ကြောင့်ဆိုသော် ဘ၀တွင် အချို့အရာများမှာ အမှတ်ရထိုက်ပြီး၊အချို့ အရာများမှာ မေ့လျော့ထိုက်သည်။

ရစ်ချတ်ဘတ်


ဘ၀သည် နှင်းဆီဥယျဉ်တစ်ခု မဟုတ်ချေ။

အမည်မသိ


ဘ၀အချိန် အလွန်နှောင်းသောအခါမှ လူသည် သူလျှေက်သင့်ခဲ့သည့် ပိုကောင်းသောလမ်းကို မြင်လေ့ရှိသည်။

အာဒမ်စမစ်


လူအလူနအဖြစ် နေမည်အစား သေသော်မှ ကောင်း၏။

သြဂတ်စတင်း


မည်သည့်သက်ရှိလူသားမှ အပြစ်ကင်းသည့် စင်းလုံးချော ဘ၀ မနေဘူးချေ။

နာသန်နရယ်ဟောသရွန်


ပျော့ညံ့သူအတွက်ဘ၀သည် ၀န်ထုပ် ဖြစ်သည်၊ကြံခိုင်သူအတွက် ဘ၀သည် စိန်ခေါ်ချက်ဖြစ်သည်။

ရန်ဒေါ့လ်ချာချီ


ကြီးမြတ်သော ပုဂ္ဂိုလ်များ ဖြစ်စေ သာမန်လူများပင် ဖြစ်စေ လူတိုင်းသည် တစ်ဘ၀စာမျှသာ အသက်ရှင် နေထိုင်စွမ်းရှိသည်။

တီအီလောရင့်ဇ်


လူတိုင်းအတွက် ကောင်းဆုံးရေမွေးက နာမည်ကောင်း တစ်ခုပင် ဖြစ်သည်။

ဒန်နရယ်စတီဗင်


လူသည်ငွေကို ဖန်တီးပြီး ငွေ၏ကျွန် ဖြစ်လာခဲ့သည်။

ချားလ်ဂွတ်ယား


စကနာ ဦးကပင် ယောက်ျားသည် မိန်းများ၏ အမောင်းကို ခံလာခဲ့ ရပေသည်။မိခင်၊ ဇနီး၊သမီး၏ အမောင်းကို ခံလာခဲ့ ရပေသည်။

ဂျိုးဇက်ဂျေ လပ်ဆက်ခ်


သူကြွယ်၏ ဟာသသည် အမြဲတစေ ရယ်စရာ ကောင်းသည်။

သောမတ်စ်အက်ဒ၀ပ်ဘရောင်း


ကျေက်မျက်ကို ပွတ်တိုက်မှု မပြုဘဲ အရာင်တင်၍ မရချေ၊ထို့အတူ လူကို စမ်း သပ်မှု မပြုဘဲ ပြည့်ဝအောင် ပြု၍မ ရချေ။

တရုတ်စကားပုံ


အချို့သောသူများသည် ထူးထူးခြားခြား ထုံအရန် ပါရမီ ရှိသည်။

ဂျင်းလာဗိုက်ဆော့

အချိန်

မည်သည့်အခါမှာမှ ရှုံးနိမ့်မှုကို လက်မခံပါနှင့်.သိုသော် နောက်ဆုတ်သင့်သည့် အချိန်ကိုသိပါ။

ရောဘတ်စီဘရောင်း


အချိန်နှင့် ဒီရေသည် လူကို မစောင့်။

အမည်မသိ


အချိန်ဖြုန်းတီးမှု ကို ပြစ်မှု တစ်ခု ကျူးလွန်သည့် အလား ပြုကျင့်ပါ။

ဂျော့စ်ဆမ်မြူလ်


အချိန်သည် အကောင်းဆုံး သမားတော် ဖြစ်သည်။

လူးဝစ်ဒီဘေးစ်


အောင်မြင်သောသူများသည် အချိန်ကာလကို အကောင်းဆုံး အသုံးချ ခဲ့သူများဖြစ်သည်။

ဂျော့ခ်ပက်တွန်


အချိန်သည် ကျွန်ကောင်းဖြစ်သောလည်း သခင်ဆိုး ဖြစ်သည်။

အမည်မသိ


ကလေးငယ်တစ်ဦး နှင့် ကစားရင် အချိန်ပေး နိုင်သူသည် မည်သည့်အခါမှာမှ မိတ်ဆွေချို့တဲ့မည် မဟုတ်ချေ။

အယ်ဖရက်လိုနာ

အသည်းနှလုံး

မည်သည့်အခါမှ စိတ်ဓတ်မကျပါနှင့်။နေ့တစ်နေ့ဆိုတာ ရှိစမြဲပါ။

ကောနီအက်စပီနာ


အသည်းနှလုံး တည်ရာသည် အိမ်မက်ဖြစ်သည်။

အမည်မသိ


ကွာဝေးနေမှုသည် အသည်းနှလုံးကို ပို၍ မြတ်နိုးတတ်စေသည်။

အမည်မသိ


အသည်းနှလုံးသည် စိတ်ထက်ပို၍ လွယ်ကူစွာ ခွင့်လွှတ်သည်။

ဂျိမ်းစ်ကော်လင်း


ပစ်ပယ်ခံရသော အသည်းနှလုံး၏ ဒေါသကို မည်သည့်အခါမှ ငြမ်းသတ်၍ မရချေ။

စတူကော့စ်တယ်လို


သင့်အား အသည်းနှလုံးမရှိဘဲ နေထိုင်ခွင့် ပေးမည်ဆိုလျှငိ ယူလိုက်ပါ။သင့်ဒုက္ခများ ထက်ဝက်လျော့ပါး သွားစေမည်။

ဂျိုးဇက်ရိဒ်


အသည်းနှလုံးကို အလွက်တကူ ပေးလိုက်သူသည် အသည်းနှလုံးကို ဆိုးဝါးစွာ ဆက်ဆံခံရသည့် အဖြစ်ကို မလွှဲမသွေကြုံရမည်။

အမည်မသိ


အချစ်သည် အသည်းနှလုံးကို အမြဲ အဟာရ ဖြည့်ပေးသည်။

အက်စ်နက်စဆန့်ဖို့


ဘ၀တွင် အသည်းနှလုံးကို အမြဲတစေပင် စိတ်အသိက ချုံခို တိုက်ခိုက်ရန် ကြံနေတတ်သည်။

ဂျိုးနာသန်ဖူးလ်ဟမ်း


အသည်းနှလုံးသည် သူဆင်းရဲ သူချမ်းသာ ကိုမမြင်ချေ။

အမည်မသိ

အချစ်

အချစ်သည် ငယ်ရွယ်သူတို့အတွက် အိပ်မက်ကောင်း၊အိုမင်းသူတို့အတွက် အိပ်မယ်ဆိုး ဖြစ်သည်။

အမည်မသိ


အချစ်စစ်သည် မည်သည်အခါမျှ ပြေညက်စွာ ဖြစ်ထွန်း သည်ဟု မရှိချေ။သို့တိုင်အောင် ယင်းခံထားရသော အသည်းနာမှုများနှင့် မျက်ရည်များ တွေသာ ပါသည်။

အမည်မသိ


အချစ်သည် လူတို့ ၀မ်းမြောက်ဝမ်းသာ ထမ်းပိုးသော ၀န်ထုပ် ဖြစ်သည်။

ဂျော့ခ်သြဂတ်စ်


တစိမ်းကို မည်သည့်အခါမှ မချစ်ပါနှင့်

စကားပုံ


အချစ်သည် မည်သည့်အခါမှ ထာဝရ မတည်ချေ။လစန္ဒာ ကဲ့သို့ပင် ဆန်းတစ်ခါ ဆုတ်တစ်လှည့် သွားသည်။

ဒယ်နစ်ရောဘင်စ်


အချစ်သည် ထာဝရတည်ရှိကြောင်း အရူးအမိုက် များသာယုံကြည်သည်။

တေလာကလက်ဝဲလ်


လူတိုင်းလူတိုင်းသည် သူ့အချစ်ဇတ်လမ်းသာ မဟာအချစ်ဇတ်လမ်း ဟု ထင်တတ်သည်။

အဒ်မွန်အက်ဘေး


အချစ်ပြင်းထန်လျှင် အမုန်းပြင်းထန်သည်။

ဘားနစ်ဒီရို့


ဘ၀ပြဿနာ ၉၀ ရာခိုင်နှုန်းမှာ အချစ်ကြောင့် ဖြစ်ပွားသည်။

ကော်လင်းလက်ခ်နာ


ချစ်ဟန်ဆောင်ရန် လွယ်ကူလှပေသည်။ထို့ကြောင့် ယောကျာ်းအများစု အယုံသွင်း ခံရလေ့ ရှိသည်။

ဖိတ်လီအွန်


အချစ်နှင့် အမုန်းသည် ဒင်္ဂါးတစ်ခု၏ မျက်နှာစာ နှစ်ဖက် ဖြစ်သည်။

အမည်မသိ


ဘ၀သာ ၀င်ရှုပ်မနေလျှင် ချစ်ရသည်က ပျော်စရာပင် ဖြစ်သည်။

မက်ဘူးန်


အချစ်ကို စီးကရက်တစ်လိပ်လို သဘောထားပါ။အခွင့်သာတုန်း ၀မ်းမြောက်ဝမ်းသာ ခံစားပါ။သို့သော် သင့် အသည်း နှလုံးကို ထိခိုက်စေကြောင်း သတိထားပါ။

အမည်မသိ

Monday, March 17, 2008

မှန်လော..မှားလော..

ကမ္ဘာကြီးကို စတင်ဖန်တီးစဉ် ကာလတစ်ခုကပေါ့။ဘုရားသခင်သည် လောကကြီးအတွက် အရာအားလုံးကို ဖန်ဆင်းတော် မှုခဲ့သည်။
(၁)
ပထမဦးစွာ သူသည် မြည်းတစ်ကောင်ကို ဖန်တီးတော်မှုသည်။ထို့နောက် ထိုမြည်းကို ဘုရားသခင်က မှာကြားသည်။
“မင်းဟာ မြည်းတစ်ကောင် ဖြစ်လိမ့်မယ်။အဲ့ဒီအခါ မင်းဟာ နေထွက်ချိန်ကနေ နေ၀င်ချိန်ထိ မမောမပန်းတမ်း ၀န်ထုပ် တွေကို မင်းရဲ့ကျောပေါ်မှာ တင်ဆောင် အလုပ်လုပ် ရပါလိမ့်မယ်။မင်းဟာ မြက်ကိုသာ စားရမယ်။ဒါ့အပြင် မင်းမှာ ဘာအသိညာဏ်မှ ရှိမှာ မဟုတ်ဘူး။မင်းသက်တမ်း ကတော့ နှစ် (၅၀) ဖြစ်တယ်။”
ထိုအခါ မြည်းက ပြန်ဖြေတယ်။
“ဟုတ်ပါပြီ ကျွန်တော် သဘောတူပါတယ်။ဒါပေမယ့် နှစ် (၅၀)ကတော့ များလွန်းပါတယ်။နှစ်(၂၀)လောက်ဘဲ ပေးစေချင် ပါတယ်။
“ကောင်းပြီ မင်းအလို အတိုင်း ဖြစ်စေ”ဟု ဘုရားသခင်က ဖြေတော်မှုခဲ့ပြီး မြည်းကိုဖန်ဆင်းတော် မှုခဲ့ပါတယ်။
(၂)
ဒုတိယ အနေဖြင့် ဘုရားသခင်က ခွေးကို ဖန်ဆင်းတော် မှုပါတယ်။
“မင်းအနေနဲ့ လူတွေရဲ့ အိမ်ကို စောင့်ရှောက်ရမယ်။မင်းဟာလူတွေရဲ့ အကောင်းဆုံး အဖော် ဖြစ်လာလိမ့်မယ်။
မင်းအနေနဲ့ လူတွေရဲ့ စားကြွင်းစားကျန် တွေကို သူတို့ ကျွေးတဲ့ အခါ စားရမယ်။မင်း သက်တမ်းက (၃၀)”
ခွေးက ပြာပြာသလဲ ပြန်ဖြေပါတယ်။
“အဖ ဘုရားသခင် ၃၀ ကတော့များလွန်း ပါတယ်။၁၅ နှစ်လောက်ပဲ ပေးပါ။”
“ဟုတ်ပြီ မင်းဆန္ဒ အတိုင်း ဖြစ်စေ”ဟု ဘုရားသခင်က ပြောလျှက် ထိုနည်းအတိုင်း ခွေးကို ဖန်တီးလိုက် ပါသည်။
(၃)
ထို့နောက် ဘုရားသခင်က မျောက်ကို ဖန်တီးသည်။

“မင်းဟာ မျောက်တစ်ကောင် ဖြစ်လိမ့်မယ် ။မင်းဟာ တစ်ကိုင်း ကနေ တစ်ကိုင်းကို မျက်စိနောက် လောက် အောင် လွှဲခို ကူးသန်း နေရမယ်။မင်းကို ပျော်စရာ ဖျော်ဖြေရေး သတ္တ၀ါ အနေနဲ့ လူတွေက သဘောကြ လိမ့်မယ်။ပြီးတော့ မင်းရဲ့ သက်တမ်း ကတော့(၂၀) ဖြစ်တယ်။”
မျောက်က (၁၀)နှစ်ဟု စောဒက တက်သည်။
ဘုရားသခင်က လက်ခံသဘောတူ၍ မျောက်ကို ဖန်ဆင်းပေးတော် မှုလိုက်သည်။
(၄)
နောက်ဆုံးတွင် ဘုရားသခင်က လူသားကို ဖန်ဆင်းတော် မှုသည်။
“မင်းဟာ လူသား တစ်ယောက် ဖြစ်လာမယ်။ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကျိုးကြောင်း ဆင်ခြင် တွေးခေါ် နိုင်တဲ့ သတ္တ၀ါ ဖြစ်တယ်။ အသိညာဏ် ကိုအသုံးချပြီး ကမ္ဘာ တစ်ခုလုံး ကိုတောင် စိုးမိုးနိုင်တယ်။မင်းရဲ့ သက်တမ်း က(၂၀) ဖြစ်တယ်”
လူသားက ပြန်ပြောသည်။“လူသား အဖြစ် သဘော တူပါတယ်။သက်တမ်းက အရမ်း နည်းပါတယ်။ဒီလို လုပ်ပါ။
မြည်းမ လိုချင်တဲ့ အနှစ်(၃၀)၊ ခွေးရဲ့ (၁၅)နှစ်ရယ်၊ မျောက်ရဲ့ သက်တမ်း (၁၀)နှစ် ရယ်ကို ကျွန်တော့်ကိုပေါင်းထည့် ပေးပါ။”
ဘုရားသခင်က စဉ်းစားတော် မှုပြီးမှ သဘောတူ ခွင့်ပြုတော် မှုလိုက်သည်။ထို့နောက် လူသားဖြစ်လာလေသည်။
(၅)
ထိုအချိန်မှ စ၍.............
လူတို့သည် လူသားအဖြစ် အနှစ်(၂၀) ပျော်ပျော် ရွှင်ရွှင် နေရသည်။ထို့နောက် သူသည် လက်ထပ် အိမ်ထောင်ပြု၍ အနှစ် (၃၀) ခန့်ကို မြည်းတစ်ကောင် နှင့်မခြား လုပ်ကိုင် ဆောင်ရွက် ရသည်။နေထွက်မှ နေ၀င်ထိ မယားတာဝန်၊ သားသမီး တာဝန်ကို ပခုံးတွင် ပိကာ ပင်းပန်းကြီးစွာ လုပ်ကိုင် ရှာဖွေရလေသည်။
သူ၏ သားသမီးများ အရွယ်ရောက် လာသောအခါ သူသည် (၁၅)နှစ်ခန့် ခွေးတစ်ကောင်လို နေရသည်။သားသမီးများ အလုပ်သွားသောအခါ သူသည် အိမ်စောင့် ကျန်ရစ်ခဲ့ရသည်။သူတို့ ကျွေးမွေးသော အစားသောက်များစားသောက်၍ နေထိုင်ရှင်သန် ရလေသည်။
ထို့နောက် လူတွေ အသက်ကြီးလာပြီ ။အလုပ် များမှ အနား ယူလိုက်သည်။(၁၀)နှစ်ခန့်ကို မျောက်တစ်ကောင် ကဲ့သို့ နေထိုင်ရပြန်သည်။အဘယ်ကြောင့်ဆိုသော် သူသည် သားသမီးများ ရှိရာ အိမ်များသို့ ဟိုမှဒီ အလည်အပတ် သွားရောက်လျှက် ရောက်သောအခါ တွင်လည်း သူ၏ မြေးများ ပျောရွှင်အောင် ရယ်မော်အောင် ထိန်းချော့ရ သောကြောင့်တည်း။ ။


Saturday, March 15, 2008

မတူညီသောအမြင်များနှင့် ရင်ဘတ်ထဲက သစ္စာတရား

ငါဟာ စစ်သား တစ်ယောက်ဖြစ်တယ်…ရည်မှန်းချက် တွေနဲ့ ရှင်သန်ခဲ့တဲ့ စစ်သား တစ် ယောက် အဲဒီတော့ အရှင်း ဆုံး စကားနဲ့ ငါ့ရင်ထဲက သစ္စာတရားကိုပဲ ပြောပြမယ်…မင်းနဲ့ငါက သူငယ်ချင်း….မူလတန်း အရွယ် ကထဲက ပုခုံးဖက်ပြီး ကြီးပြင်းခဲ့တဲ့ သူငယ်ချင်း…ဘယ်လို အကြောင်းမျိုးနဲ့မှ မခွဲခွာခဲ့တဲ့ ငါတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်မှုကို ပျက်စီးစေတဲ့ အကြောင်းအရာ တွေကို ရေးတဲ့ သူတွေကော မင်းကိုကော နားလည် စေချင် လို့ကို ငါဒီအကြောင်းကို ရေးတာ..ကျွန်တော့် ရည်မှန်းချက် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ငါတို့ နှစ်ယောက် ရေးခဲ့တဲ့ အကြောင်းအရာ တွေကို မင်းမှတ်မိလား… ငါကစစ်သား တစ်ယောက် မင်းက ကျောင်း ဆရာ တစ်ယောက် အကြောင်း..မတူညီတဲ့ စာစီစာကုံး ထဲက မျှော်လင့်ချက် တွေကို ငါပဲ အကောင် အထည် ဖော်နိုင်ခဲ့တာလေ...ဒီပညာတွေ တတ်ပြီးရင် ကျေးလက်ဒေသတွေမှာ ပညာတွေ ပြန်သင်ပေးမယ် ဆိုပြီး စာစီ စာကုံး ရေးခဲ့တဲ့ သူငယ်ချင်း တစ်ယောက်က အခုတော့ ဒီပညာရေးဟာ အဆင့်အတန်း လုံးဝ မရှိဘူး ဆိုတဲ့ စကားကို မင်းမျက်စိမှိတ်ပြီး ပြောထွက်ပြန်ပြီ.့.. မင်းရေးခဲ့တဲ့ ကျွန်တော့် ရည်မှန်းချက် ဆိုတာကို ပြန်တောင် မမှတ်မိတော့ဘူးပေါ့..ဆယ်တန်းအောင် စာရင်း မထွက်ခင် အချိန်ထိ ငါတို့နှစ်ယောက် ကိုယ်စီ စိတ်ကူးတွေ ပြောရင်း ရူးခဲ့ကြတာတွေကို မင်း လွယ်လွယ်လေး မေ့သွားတာလား..လွယ်လွယ်နဲ့မအောင်မြင်နိုင်လို့ မင်း နောက် စာသင်နှစ် တစ်ခုမှာ ကြိုးစား နေတုန်းမှာ ငါက ငါ့ရည်မှန်းချက်ကို အကောင် အထည် ဖော်နေပြီ ..လူတိုင်းမှာ ကိုယ်အားကျ လေးစားတဲ့ ပုဂ္ဂိုလ်တွေရှိတာပဲ…ငယ်ငယ်တုန်းက သင်ခဲ့တဲ့ ငထင်ငယ် အကြောင်းကို မှတ်မိလား…သူ့ဆန်စားတော့ ရဲရသည် ဆိုပြီး အသက်ငယ်ငယ်နဲ့ သူရဲကောင်း ဖြစ်တဲ့ သူပေါ့ ..မင်းရဲကျော်စွာ၊ တပင်ရွှေထီး၊ဘုရင့်နောင်၊အလောင်းဘုရား၊.သတ္တိရှိလို့သူရဲကောင်းလို့ သမိုင်းမှာ သက်မှတ်ခြင်း ခံရတာ…။ ။
ပြီးတော့ ကိုယ့်ကို ကိုယ်လဲ ဂုဏ်ယူတတ်ရမယ်..ငါက စစ်သားတစ်ယောက် ဖြစ်တဲ့အတွက် ငါ့ကိုယ်ငါ ဂုဏ်ယူ တယ် သူငယ်ချင်း… ယောက်ျားတိုင်းဟာ စစ်သား မဖြစ်နိုင်ဘူး..ဒါပေမယ့် စစ်သားတိုင်းက ယောက်ျားပဲ ဖြစ်ရ မယ်…ဒါကငါ့ကိုယ်ငါ ဂုဏ်ယူမိတဲ့ ပထမအချက်…ငါထပ်ပြောမယ် သူငယ်ချင်း…မင်းတိုင်းပြညိအတွက် ဆိုပြီး ဘာလုပ်ဖူးလဲ….ငါအဲဒီစကားကို ပြောတိုင်း မင်းငါ့ကို ဒေါသထွက်တယ်.ထွက်စမ်းပါ သူငယ်ချင်း..ဘယ်အနာမဆို ဒုတ်ကျရင် နာတာကြီးပဲ…ငါစစ်သား လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာ ဟိုးငယ်စဉ် ငါမသိတတ်ခင် ကထဲက …ဘယ် တော့ မှ မပြောင်းလဲတဲ့ ငါ့ရဲ့ဆုံးဖြတ်ချက် တစ်ခုအတွက် ငါဘယ်တော့မှ နောင်တ မရဘူး သူငယ်ချင်း. ...... ဗိုလ်လောင်း သင်တန်းပြီးလို့ငါဘယ်မှာ တာဝန်ကျခဲ့လဲ ဆိုတာ မင်းသိပါတယ်…မောင်နှမတွေလို ရင်းနှီးတဲ့ မင်း အမေ နဲ့ငါ့အမေ ဘုရားသွားပြီး အန္တရာယ် ကင်းပါစေဆိုပြီး အမြဲဆုတောင်း နေရတဲ့ နေရာ..ငါ့ကိုယ်ကျိုး အတွက် လုပ်ချင်မှတော့ ငါ့အဖေဆိုင်မှာ ကောင်တာ ထိုင်ရုံနဲ့ ဖြစ်ပါတယ်…ငါရတဲ့လစာဟာ မင်းအခုရနေတဲ့ လစာတွေ ယှဉ်ရင် ၁၀ ပုံ ၁ ပုံမရှိပါဘူး..ငါသေခဲ့ရင်တောင် ငါ့အဖေအမေ အနီးမှာ သေခွင့်မရှိဘူး …ငါ့ကိုယ်လက် အင်္ဂါတွေ ပြတ်တောက် သွားမှာကိုလဲ ငါဂရုမစိုက်ဘူး….ဒါပေမယ့် တိုင်းပြည်တာဝန် ထမ်းဆောင်တာလို့ ခေါင်းစဉ်တပ်ခွင့် ရတဲ့အတွက် ငါကျေနပ်တယ် သူငယ်ချင်း..စစ်သားဖြစ်တဲ့ ငါ့ကိုယ်ငါ ဂုဏ်ယူတယ်…ဘာလို့လဲဆိုတော့ ငါဟာ ရည်မှန်းချက်နဲ့ ရှင်သန်ခဲ့တဲ့ စစ်သား တစ်ယောက် ဖြစ်လို့…မင်းပြောချင်တဲ့ မှိုင်းသွင်းခြင်း ခံရတယ် ဆိုတဲ့ စကားလုံး ..ငါစစ် တက္ကသိုလ်က ဆင်းတာ မင်းသိပါတယ်…ငါတို့ကျောင်းဆင်းပွဲမှာ ငါတို့ခေါင်းဆောင်ကြီးတွေ ပြောခဲ့တဲ့ မိန့်ခွန်းကို မင်း နားထောင် ဖူးလား..သတင်းစာ မှာကော မင်းဖတ် ဖူးလား. .ဟေ့ကောင်..စစ်သား ဆိုတာ ပြည်သူ ထဲကပဲ ဖြစ်လာတာ. .တိုင်းပြည် လိုအပ်ချက် အရ စစ်သား ဖြစ်လာခဲ့ရတာ…လူတန်းစား မျိုးစုံနဲ့ ပြည်သူထဲကနေ ဖြစ်လာတဲ့ တပ်မတော် ပါ ဆိုပြီး ပြောရင် မင်းငြင်းအုံးမှာလား….ငါတို့ဆိုနေတဲ့ သစ္စာလေးရပ် ကိုကော မင်းသိလို့လား..စစ်သား အကြောင်း သိချင်ရင် ကိုယ်တိုင် စစ်သား လုပ်ကြည့် သူငယ်ချင်း. .အမိန့် မနာခံနိုင်ရင် စစ်သားမဖြစ်ဘူးကွ….စစ်သားဖြစ်လို့ အမိန်ကို နာခံတာ မှိုင်းသွင်းတာ မဟုတ်ဘူးကွ…သေနတ်ကိုယ်စီ ကိုင်ပြီး လူတန်းစား မျိုးစုံရှိတဲ့ စစ်တပ်ကြီးကို အုပ်ချုပ်ဖို့ တပ်မတော်သား အတွက် အမိန့် ဆိုတာ ရှိ တယ်..ဒါပေမယ့် သေနတ်ကိုင်တိုင်း သူရဲကောင်းမဟုတ်ဘူး…တစ်ဖက်နိုင်ငံကို ခြေကုပ်ယူ၊ ကိုယ့်တိုင်းပြည်ကို စိတ်ပိုင်းဖို့ ကြိုးစား နေသူတွေကို စစ်သား မုန်းတာတစ်ခုနဲ့ သူရဲကောင်းတွေလို့ မင်းပါးစပ်မို့ ပြောထွက် တယ် .......စစ်ဗိုလ်ဆိုရင် အထင်မကြီးဘူးလို့ မင်းက ပြောတယ်…အသက်အရွယ် အရကြည့်ရင် မင်းနဲ့ငါနဲ့ ရွယ်တူ..မင်းနားမှာ နားကပ်နဲ့၊ မင်းခေါင်းမှာ ဆံပင်ရှည်အနီရောင်နဲ့၊ မင်းကိုယ်မှာ သောင်းကျော်တန် အ၀တ်အစား နဲ့၊……..မှန်ကို အရင်ကြည့်ပါ သူငယ်ချင်း.ပိုက်ဆံရှိလို့ လူငယ်မို့လို့ လူငယ်လို နေတာ ဘာမှတော့ မဆန်း ပါဘူး …ဒါပေမယ့် သူ့ဘာသာနေပြီး ယူနီဖောင်းဝတ် စစ်သားကို မင်းကဘာ အမြင်မကြည်ရတာလဲ.. မင်းဘာသာမင်း ပိုက်ဆံ ချမ်းသာချင်တာနဲ့ တပ်မတော်နဲ့ ဘာဆိုင်လို့လဲ..ဒီမိုကရေစီမရှိလို့ မင်းက နိုင်ငံခြား သွားပြီး အလုပ် လုပ် နေရတယ်ဆိုရင်၊ ငါကကော ဒီမိုကရေစီ မရလို့ စစ်သား လုပ်နေ ရတာလား…ဘယ်သူမဆို ကိုယ့်တိုင်းပြည် ကိုတိုးတက် စေချင် တာကြီး ပဲ..လူကြီးတွေလဲ သူ့ဘာသာ ကြိုးစားနေတာပဲ..ဒါတွေကထား…ငါပြောချင်တာက ငါ့ခံယူချက် သက်သက်….ငါရှရှားမှာ ငါစာလာသင်ရတယ်..ပြည်သူက ကျွေးတဲ့ ထမင်းကို စားတယ်..ငါစာမေးပွဲ အောင်အောင်လုပ်နေတာ ငါတိုင်းပြည် အတွက် လုပ်နေတာလေ..တကယ်လို့ စစ်မြေပြင်မှာ တာဝန်ကျရင်လဲ ငါ့တိုင်းပြည်အတွက် ငါတာဝန် ကျေရအုံးမှာပဲ..မင်းကိုယ်တိုင် ပြည်သူက ကျွေးတဲ့ ထမင်းကို စားရဲလား မေးကြည့်…တစ်ချိန်ထဲမှာပဲ ငါတို့ကျောင်းက ဆရာမတွေ၊ ကျောင်းအသီးသီးက ပညာရှင် တွေ သူတို့တွေ အားလုံးကိုလဲ နိုင်ငံခြား တိုင်းပြည်တွေကို ပြည်သူပေးတဲ့ လစာတွေနဲ့ စေလွှတ်နေတာပဲ မဟုတ်လား … အဖက် ဖက် ကနေပြီးတော့ တိုင်းပြည်အတွက် ကြိုးစားနေကြတဲ့ အချိန်မှာ ငါတို့လူငယ်တွေ ဘာလို့ မစည်းလုံး ကြ တာ လဲ..စစ်တပ်ဆိုတာ တိုင်းပြည် အတွက် မလိုအပ် ဘူးလားပြော …ငါတို့လူငယ်တွေ ကကော တပ်မတော် ထဲ ၀င်ပြီး နိုင်ငံတော်ကို ကာကွယ်ဖို့ မလိုအပ် ဘူးလားပြော…မင်းမလုပ်နိုင်လို့ ငါလုပ်ခဲ့တာကို မင်းက ဘာလို့အခုမှ အပြစ်လာတင်ရတာလဲ...........ဘလော့ဂ်တွေကို နှစ်နှစ်သက်သက် ဖတ်တတ်တဲ့ မင်းဖတ်ခဲ့တဲ့ blog တွေထဲမှာ ဘယ်ဘလော့က တိုင်းပြည်အတွက် တစ်ခန်း တစ်နေရာကပါပြီး လုပ်နေသလဲ..ဘယ် blog က သူများအကြောင်း မဟုတ် တာ တွေရေး နေသလဲ..နည်းနည်းလေးမှ စဉ်းစား နိုင်စွမ်း မင်းမှာမရှိတော့ဘူးလား…သတင်းထက် အတင်းကို လူတွေက ပိုစိတ်ဝင်စား ကြတယ်..သတင်း လိုလို၊အတင်းလိုလိုနဲ့ သတင်းမဟုတ်တဲ့ အတင်း တွေကြား မှာ ငါတို့ရွယ်တူ လူငယ်ချင်းတွေကို သွေးကွဲဖို့ မှိုင်းတိုက်နေကြပြီ… မှိုင်းသွင်းခံထားရတယ် ဆိုတဲ့ ငါတို့က နား လည်ပြီး မင်းက ဘာလို့နားမလည် ရတာလဲ..သူများအကြောင်း မကောင်းရေး တာတော့ လူတိုင်း ပြောတတ် တာပဲကွာ…တိုင်းရင်းသူလေး တွေကို ဘာလုပ်တယ် ဘာညာဆိုပြီး မင်းက ပြောချင်သေးတယ်.. .....မင်းနဲ့ ငါနဲ့ နေတဲ့အိမ်ဘေးနားမှာ စစ်တပ်ကြီး ရှိတာ မင်းသိ ပါတယ်..အဲဒီတပ်ထဲက စစ်သားတွေ အဲဒီအလုပ် လုပ်တယ်လို့ မင်းကြားဖူး လို့လား..ရုရှားမှာရှိနေတဲ့ စစ်ဗိုလ်တွေ ထဲမှာကော အဲလိုလုပ်ဖူးတဲ့ သူရှိတယ်လို့ မင်းထင် လို့လား …သူတို့ တာဝန်ယူခဲ့တဲ့ တပ်စု၊ တပ်ခွဲတွေမှာကော အဲဒါမျိုးတွေ ရှိဖူး သလား ဆိုတာကို မေးကြည့်စမ်း ပါအုံး….တော်တန့် ရုံအရှုပ်အရှင်းတွေ ထဲမှာ မပါချင်လို့ဘာမှမပြောတာက အတယ်လို့မထင်ပါနဲ့…နောက်မှ ငါ ထပ် ပြော မယ် သူငယ်ချင်း…. အခုငါပြောသလောက် ကိုပဲမင်းစဉ်းစား ပါအုံး… မင်းဟာ ပြည်သူထဲက ပြည်သူ တစ် ယောက် ဖြစ်တယ်မင်းတိုင်းပြည်အတွက်အလုပ်လုပ်ပြီးရင် မင်းကိုယ်မင်း ဂုဏ်ယူဝံ့ကြွားပါ. ငါကပြည်သူထဲက စစ်သား တစ်ယောက် ဖြစ်တယ်..ငါ့ကိုယ်ငါ ဂုဏ်ယူတယ် သူငယ်ချင်း..ငါတို့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ယှဉ်နိုင် အောင် ကြိုးစားကြတဲ့ အချိန်မှာ ငါတို့လက်တွေ တွဲထားချင်တယ်…နောက်တစ်ခါ ထပ်ပြော လိုက်အုံး မယ် … ငါဟာ စစ်သား တစ်ယောက် ဖြစ်တယ် သူငယ်ချင်း…ပြီးတော့ ငါ့ကိုယ်ငါ ဂုဏ်ယူတယ်…
(ကျွန်တော့နှင့် ယုံကြည်ချက် နှလုံးသားချင်း ထပ်တူကျခြင်းနှင့် ဖော်ပြခွင့်ပေးသည့် အတွက်ပါ အစ်ကိုကြီးကိုစိုင်းအား ကျေးဇူးအထူးတင်လျှက်....)



အချစ်အဓိပ္ပါယ်

Love (အချစ်)ဟူသည်....
L....lake or sorrow (၀မ်းနည်းပူဆွေးရေအိုင်)
O.....ocean of tears(မျက်ရည်သမုဒ္ဒရာ)
V......valley of death(မာရဏတောင်ကြား)
E.....end of live(ဘ၀နိဂုံး)....ပါတဲ့။မှတ်ထားနော်....

ဟာသရွာ

“ဟာသရွာ”..ထိုရွာတွင် နေထိုင်ကြ သောသူများသည် ရွာ၏ဟာသ အစဉ်အလာအရ ဟာသမြောက်များစွာကို သိရှိထားသူ များဖြစ်သည်။အချင်းချင်း ဟာသ ပြောဆိုရာတွင် ဟာသတစ်ခုလုံး ပြောစရာ မလိုဘဲ ဟာသ အမှတ် စဉ် ကိုသာ ပြော၍ ရီကြခြင်းမှာ ရွာ၏ အစဉ်အလာ တစ်ခု ဖြစ်သည်။တစ်နေ့ ထိုရွာသို့ လူစိမ်းတစ်ဦး ရောက်လာသည်။ထိုသူသည် ရွာလူငယ်လေး များ၏ စကားဝိုင်း တစ်ဝိုင်းကို တွေရှိရာ ၀င်ရောက် နားထောင်မိ လေသည်။ထိုအချိန်တွင် ရွာသားတစ်ယောက်က ဟာသအမှတ်စဉ် ၈ ဟုအော်လိုက်ရာ အကုန်လုံး ၀ိုင်းရီ ကြလေသည်။ထို့နောက် ရွာသူလေး တစ်ယောက်က ဟာသ အမှတ်စဉ် ၁၁၉ ဟုအော်ရာ ၀ိုင်းရီကြ ပြန်လေသည်။ ထိုသို့ တစ်ယောက် တစ်လှည့် အမှတ်စဉ်အော်လိုက် ၀ိုင်းရီကြလိုက်နှင့် အချိန်တော်တော် ကြာလာ သောအခါ ထိုသူမှာ မနေနိုင်တော့ဘဲ အမှတ်စဉ်တစ်ခု ၀င်အော်ရင် ဆုံးဖြတ်လိုက်သည်။ထို့နောက် ရုတ်တရက် “ခဏ အမှတ်စဉ် ၁၄၄ ”..ဖြန်း....ဘေးမှ ရွာသူလေး တစ်ယောက် က ထိုသူအား ပါးရိုက်လိုက်ခြင်း ဖြစ်သည်။ထိုသူ ကြောင်သွားသည်။ထို့နောက် ရွာသူလေး က ထိုသူအား ပြောလိုက်ပုံက “ရှင် အဲဒီလို မိုက်ရိုင်းတဲ့ ဟာသတွေ ပြောရလား ဒီမှာ မိန်းကလေးတွေ ရှိတာ ရှင်မမြင်ဘူးလား”

နွားတစ်ကောင်၏ မှတ်တမ်း

ချစ်သူ အိမ်မှာ ကျွန်တော့် ရောက်နေ၏။ကျွန်တော်တို့ နှစ်ယောက် ဆိုဖာကြီးပေါ်တွင် အတူ ယှဉ်တွဲ ထိုင်လိုက်၏။ချစ်သူကို ကျွန်တော် တင်းတင်းကျပ်ကျပ် ဖက်ထား၏။ချစ်သူ ကလည်း တင်းတင်းလေး ပြန်ဖက်ထားလေသည်။ထို့နောက် သိပ်မကြာပါ။ ကျွန်တော်ကို အသာလေး တွန်းဖယ်ပြီး ရုတ်တရက် ထရပ်လိုက်သည်။ပြီးတော့ မီးခလုတ်ကို ထပိတ်လိုက်သည်။.........
ကျွန်တော် အရိပ်အချည်ကို ကောင်းစွာနားလည် လိုက်ပါသည်။သြော်..သူအိပ်ချင်ရှာ ပြီကို။
ကျွန်တော် သနားစိတ်ဖြင့် အသာထပြန်ခဲ့ပါသည်။

မိုက်ရိုင့်းပုံက

“ဒီခောတ်လူငယ်တွေများ မိုက်ရိုင်းလိုက်တာဗျာ မပြောချင်ပါဘူး”
ဘာဖြစ်လို့လဲဗျ.......
“အေးဗျာ ကျွန်တော်မနေ့ညက အရက်ဆိုင်က ထွက်လာတော့ ဘယ်ကောင် ကျွန်တော့် နားရွက် တက်နင်း သွားလဲ မသိဘူးဗျာ”

Friday, March 14, 2008

ဘရုကလင် တံတားပေါ်မှာ

အမေရိကန် နှစ်ယောက် ဘရုကလင် တံတားပေါ်တွင် ရပ်နေကြသည်။တစ်ယောက်က ပြောသည်။
ဟိုမှာ ပြင်သစ်တစ်ယောက် လမ်းလျှောက်လာတယ် တွေ့လား။ငါ တံတားပေါ်က ခုန်ချအောင် လုပ်ပြမယ်..
“စိန်လိုက်”
တစ်ဒေါ်လာကြေး နော်..
ရတယ်...ပထမ အမေရိကန်တစ်ယောက် ပြင်သစ်နား ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
“သတင်းကြား ပြီပြီလား ..ပြင်သစ်မှာ ဇိမ်ခံခန်း တွေအားလုံး ပိတ်လိုက် ပြီတဲ့”
ဲပြင်သစ်သား ခေါင်း ကိုလက်နှစ်ဘက် ဖြင့် ကုပ်၍ တံတားပေါ်မှ ခုန်ချ သွားသည်။
ထို့နောက် အင်္ဂလိပ် လူမျိုး တစ်ယောက် လာပြန်သည်..အမေရိကန် နှစ်ယောက် ဒေါ်လာ တစ်ရာကြေး ထပ်
လောင်း ပြန်သည်။ပထမ အမေရိကန်သည် အင်္ဂလိပ် အနားကပ် သွား၍ တိုးတိုး ပြောလိုက်ပြန် သည်။
“ ခင်ဗျား သိပြီးပြီလား ခင်ဗျား တို့ရဲ့ ဗြိတိသျှ ပါလီမန် အဆောက်အဦး ကြီးကို ဖျက်ပြီး အဲဒီနေရာမှာ ဇိမ်ခံခန်း
အကြီးစား ကြီးဖွင့်မယ်တဲ့ ”
အင်္ဂလိပ် စိတ်ဓတ်ကျစွာ ခေါင်းကုပ်လျှက် တံတားပေါ်မှ ခုန်ချသွားသည်။
ရုရှား တစ်ယောက် လျှေက်လာ ပြန်သည်..ဒေါ်လာ တစ်ထောင်ကြေး လောင်းပြန်သည်။ဒုတိယ အမေရိကန်က
ရုရှား ဘယ်တော့မှ ခုန်မချဟု ယုံကြည်စွာ ပြောသည်။ပထမ အမေရိကန်သည် ရုရှား နားကပ်၍ တိုးတိုး လေးပြော လိုက်သည်။
“ဒီမှာ သူငယ်ချင်း ကြိုတင် သတိပေး တာနော် .ဒီတံတားပေါ်က ဘယ်သူမှ ခုန်ချလို့ မရဘူး နော် စေတနာနဲ့
ပြောတာ”
“တားမြစ်ထားတယ် ဟုတ်လား။ကျုပ်က ဂရုစိုက်မယ် ထင်လားဗျာ.ဟင်း.”ဟုပြောပြီး ရုရှားသည် တံတားပေါ်မှ
ခုန်ချ သွားတော့သည်။ ။

အဖေ

အူဝဲ.. အူဝဲ...... ဟင် ကလေးငိုသံ ယောက်ျားလေး ဆိုပါလား.. ၀မ်းသာလိုက်တာ။ ငါသားလေး အသံကြားရတာ အားရှိလိုက်တာ၊ ဒီလို ၀မ်းသာပီတိမျိုး တစ်ခါမှ မရှိခဲ့ဘူးပါလား.. ဟုတ်တယ် ဒီလိုမျိုး တစ်ခါမှ ငါ့ဘ၀မှာ မရှိခဲ့ဖူးဘူး.. ငါ အဖေတစ်ယောက် ဖြစ်လာခဲ့ပြီလေ၊ ငါသားလေးရဲ့ အနာဂတ်ဟာ ငါဘ၀၊ ဟုတ်တယ် ငါသားလေးရဲ့ အနာဂတ်လှပဖို့ အရေးထက် ငါ့ဘ၀မှာ ဘာမှ အရေးကြီးတာ မရှိဘူး။ သားရယ် သားလေးပေးတဲ့ ကြည်နူးမှုတွေဟာ အဖေ့နှလုံးသွေးထဲထိ စီးဝင်နေပြီ ဆိုတာ သားလေးသိနိုင်သေးမှာ မဟုတ်ပါဘူးလေ။ဒါဆို ငါ့အဖေလည်း ငါ့လိုဘဲ တူညီတဲ့ ခံစားမှုတွေ ရှိခဲ့မှာပေါ့.ဒါဆို ငါအဖေကို ငါဘာလို့ အဖေလို့ ခေါ်ဖို့တောင် ရွံရှာခဲ့တာလဲ။ ငါမမွေး ခင်ကတည်းက ထောင်ကျနေတဲ့ ထောင်ထွက်ကြီးတစ်ယောက် မို့လို့လား ငါမှားပြီ.. မှားပြီ.. ငါကိုယ်ချငိးမစာတတ်ခဲ့ပါလား။ ငါတောင် မိနစ်အနည်းငယ်အတွင်း တွေ့ခွင့်ရမှာ သိလျှက်နဲ့ အရမ်း တွေ့ချင်နေခဲ့တာ၊ သူဆို အနှစ်နှစ်ဆယ် နီးပါးတွေ့ခွင့်မရှိတဲ့ သားတစ်ယောက်ကို ကြိုသိနေတဲ့ လူတစ်ယောက်။ ထောင်ထဲက ပင်းပန်းဆင်းရဲမှု၊ ရင်ထဲက ခံစားချက် ပင်းပန်း ဆင်းရဲမှု များစွာနဲ့ ဘယ်လိုနေခဲ့ဘာလိမ့် အဖေရယ်.. တစ်ကယ်တော့ အဖေဆိုတာ အမေလို သားသမီးတွေကို ကိုယ်တိုင် ရေခပ်မချိုးပေးပေမဲ့ ရေကို အဝေးကနေ အိုးထဲကို အပင်းပန်းခံဖြည့်ပေးတဲ့ လူဆိုတာ သားအဲဒီတုန်းက ဘာလို့ သဘောမပေါက်ခဲ့တာလဲ။ ဆိုက်ကားနင်းရင်း အဖေ့ကို လမ်းမှာတွေ့ရင် သူငယ်ချင်းတွေအရှေ့မှာ အဖေထောင်ထွက် ဆိုက်ကားသမားကြီးကို အဖေတော်ရမှာ ရှက်လို့ အဖေမဟုတ်ပါဘူးလို့ လိမ်ညာခဲ့တာတွေ အဖေသိလျှက်နဲ့ မသိချင်ဟန်ဆောင် မျိုသိပ်မျက်ရည်ကျခဲ့တာတွေဟာ အခုအချိန်မှာ သားရင်ကို ပိုပြီးမချိစေပါဘူး အဖေရယ်... အမေက ကိုယ်အဖေ့ကိုယ် ပြန်မပြောရဘူးလို့ ဆူတိုင်း ”ငါ့အမှားတွေပါ သားမှန်ပါတယ်.. ပြောပါစေ ငါ့အပြစ်နဲ့ ငါရှိပါစေ သားကိုမဆူပါနဲ့” မျက်ရည်ဝဲပြီး ပြောတတ်တဲ့ အဖေ့မျက်နှာကို မြင်ယောင်နေမိတယ် အဖေရယ်။ သားမွေးနေ့မှာ အဖေ၀မ်းသာအားရနဲ့ ဆွဲကြိုးပါးပါးလေး လက်ဆောင်ပေးတာကို ထောင်ထွက်ပစ္စည်းဆိုပြီး အဖေ့ရှေ့မှာ ဖြတ်ပြီှး လွှတ်ပြစ်ခဲ့တာကို အဖေကြည့်ရင်းနဲ့ အဖေ့မျက်နှာပေါ်က ကြေကွဲခံစားမှုများစွာကို သားစာမဖွဲတတ်ပါဘူး အဖေ.. အဲဒီ ဆွဲကြိုးလေးအတွက် အဖေ တစ်နေကုန်ဆိုက်ကားနင်း၊ အဖေကိုယ်တွင်းက ရောဂါများစွာကို ဆေးမကုဘဲ လများစွာ စုဆောင်းခဲ့ရတယ်ဆိုတာ သားသိတာ သိပ်နောက်ကျခဲ့ပါတယ် အဖေ.. အဖေ့ဘ၀ရဲ့ နောက်ဆုံးအချိန်ထိ အဖေ့အနားမှာ မနေခဲ့ဘူး။ လွဲမှားတဲ့ မနာတရားများစွာနဲ့ အဖေကို အဖေလို့ တစ်ခွန်း မခေါ်ခဲ့ဘူး။ အသိတရားဆိုးတွေနဲ့ အဖေကို အဖေလို တန်ဖိုး မထားခဲ့တဲ့ သားဆိုးတစ်ယောက်ကို တမလွန်ရောက်အဖေ တစ်ယောက် ခွင့်လွှတ်နိုင်ပါမလား သားရင်ထဲက အဖေ၊ အဖေလို့ အကြိမ်များစွာ ခေါ်နေသံတွေကို အဖေတစ်ယောက် အခုအချိန်မှာ မကြားနိုင်တော့ပါဘူးလေ.. ဘ၀ဆက်တိုင်း ဆုံတွေပါရစေ အဖေရယ်.. သားရင်ထဲက နောင်တ တရားများစွာနဲ့ အဖေ ကျေနပ်တဲ့အထိ ၀န်ချတောင်းပန် ကန်တော့ချင်လို့ပါ.. အဖေ တစ်ယောက် အပြုံးများစွာနဲ့ သားကို ကျေနပ်ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ရင်း...

Thursday, February 21, 2008

ဗုဒ္ဓဘာသာ

' ကမ္ဘာ့ ပညာရှင်တို့ မျက်လုံးထဲက ဗုဒ္ဓဘာသာ 'ကျွန်တော် နှစ်ခြိုက်ခဲ့ရတဲ့ ဘာသာပြန် စာအုပ် တစ်အုပ်ပါ။ အနောက်တိုင်း ပညာရှုင်တို့မှ ဗုဒ္ဓဘာသာကိုအမျိုးမျိုး ဝေဖန်သုံးသပ်ထားသော အကြာင်းအရာ များစွာထဲမှ ကောင်းနိုးရာရာများအား ပြန်လည်မျှဝေ ခံစားစေချင်သောကြောင့် ရေးသား ရခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဘက်သို့စွဲဆောင်ခြင်းမဟုတ်ပါ။ ဗုဒ္ဓဘာသာသည် အခြားဘာသာ များထက်သာလွန်ကြောင်း ပြသလိုခြင်းလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာ မည်မျှကောင်းကြောင်း ထောက်ခံခိုင်းခြင်း လည်းမဟုတ်ပါ။ကျွန်တော် ယုံကြည်သော် ဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာသာပင် ဖြစ်ပါသည်။ သို့သော် မိမိကိုးကွယ်သော ဘာသာအား ထိုစာဖတ်ခြင်းဖြင့် အနည်းငယ်မျှ ဂုဏ်ယူကျေနပ်မိပါက ကျွန်တော် ပျော်ရွှင်မိမှာ အမှန်ပင်။ ။


(1)The Buddha's Greatness
I cannot myself feel that either in the matter of wisdom or in the matter of virtue CHrist stands quite as high as some other people known to history_i think i should put Buddha above him in those respects.
BETRAND RUSSE
" Why i am not a Christian"

(၁) ဗုဒ္ဓ၏မြင့်မြတ်မှု
ခရစ်တော်သည် အခြားသော သမိုင်းဝင်ပုဂ္ဂိုလ် များလောက် မြင့်မားစွာ ပညာကြောင့် ရပ်တည်သလား၊ ပါရမီကြောင့် ရပ်တည်သလား ဟူသည်ကို ကျွန်ုပ် ကိုယ်တွေ့ မသိရပါ။သို့ရာတွင် ပါရမီ၊ပညာတို့နှင့် ပတ်သတ်လျှင် ဗုဒ္ဓကို ခရစ်တော်၏ အပေါစီးမှ ထားသင့်သည်။
ဘာထရန်ရပ်ဆဲလ်


(2)Most noble of Mankind
If you desire to see the most noble of mankind,look at the king in beggar's clothing; it is he whose sanctity is great among men.
ABDUL ATAHIYA,A MUSLIM POET

(၂)အမြင့်မြတ်ဆုံးလူသား
လူသားထု တစ်ရပ်လုံးတွင် အမြင့်မြတ်ဆုံး လူသားကို တွေ့မြင်လိုပါက ဖုန်းတောင်းယာ စကာ အ၀တ်အဆင် နှင့်ရှင်ဘုရင် တစ်ပါးကို ရှုကြည့်လိုက်ပါ။သူသည် လူသားထု အတွင်း တွင်အမြင့်မားဆုံး စွန့်လွှတ်နိုင်သူ ဖြစ်သည်။
မူစလင်ကဗျာဆရာ အဗဒူအတဟိယ


(3)Buddha's Method
If any question has to be considered,it has to be considered peacefully and democratically in the way taught by the Buddha.
NEHRU

(၃) ဗုဒ္ဓ၏နည်းလမ်း
အကယ်၍ ပြဿနာတစ်ခုခုကိုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြား ခဲ့သည့်လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီ ကျကျစဉ်းစားဆင်ခြင် ရပေသည်။
နေရူး


(4)Homage to Buddha
Lord Buddha could be very easily singled out as the one person known to man who received homage from the greatest number of mankind.
_PROF..SAUNDERS,
LITERARY SECRETARY Y.M.C.A
INDIA,BURMA,CEYLON

(၄) ဗုဒ္ဓကိုပူဇော်ကြ
လူသား အများဆုံးအပု ဇော်ခံရသည် လူသား ပုဂ္ဂိုလ်တစ်ဦး အဖြစ် မြတ်ဗုဒ္ဓကို အလွယ်တကူ ရွေးကောက် နိုင် ပေသည်။
ပါမောက္ခ ဆောင်းဒါး
အတွင်းရေမှူး၊ ၀ိုင်အယ်စီအေ


(5)Buddha's Message
The Buddha has been something greater than all doctrine and dogma,and his eternal message has thrilled humanity through the ages.Perhaps at no time in past history was his message of
peace more needed for a suffering and distracted humanity than it is today.
NEHRU



(၅)ဗုဒ္ဓ၏ အဆုံးအမ
ဗုဒ္ဓတွင် အားလုံးသော ဟောပြောချက်များ၊ တရားသေ အယူဝါဒများထက် ပိုမိုမြင့်မြတ်သည့် အရာတစ်ခုရှိပြီး ဖြစ်သည်။ဗုဒ္ဓ၏ အဆုံးအမတော်သည် လူသားထု အတွက် တစ်သက်တာလုံး ရင်ကို အေးမြ စေသည်။လူမှုဒုက္ခ သုက္ခ အရှုပ်အထွေးများ အတွက် ဗုဒ္ဓ၏ငြိမ်းချမ်းရေး ဒေသနာတော်သည် အတိတ်ကထက် ယနေ.တွင် ပို၍ လိုအပ်ပေသည်။
နေရူး


(6)Buddha is the way
I feel more and more that Sakyamuni is the nearest in character and effect to him who is the Way,the Truth,and the life.
BISHOP MILMAN

(၆)ဗုဒ္ဓသည် လမ်းစဉ်ဖြစ်၏
သကျမုနိ ဟူသည် လမ်းစဉ် အမှန်တရား၊ဘ၀တို.နှင့် အမှန်တကယ် အနီးစပ်ဆုံး သင့်မြတ်လျောက်ကန်သူ ဖြစ်ကြောင်း ပို၍ပို၍ သက်ဝင်(ယုံကြည်)လာရသည်။
ဘစ်ရှော့ မီလ်မန်

(7)Nothing to surpass Buddhism
Buddhist or not Buddhist,i have examined every one of the great religious systems of the world,and in none of them have i found anything to surpass,in beauty and comprehensiveness,the Noble
Eightfold Path and the Four Noble Truths of the Buddha.I am content to shape my life according to that path.
PROF.RHYS DAVIDS

(၇)ဗုဒ္ဓဘာသာကို သာလွန်သည့်အရာမရှိ
ဗုဒ္ဓ ဘာသာဝင် ဟုပင် ဆိုဆို၊ မဟုတ်ဟုပင် ပြောပြော ကျွန်ုပ်သည် ကမာ့္ဘကိုးကွယ်မှု ဆိုင်ရာ ဘာသာရေး စနစ် အသီးသီးကို လေ့လာဆန်းစစ်ဖူးပါ၏။ဗုဒ္ဓ၏အရိယမဂ္ဂင် ၈-ပါးနှင့် သစ္စာ ၄-ပါးတရားထက် ထူးကဲသာလွန်သည့် လှပစွာ ခြုံငုံမိသော အရာကို မည်သည့် ဘာသာတွင်မျှ မတွေ.ရှိရချေ။ကျွန်ုပ် အနေဖြင့် ထိုလမ်းစဉ် အတိုင်း မိမိ၏ဘ၀ကိုပြုပြင်နေထိုင်ရသည်ကို ကျေနပ်မိပါသည်။
ပါမောက္ခ ရီးစ်ဒေးဗစ်

(8)Challenge to other religious
It is Budhism as we find it actually recorded, not a hypothetical primitive system,which still forms a challenge to other religions.
BISHOP GORE,
"BUDDHA AND THE CHRIST"

(၈)ဘာသာခြားများကို စိန်ခေါ်ခြင်း
ကျွန်ုပ်တို.အမှန်တကယ် တွေ.ရှိရသည့် မှတ်တမ်းမှတ်ရာများအရ တွေးတောမှုဆိုင်ရာ ရှေးရုးစနစ်မဟုတ်ပဲ အခြား ဘာသာ များကို စိန်ခေါ်နေသည့်ဘာသာမှာ ဗုဒ္ဓဘာသာ ပင်ဖြစ်သည်။
ဘစ်ရှော့ ဂိုး(ရ်)

(9)A plan for living
Buddhism is a plan for living is such a way as to derive highest benefit from life.It is a religion of wisdom where knowledgeand intelligence predominate.The Buddha did not preach to win
converts but to enlighten listeners.
A WESTERN WRITER

(၉)အသက်ရှင်နေထိုင်ရေး အစီအမံ
ဗုဒ္ဓဘာသာ ဟူသည် ဘ၀မှ အမြင့်မားဆုံး အကျိုးကို ရယူရန် အမြင့်မားဆုံး လမ်းစဉ်ဖြင့် အသက်ရှင် နေထိုင်ရေး အတွက် အစီအမံ တစ်ခုပင် ဖြစ်သည်။အသိပညာ စိုးမိုးရာ အမြော် အမြင် ကြီးသည့် ဘာသာ တစ်ခု ဖြစ်သည်။ ဗုဒ္ဓသည် ဘာသာပြောင်း သူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ပဲ တပည့်သာဝကတို.ကိုအသိညာဏ် အလင်းရရှိစေရန် တရားဟောခြင်း ဖြစ်သည်။
အနောက်တိုင်းစာရေးဆရာတစ်ဦး


(10)Come and see
Buddhism is always a question of knowledge and seeing,and not that of believing.The teaching of the Buddha is qualified as Ehi-Passiko ,inviting you to come and see,but not to come and
believe.
VEN.DR.W.RAHULA,
"What the bussha taught"

(၁၀)လာလှည့် ရှု.လှည့်
ဗုဒ္ဓဘာသာသည် သိခြင်း မြင်ခြင်း သာလျှင် ပဓာန ဖြစ်၍ ယုံကြည်ခြင်းမှာ အရာ မဟုတ်ပါချေ။ဗုဒ္ဓ၏ ဒေသနာ များတွင်``ဧဟိ ပသိကော``ဟုပါရှိရာ``လာ၍ ရှု.လှည့်လော့`` ဟူ၍ ဖိတ်ခေါ် လေသည်။ ``လာ၍ ယုံကြည် လက်ခံပါ``ဟုမဆိုပေ။
ဆရာတော်ဒေါက်တာ ၀ါပိုလာ ရာဟုလာ


(11)Religion of Man
buddhism will last as lone as the sun and moon last and the human race exists upon the earth,for it is the religion of man, of humanity as a whole.
BANDARANAIKE,FORMER PRIME
MINISTER OF SRI LANKA

(၁၁)လူ.ဘာသာတရား
ဗုဒ္ဓဘာသာ သည် လုံးဝ လူ.ဘာသာတရား၊လူသားထု တစ်ရပ်လုံး၏ ဘာသာတရား ဖြစ်သောကြောင့် လ,နေတို. တည်ရှိနေ သမျှ လူမျိုး နွယ်စုတို. ရှိနေသမျှ ကာလပတ်လုံး တည်ရှိ နေပေလိမ့်မည်။
ဘန်ဒရာနိုက်ကေး
(သီရိလင်္ကာဝန်ကြီးချုပ်ဟောင်း)

(12)Buddhism and Modern Science
I have often said,and i shall say again and again,that between Buddhism and modern Science there exists a close intellectual
bond.
SIR EDWIN ARNOLA
(၁၂)ဗုဒ္ဓဘာသာနှင့် ခေတ်သစ်သိပ္ပံပညာ
ဗုဒ္ဓ ဘာသာနှင့် ခေတ်သစ် သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန် နီးကပ်ဆက်စပ်စွာ တည်ရှိ နေကြောင်း ကျွန်ုပ် မကြာ မကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုနေပါဦးမည်။
ဆာ အက်ဒင် အာနိုး


(13)Buddhism copes with Science
If there is any religion that would cope with modern scientific needs id would be Buddhism
ALBERT EINSTEIN

(၁၃)ဗုဒ္ဓဘာသာသည် သိပ္ပံပညာနှင့် ဖတ်ပြိုင်
အကယ်၍ ခေတ်သစ် သိပ္ပံပညာ လိုအပ်ချက်များ နှင့် ဖက်ပြိုင်သည့် ဘာသာရေး တစ်ခု ရှိခဲ့သည် ဆိုလျှင် ၄င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။
အဲလဘတ် အိုင်စတိုင်း


(14)Man can stand on hid own feet
Buddhism makes man stand on his own feet and rouses self-conflidence adn energy.
VEN. NARADA THERA,
'Buddhism in a nutshell'

(၁၄)လူသည်ကိုယ့်ခြေပေါ်တွင် ကိုယ်ရပ်တည်နိုင်
ဗုဒ္ဓဘာသာသည် လူသားကိုကိုယ့်ခြေပေါ်တွင် ကိုယ်ရပ်တည်စေပြီး မိမိကိုယ်မိမိယုံကြည်မှုနှင့် စွမ်းအားများ ကိုလည်း နိုးကြားစေသည်။
ဆရာတော် နာရဒထေရ

(15)No unkind word
There was never an occasion when the Buddha flamed forth in
anger,never an incident when an unkind word escaped his lips.
DR.S.RADHAKRISHNAN

(၁၅)အကြင်နာကင်းသော စကားကိုမဆို
ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါ ဟူ၍ မည်သည့်အခါမျှမရှိချေ။ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာ မဲ့သော စကား ထွက်ပေါ်လာသည် ဟူ၍ မည်သည့် အခါမျှ မရှိပေ။
ဒေါက်တာ အက်စာ ရာဓခရစ်ရှ်နန်


(16)Ethical man of genius
In this sphere He gave expression to truths of everlasting value and advanced the ethics not of India alone but humanity.Buddhas was one of the greatest ethical men of genius every bestowed
upon the world.
ALBERT SCHWEITZER,
A LEADING WESTERN PHILOSOPHER

(၁၆)ဖြောင့်မှန်သည့်ဓမ္မတာလွန်တရား
ဤကမ္ဘာတွင် ဗုဒ္ဓသည် ထာဝရ တည်မြဲ၍ တန်ဘိုးရှိသော သစ္စာတရား တို့ကို ဖော်ထုတ် ခဲ့သည်။ အိန္ဒိယ နိုင်ငံသား တို.ကို သာမက လူသားထု တစ်ရပ်လုံးကိုပါ စာရိတ္တတရား မြင့်မားတိုးတက်စေခဲ့သည်။ဗုဒ္ဓသည် ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံး လူသားစာရင်းဝင် တစ်ဦးဖြစ်သည်။
အဲလ်ဘတ်ဆွစ်ဇာ



(17)World culture
Buddhism has done more for the advance of world civilization and true culture than any other influence in the chronicles of mankind.
H.G.WELLS

(၁၇)ကမ္ဘာ့ယဉ်ကျေးမှု
ဗုဒ္ဓ၀ါဒသည် လူ.သမိုင်းတွင် ကမ္ဘာ. ယဉ်ကျေးမှု တိုးတက် မြင့်မားရေးနှင့် စစ်မှန်သော ယဉ်ကျေးမှုထွန်းကားရေး အတွက် အခြားသော သြဇာသက်ရောက်မှုများထက်ပိုမိုသြဇာသက်ရောက်စေခဲ့သည်။
အိပ်ခ်ျ ဂျီဝဲလ်


(18)Democracy
BUddhism was a democratic movement,which upheld democracy in religion,democracy in society,and democracy in politics.
DR.AMBEDKAR

(၁၈)ဒီမိုကရေစီ
ဗုဒ္ဓ၀ါဒသည် ဒီမိုကရေစီ လှုပ်ရှားမှု တစ်ခု ဖြစ်သည်။ဘာသာရေး ဆိုင်ရာဒီမိုကရေစီ၊လူမှုအဖွဲ.အစည်း ဆိုင်ရာ ဒီမိုကရေစီ၊ နိုင်ငံရေး ဒီမိုကရေစီ တို.ကိုထောက်ခံသည်။
ဒေါက်တာ အယ်မ်ဘက်ကာ


(19)Appreciation of Buddhism
Although one may originally be attracted by its remoteness,one can appreciate the real value of buddhism only when one judges it by
the result it produces in one's own life from day to day.
DR.EDWARD CONZE
A WESTERN BUDDHIST SCHOLAR

(၁၉)ဗုဒ္ဓ၀ါဒသို. သက်ဝင်ခြင်း
မူလဘူတအားဖြင့် အဝေးက ဆွဲဆောင်နိုင်သော်လည်း တစ်နေ.ပြီးတစ်နေ. ဘ၀မှထွက်ပေါ်လာသည့် အကျိုး ရလဒ်ဖြင့် ဆုံးဖြတ်သည့်အခါမှသာ ဗုဒ္ဓဘာသာ၏ စစ်မှန်သောတန်ဘိုးကို သဘောသက်ဝင်နိုင်ပေသည်။
ဒေါက်တာ အက်ဒွပ် ကွန်ဇ်
(အနောက်တိုင်းဗုဒ္ဓဘာသာပညာရှင်)


(20)Example from Asoka
Turn to buddhism,and you will read that Asoka not only preached a lofty morality but exercised the power of kingship in a manner that shames our modern sovereigns of other faiths.
GEOFFREY MORTIMER,
A WRITER IN THE WEST

(၂၀)အသောာကမင်းထံမှ နမူနာ
ဗုဒ္ဓဘာသာဘက်သို.ဦးလှည့်လိုက်ပါ။အသောကမင်းတရားသည် မြင့်မြတ်သည့်သီလကို ဟောပြော သည် သာမက အခြားသော ယုံကြည် ကိုးကွယ်မှုများ၏ ခေတ်သစ်အဓိပတိများကို အရှက်ရစေ လောက်အောင် မင်းအာဏာကို အသုံးပြုခဲ့ကြောင်း လေ့လာဖတ်ရှု.ရပေလိမ့်မည်။
ဂျော့ဖရေး မော်တိုင်းမား


(21)Buddhism and other faiths
Buddhism is like palm of the hand,the other religions being the fingers.
THE GREAT KHAN MONGKA

(၂၁)ဗုဒ္ဓဘာသာနှင့် အခြားယုံကြည်မှုများ
ဗုဒ္ဓဘာသာသည် လက်ဝါးနှင့်တူ၍ အခြားဘာသာများကား လက်ချောင်းများနှင့် တူပေသည်။
သဂရိတ် ခန်း မွန်ဂါ


(22)Life by principle
Buddhism taught a life not by rule,but by principle,a life of beauty, and as a consequence,it was a religion of tolerance.It was the most charitable system under the sun.
REV.JOSEPH WAIN

(၂၂)ကျင့်ဝတ်ဖြင့်သင်ကြားခံရသည့်ဘဝ
ဗုဒ္ဓဘာသာသည် ဘ၀ကို စည်းမျဉ်း၊စည်းကမ်းဖြင့် သွန်သင် ဆုံးမသည် မဟုတ်ပဲ ကျင့်ဝတ်ဖြင့် သွန်သင် ဆုံးမပေးသည်။ထိုကြောင့် ဗုဒ္ဓဘာသာသည် စိတ်ရှည် သည်းခံသည့် ဘာသာတရား ဖြစ်သည်။
အရှင်မြတ် ဂျိုးဇက် ၀ိန်း

Tuesday, February 12, 2008

ဇရာ .... သို့.... အသိတရားတစ်ခု...

“အိမ်ရှုင်နှင့် ဧည့်သည်များအား ကျွန်တော် ရုတ်တရက် မမှတ်မိသည်ကို ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်အောင် ဖြစ်နေပါသည်။ သူတို့ အားလုံးသည် အဘယ်ကြောင့် ရုပ်ဖျက်ထားသည့် ပုံပေါ်နေကြသနည်း။ အများအားဖြင့် နံ့သာမှုန့်ဖြူးထားသည့် ဆံပင်တုများကို တပ်ထားကြသဖြင့် ရုပ်တစ်မျိုးဖြစ်နေကြသည်။ သူတို့၏ မုတ်ဆိတ်မွှေးများမှာ ဖြူလျက်ရှိပြီး ခဲဆွဲထားသည့် ဖိနပ်ကို စီးထားသည့်နှယ် ခြေဒရွတ်တိုက်လျက်ရှိ၏။ နှုတ်ခမ်းမွေးများသည် ငလက်မ သစ်တောထဲက နှင်းခဲများ ဖုံးသလို ဖြူဆွတ်လျှက် ရှိသည်။” ဆရာမြသန်းတင့် ဘ၀နေနည်း အနုပညာထဲမှ ပရုစ်ရဲ့ ၀တ္ထုတစ်ပုဒ်ထဲတွင် ရေးသားထားသော ငယ်သူငယ်ချင်းတွေကို အနှစ် သုံးလေးဆယ်ကြာမှ ပြန်တွေ့ရတဲ့အခါ ရင်ထဲမှာ ပေါ်လာသော ခံစားချက်ကို ပြန်လည်မျှဝေခြင်းပါ။ ဘ၀သည် နှစ်ပေါင်းများစွာ ကြာလာသော အခါတွင် လူငယ်လေးများကို လူအိုကြီးများအဖြစ်သို့ ပြောင်းလဲပစ်လေ့ ရှိကြောင်းကို အမှတ်တမဲ့ အနေမှ အမှန်တကယ် ခံစား သဘောပေါက်မိပါပြီ။ နုပျိုခြင်းနဲ့ အိုမင်းခြင်းသည် နှေးကွေးစွာ ပြောင်းလဲခြင်းကြောင့် မည်သူမျှ သတိမထားမိခြင်းမှာ အပြစ်တစ်ခု မဟုတ်ပါ။ အိုမင်းခြင်းသည်လည်း အပြစ်တစ်ခုမဟုတ်ပါ။ သို့သော် တစ်ခါတစ်ရံ ကြားရသော စကားသံများမှာ အပြစ်တစ်ခုကဲ့သို့ပင် 'ဒီအဖိုးကြီးနှယ်.. အသက်ကြီးနေပြီ ကိုယ့်နေရာကို မနေဘူး။ နေရာတကာပါတယ်။ ကိုယ့်အသက်နဲ့ ကိုယ့်နေရာ မသိဘူး ထင်ပါရဲ့ ' အမှန်ပင် စိတ်ထိခိုက်စေသော စကားလုံးများပင် ဖြစ်ပါသည်။ လောကကြီးတွင် အိုမင်းခြင်း အတွက်သီးသန့် နေရာရှိပါသလား။ မည်သို့သော နေရာမျိုးနည်း။ တစ်ခါတစ်ရံတွင် 'ဒီအဖိုးကြီးနှယ် လွန်တာထက် အိုနေပါလား...အေးလေ ဦးနှောက်လေး ဘာလေးသုံးပါလား......ဒီခောတ် ကြီးထဲမှာ နုပျိုချင်ရင် လွယ်လွယ်လေး တုံးလိုက်တဲ့ဦးနှောက် 'အော်.. ဘုရား.. ဘုရား.... အိုမင်းခြင်းသည် ဦးနှောက်နဲ့ ဆိုင်ပါသလား။ ဦးနှောက် ကောင်းလျှင် မအိုမင်းတော့ဘူး တဲ့လား။ ရှိပါသေးသည်.. ' အဖိုးကြီးက ခါးကိုင်းကိုင်းနဲ့ style ပေါ့.....အေးလေး ဆံပင်ကအဖြူရောင် ဆိုးထားသေးတယ်.ဟီဟိ.' ငါ့ဘ၀က ဟာသ တစ်ခုလိုဘာဘဲလား... အိုမင်းခြင်းသည် ဟာသတစ်ခုလား။ ငါကိုပြောတဲ့ သူတို့တွေကော မအိုမင်းတော့ဘူးတဲ့လား။ ငါဘယ်အထိတာင် တွေးနေမိ ဘာလိမ့်ဟင်။အရှေ့မှာ တံခါး တစ်ချပ် ပွင့်လာပြီ ဘာတံခါးပါလိမ့်....မရဏ တံခါး ဆိုပါလား...အော်..ဘာလိုလိုနဲ့ ငါ့ဘ၀ရဲ့ နေ၀င်ချိန် ရောက်လာ ခဲ့ပါရော့ လား။ဟင်သူတို့ ငါဖြတ်သန်း ခဲ့တဲ့ ရှည်လျားတဲ့ ဘ၀လမ်း တစ်လျောက်မှာ ငါရှာခဲ့တဲ့ ပိုက်ဆံတွေ၊ ငါရခဲ့တဲ့ ရာထူးဂုဏ်တွေ၊ ငါဝယ်ခဲ့တဲ့အိမ်တွေ...... ကားတွေ.. စည်းစိမ်တွေ..၊ ငါ့ကိုချစ်လှပါပြီဆိုတဲ့ လူတွေ၊ ဟုတ်တယ် သူတို့တွေက ဘာလို့ငါနဲ့အတူ မလိုက်ကြတာလဲ။ ဘာလို့ ဟိုအဝေးကြီးက ကြည့်နေကြတာလဲ။ ခေါ်လို့လဲမရပါလား ငါသိပြီ ဒီတံခါးက ငါ့အတွက် သီးသန့်ဖွင့်ထားတဲ့တဲ့ တံခါးတစ်ချပ်ပါလား။သူတို့အတွက် တံခါးတွေလဲ တစ်ချိန်ချိန်မှာ ပွင့်လာကြဦး မှာပါလေ။ငါအားလုံးကို နားလည်လိုက်ပြီ... အားလုံးကို သဘောပေါက်ခဲ့ပါပြီ.... ငါ မျက်ရည်တွေ ကျနေပါရော့လား ကျသင့်ပါတယ်လေ။ တန်ဖိုးရှိတဲ့ မျက်ရည်တွေပါ.. ငါထားခဲ့ရတဲ့အရာတွေ အတွက်ကျတဲ့ မျက်ရည်မှမဟုတ်တာ။ နောက်ကျခဲ့တဲ့ အသိတရားများစွာအတွက ကျတဲ့မျက်ရည်တွေပါ ငါလိုမျိုး အသိတရား နောက်ကျမှု့တွေ မကြုံကြပါစေနဲ့လို့ အားလုံးကို ဆုတောင်းပေးခဲ့ပါတယ်။ ခဏတာ လည်ပတ်ခွင့်ပေးတဲ့ လောကကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးကိုလဲ ဒီနေရာကနေ နှုတ်ဆက်ခဲ့ပါတယ် ............. သံသရာတစ်ကွေ့ ပြန်တွေ့မယ်လို့ မျှော်လင့်ရင်း ...................။

Saturday, February 9, 2008

ညီလေးသို့..

ညီလေး...မင်းမိန်းကလေးတစ်ယောက်အတွက်အရမ်းခံစား
နေရတယ်ဆို...ဟုတ်လား...အင်းလူငယ်တို့သဘာဝကိုအစ်ကို
နားလည်ပါတယ်......ဒါပေမယ့်အစ်ကိုပြောတာကိုတော့
ညီလေးသေချာစဉ်းစားစေချင်တယ်...feeling ဆိုတဲ့အရာကို
ညီလေးဘယ်လောက်သိလဲ....တကယ်တော့ feeling ဆိုတာ
ခံစားသူဘက်ကရှိတဲ့အရာတစ်ခုပါ...မခံစားသူဘက်ကမရှိနိုင်
ပါဘူး...အခုဆိုညီလေးဘက်ကဘယ်လောက်ထိနစ်နာနေပြီလဲ
ဆိုတာညီလေးစဉ်စားကြည့်...အချိန်မှီပါသေးတယ်.....ညီလေး
ခဏခဏပြောနေကျစကား...မှတ်မိလား?...ညီလေးဘ၀ကသူ..
ညီလေးရဲ့ဘ၀အဖော်မွန်ကသူ...ညီလေးဘ၀လက်တွဲဖော်က
လည်းသူဘဲဆို..ဟုတ်ပြီညီလေးအစ်ကိုထပ်ပြောမယ်....နား
ထောင်..တကယ်တော့ယောက်ျားတစ်ယောက်ရဲ့အဖော်မွန်
ဟာကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုသာဖြစ်သင့်တယ်...မိန်းမ
တစ်ယောက်နဲ့ပတ်သတ်တဲ့အတွေးတွေအမြဲစိုးမိုးနေတဲ့
ယောက်ျားတစ်ယောက်ဟာဘယ်တော့မှထူးချွန်ထက်မြက်
တဲ့ယောက်ျားတစ်ယောက်ဖြစ်မလာနိုင်ဘူးညီလေး...အစ်ကို
နောက်တစ်ခုမှာချင်သေးတယ်..အဲ့ဒါဘာလဲဆိုတော့ဘ၀ပေးတာ
ဝန်ကိုကျေပွန်အောင်လုပ်ပါလို့..ဘ၀ပေးတာဝန်ဆိုတာဘာလဲ..ညီလေး
နားလည်အောင်ပြောရရင်..ကျောင်းသား..သူ့အလုပ်ကစာကျက်ရမယ်
စာကျက်ခြင်းဟာသူ့ရဲ့ဘ၀ပေးတာဝန်ပေါ့...ဆရာဝန်..သူ့အလုပ်ကဆေး
ကုရမယ်..ဆေးကုခြင်းဟာ..သူ့ရဲ့ဘ၀ပေးတာဝန်လေ..ဘ၀ပေးတာဝန်
မကျေပွန်တဲ့လူလောက်ရှက်ဖို့ကောင်းတဲ့လူလောကကြီးမှာမရှိဘူး...ဟုတ်
ပြီညီလေး...အစ်ကိုအခုပြောသလောက်ကိုဘဲညီလေးစဉ်စားထားပါ...
အရာရာတိုင်းကိုမှန်ကန်တဲ့အသိတရားများနဲ့သာဆုံးဖြတ်နိုင်ပါစေလို့
အစ်ကိုဆုတောင်းပေးလိုက်ပါတယ်..........

Friday, February 8, 2008

လေလွင့်ငှက်၏သစ္စာတရား

တောင်းပန်ပါတယ်ဟာ....သူတို့အကြောင်းတွေကိုငါမကြားပါရစေနဲ့နော်.
..ငါဟာနင့်ရဲ့ပထမဆုံးလူမဟုတ်ခဲ့ဘူးဆိုတဲ့အချက်က
ငါ့ဘ၀ရဲ့နောက်ဆုံးအချိန်ထိ ငါရင်ထဲမှာအမြစ်တွယ်နေမှာ
နင်မသိဘူးနော်.......နင်င့ါကိုအစားထိုးချစ်ခဲ့တယ်ဆိုတာ..
ငါသိပါတယ်....ငါသိ့ပေမယ့်ဟန်ဆောင်နေခဲ့တာ အလို့မှမ
ဟုတ်တာ..ငါလေနင်ထားတဲ့အဆင့်နင်ပေးတဲ့နေရာကနေ
ချစ်ခဲ့ရသူပါ...တခါတလေငါကငါ့သူငယ်ချင်းကောင်မလေး
အကြောင်းပြောရင်နင်ဒေါသထွက်တယ်နော်..နင်အချစ်ဟောင်း
တွေအကြာင်းပြောရင်နင်ပျော်လို့...အဲ့ဒီအချိန်တိုင်းငါမျက်ရည်မကျ
အောင်ထိန်းခဲ့တာ..နင်ကိုပျော်စေချင်လို့ပါဟာ...
ဘယ်သူမှားမှားဘယ်သူမှန်မှန်....တောင်းပန်မှု့တိုင်းဟာ
ငါဘက်ကစတင်ခဲ့ရတယ်နော်....အဲ့ဒါတွေဟာဘယ်လောက်ထိ
ယောက်ျားမာနကိုထိခိုက်စေခဲ့တယ်ဆိုတာနင်မသိ
ခဲ့ဘူးနော်.....ထားလိုက်ပါတော့ဟာ...နင်ခံစားချက်ရှိနေသ၍
ငါကိုချစ်နိုင်ပါတယ်...ခံစားချက်မဲ့တဲ့တစ်ချိန်ကျရင်တော့
သွားတော့တစ်လုံးနဲ့တင်ငါနေခဲ့မှာပါ....အဲ့တာတွေက
ဘယ်တော့မှပျောက်ကွယ်မသွားမယ့်ငါရင်ဘတ်ထဲက
သစ္စာတရားတွေပါ........

Tuesday, February 5, 2008

အလွမ်းမဲ့ အချစ် (သို့) တစ်ပြည်သူ ချစ်သူသို့

ဆုံနိုင်ပါမလား နုငယ်..လို့မေးလိုက်တိုင်းဆုံပါတယ်ကိုရယ်လို့..
အမြဲတမ်းအလွယ်ပြောတတ်တယ်နော်......
ယြုံကည်ချက်ထပ်တူမကျချင်းတွေနဲ့ဖြစ်တည်ခဲ့တဲ့အချစ်တွေဟာ
ဝေးလွင့်ရစမြဲပါ နုငယ်ရယ်...မင်းအဲ့ဒါကိုမေ့နေရော့လားဟင်၊၊
မိဘတွေရဲ့သြော်ဇာကိုအကြောက်တရားများစွာနဲ့မလွန်ဆန်နိုင်တဲ့
တစ်ပြည်သူမင်းနဲ့...ငယ်စဉ်ကတည်းကဖြစ်တည်ခဲ့တဲ့ယုံကြည်
ချက်တစ်ခုကိုဘယ်အရာနဲ့မှအစားမထိုးမဲ့ကိုနဲ့.................
တို့ရဲ့အချစ်တွေဟာထာဝရတည်မြဲနိုင်ပါမလားနုငယ်ရယ်...
အမှန်အတိုင်းပြောရရင်..မင်းရဲ့အဝေးဆုံးနေရာဆိုတာ..ကို
အကြာက်ဆုံးနေရာတစ်ခုပါနုငယ်ရယ်။
မင်းလဲကို့လိုပါဘဲ....ကို့သိပါတယ်............ဒါပေမယ့်
ချစ်လျက်နဲ့ခွဲခွာရတဲ့အချစ်တွေဟာတန်ဖိုးရှိတတ်စမြဲပါ..
နုငယ်.......နော်.....။
နုငယ်မငိုရဘူးနော်.......အင်းလေ...သံယောဇဉ်ဆိုတာက
လည်းအချည်လွယ်သလောက်..အဖြေရခက်ပါတယ်လေ။။။
အခြေအနေအကြောင်းတရားတစ်ရပ်ကြောင့်ခွဲခွာရပေမဲ့...
ပျောက်ကွယ်မရနိုင်တဲ့ချစ်ခြင်းတရားများစွာဟာကိုယ့်ရင်တဲ
မှာထာဝရအမှတ်ထင်ထင်ရှိနေမှာပါ.....နုငယ်ရယ်....
စိတ်မကောင်းဖြစ်ရုံမှတပါးပြောစရာစကားမဲ့နေရပြီလေ.........။။ ။။

Saturday, February 2, 2008

အချစ်ဦးသို့

ဟယ်လို..မောင်..ခိုင်အရမ်းချစ်တယ်.........သိလား.....
အင်း...မောင်လည်းအရမ်းချစ်တယ်.......
အတူတူနေမယ်နော်မောင်........
အင်းစိတ်ချခိုင်.......မောင်ကြိုးစားမယ်.........
bye..see u tomorrow....မောင်.....
bye.....

ငါအိမ်မက်မက်နေတာပါလား……..အော်…ဝေးခဲ့ကြပြီလေ………
ဟင်….ငါငိုနေတယ်.....
ဟင်အင်း…..ငါမငိုဘူး……..မငိုဘူး……………ဘာလို့မျက်ရည်တွေကသူအလို
လိုကျနေရတာလဲအော်…..သိစိတ်ကမေ့ဖို့ကြိုးစားနေပေမယ့်……..မသိစိတ်
ကတမ်းတနေမိတာကိုး...

ခွဲခွာခြင်းဆိုတာ………… ဆန့်ကျင့်ဘက် အရပ်မှာရှိတဲ့ တို့နှစ်ယောက်အတွက် အကောင်းဆုံးပါဘဲလေ။
နင်က ဟစ်ဟော့်သီချင်းလေးတွေကို အရမ်းကြိုက်တတ်ပေမယ့် ငါကတော့ ပေါ့အေးအေးလေးတွေကိုဘဲ ကြိုက်တယ်။
နင်ကစကတ်တိုတိုနဲ့ free style လေးတွေကို မြတ်နိုးပေမယ့် ငါကတော့ လည်ကတုံးနဲ့ယောပုဆိုးကို စွဲစွဲမြဲမြဲဝတ်တတ်တယ်။
နင်က internet မှာ လက်မလည်အောင် chat ရတာ ပျော်ပေမယ့် ငါကတော့ website တစ်ခုမှာ စာဖတ်နေရရင် ကျေနပ်နေတတ်တယ်လေ။
ကံသင့်လိုနီးရတယ်..ကံပင့်လို့ဝေးကြရတယ်တဲ့.......ငါနားလည်ပေမယ့် မခံစားနိုင်တာအမှန်ပါ....။ ငါရဲ့တည်ငြိမ်နေတဲ့ နှလုံးသားကို နင်ကပဲစတင် နွေးထွေးစေခဲ့တာနော်။
ငါ့ရဲ့ရှိစုမဲ့စု ခွန်းအားတွေနဲ့ အစွမ်းကုန်ချစ်ခဲ့တဲ့အချိန်မှာဘဲ.. နင်ငါ့ကို စိန်ခေါ်မှုများစွာနဲ့ ထားခဲ့တယ်နော်။ ဒါပေမဲ့ငါကျေနပ်တာ တစ်ခုရှိတယ်။ အဲ့ဒါဘာလဲဆိုတော့.. နင်နဲ့ငါနောက်ဆုံး လမ်းခွဲချိန်ထိ ငါ့ဘက်မှာ ဘာအပြစ်အနာစာမှ မရှိခဲ့တာကိုဘဲ။ ဒါပေမဲ့..နင့်အကြောင်း စဉ်းစားမိတိုင်း နှလုံးသားကတစ်ဆစ်ဆစ်နဲ့ ဘာလို့ မျက်ရည်တွေ ကျနေမိပါလိမ့်.... ငါ့စိတ်ဓါတ်ကိုက ပျော့ညံ့လွန်း ပါတယ်ဟာ........။ ပြီးတော့ ငါကျေနပ်တာ တစ်ခု ရှိသေးတယ်ဟ.. အဲ့ဒါက နင်နဲ့ငါသာ ဆုံဆည်းခဲ့ရင် နင်ရဲ့အင်းယားလမ်း ရတနာဆိုင် မျှော်လင့်ချက်ကို ငါကူညီ နိုင်မှာ မဟုတ်ဘူးဟ။ ငါက အညတရလေ..ငါ့အကူအညီ မလိုဘူး ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါအချစ်ဆုံးသူကို နည်းနည်းတော့ ကူညီချင်တာအမှန်ပါ။ အခုဆိုရင်တော့ နောက်တစ်ယောက်က နင့်ကို အများကြီး ကူညီနိုင် မှာပါ။ ငါကျေနပ်တယ်သိလား။ တကယ်တော့ ပေးဆပ်ခြင်းက ရယူခြင်းထက်ပိုခက်တယ်ဟ။ အဲဒီ အချိန် ကြရင်လေ....ဟိုးအဝေဆုံး တစ်နေရာ ကနေ အပျော်ဆုံး လူတစ်ယောက် အနေနဲ့ နင့်ရဲ့ အောင်မြင်မူတွေကို ကြည့်နေ မယ်နော်။ ဒါပေမဲ့ ငါကို တစ်ခုတော့ ခွင့်ပြုပါဟာ...။မျက်ရည် ကျပါရစေနော် ဘ၀နဲ့ရင်းပြီး ချစ်ခဲ့ရသူမို့ပါ ဘ၀ဆက်တိုင်းလည်း မဆုံပါရစေနဲ့နော် မခံစားနိုင်လွန်း လိုပါဟာ...