Thursday, June 5, 2008

အမြင်မှန်(၅)

စီဘောက်မှာ အမြင်မတော်တာတွေ တွေ့နေရလို့ နောက်ပိုစ့်တစ်ခု ထပ်တင် လိုက်ပါတယ်။မင်းတို့ဘာတွေ အဲ့ဒီလောက်တောင် မကျေနပ် ဖြစ်နေရလဲ ဆိုတာ နားမလည် နိုင်အောင်ပါဘဲ။မင်းတို့လို လူမျိုးတွေ အားလုံးပေါင်းရင် နိုင်ငံလူဦးရေ ၁၀ ရာခိုင်နုန်း မပြည့်ဘူး ဆိုတာ မင်းတို့ သိပြီးသားပါ။အများနဲ့ အနည်း ဘာလို့ လက်မခံဘဲ ကိုယ်ကျိုးရှာဖို့၊အတ္တကြီးစွာနဲ့ တိုင်းပြည်ကို အပုတ်ချ နေကြတာလဲ။နားမလည်နိုင် လောက်အောင်ပါဘဲ။မင်းတို့ တိုင်းပြည်အတွက် ဘာလုပ်ပြီးပြီးလဲ။ဘာတွေ အနစ်နာခံ ပြီးပြီးလဲ။မင်းတို့ လက်တွေ့ပြစရာ ရှိလား။မရှိပါဘူး။အချောင်နေရင်း ဘ၀လေးတွေ ပြောင်းမလားလို့ လိုက်ယောင်တဲ့ အဆင့်ဘဲ ရှိပါတယ်။တိုင်းပြည်ကို ချစ်တယ် ဆိုတဲ့လူက မင်းတို့လို တိုင်းပြည်ကို အပုတ်ချတဲ့ အလုပ်တွေ ဘယ်တော့မှ မလုပ်ဘူးကွ။မင်းတို့ တိုင်းပြည်တိုးတက်ဖို့ လက်ညိုးတစ်ချောင်း ပေးရဲလား။ဘယ်သူမှ မပေးရဲပါဘူး။အဲလိုမျိုး တောင်းဆိုရင် ရှူးချင်ဟန်ဆောင်ပြီး နားမကြားချင် ဟန်ဆောင်မဲ့ လူတွေကြီးပါဘဲ။

ယနေ့ကာလဆိုတာ မင်းတို့သိတဲ့ အတိုင်းလေ နိုင်ငံရဲ့ အနာဂတ် အလှည့် အပြောင်း ကာလ တစ်ခုကို ရောက်ရှိနေတယ်။ ဒီအချိန်မှာ မင်းတို့ကော်၊ ငါတို့ကော်၊ပြည်သူ တစ်ရပ်လုံးကော် ဆန္ဒစွဲ ၊ပုဂ္ဂိုလ်စွဲ၊ အတ္တအကျိုး စီးပွားစွဲ၊ တွေကို ဘေးဖယ်ထားပြီး အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်တတ်မှ အနာဂတ် ရွှေနိုင်ငံဆိုတာ ဖြစ်လာမှာလေ။မင်းတို့ ဒါကို နားလည်ဖို့လိုတယ်။မင်းတို့ကြောင့် ပြည်သူတွေပါ နားယောင်လာပြီး အုပ်စုတွေကွဲ၊ စိတ်ဝမ်းတွေကွဲ သတ်ကြဖြတ်ကြ၊နဲ့ ပြီးတော့ အနောက်နိုင်ငံတွေရဲ့ ပယောဂတွေပါ ၀င်လာပြီးတော့ အခြေအနေတွေ ပိုဆိုးလာရင် ငါတို့တိုင်းပြည်အတွက် ရွှေပန်းတိုင်ဆိုတာ ဝေးပြီးရင်း ဝေးနေမှာလေ။ဒါကို မင်းတို့ နားလည်တတ်ရမယ်။

လက်ရှိ တပ်မတော် အစိုးရကိုလည်း ကြည့်ပါအုံး။ဘယ်သူမှ ထိုင်နေတဲ့သူ မရှိပါဘူး။အကုန်လုံး အလုပ်လုပ် နေကြတာပါဘဲ။မင်းတို့ တိုးတက်ချင်တယ် ဆိုတာ နိုင်ငံတော်အကြီးအကဲတွေရဲ့ တိုးတက်ချင်စိတ်နဲ့ ယှဉ်ကြည့် ရင် ၁၀၀ပုံ ၁ပုံ မရှိပါဘူး။မင်းတို့ရဲ့ မကောင်းမြင် မျက်လုံးတွေကို ခဏ ဘေးဖယ်ပြီး ကြည့်ရင် အားလုံးကိုမြင်ရ မှာပါ။၁၉၈၈ မတိုင်မီနဲ့ နောက်ပိုင်းကို မင်းတို့ နှိုင်းယှဉ်ကြည့်ပါ။နိုင်ငံရေး၊ စီးပွားရေး၊ လူမှူရေး၊ အရာ အားလုံး ဟာတစ်ခြားစီပါ။အထူးသဖြင့် ပြည်တွင်း သောင်းကျန်းသူတွေရဲ့ ရန်တွေကို တပ်မတော်ကဘဲ အသက်ပေါင်း များစွာ စတေးပြီး ရင်ဆိုင် ဖြေရှင်းခဲ့ ရတယ်လေ။မင်းတို့ ထိုင်ပြီး ထတဲ့ အချိန် ရှေ့တန်း တစ် နေရာမှာ တပ်မတော်သား ပေါင်းများစွာ အသက်ပေး ပြီးသွားပြီး ဆိုတာ မင်းတို့ နားလည် စေချင် တယ်။မင်းတို့တွေလို မိသားစုတွေနဲ့ စီပွား အေးအေး ဆေးဆေးရှာပြီး ဘ၀တွေကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းရတဲ့ တပ်မတော်သား ဆိုတာ မရှိပါဘူး။ဒါတွေက ချီးကျူးစရာလား ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပေါ့လို့ မင်းတို့ပြောမှာပါ။ သိပါ တယ် ။ဟုတ်ပါ တယ် ဒါပေ့မယ် ကျောင်းသား ကျောင်းမှန်မှန် တက်တာ မဆန်းပေမဲ့ နှစ်တိုင်း ဆုရအောင် လုပ်နိုင်တာတော့ ချီးကျူးသင့်ပါတယ်။ဒါတွေကထားပါ မင်းတို့အပိုင်း။

နောက်တစ်ခု နာဂစ်တဲ့ မင်းတို့အနောက်အားကိုး မီဒီယာတွေကြောင့် ငါတို့လည်း ရသမျိုးစုံ ခံစားလိုက်ရတယ်။တစ်ခုတော့ ကျေးဇူးတင်ပါတယ်။ နာဂစ်ကို တပ်မတော် အစိုးရ လုပ်တယ်လို့ မပြောလို့။ မင်းတို့ တွေရဲ့ မကောင်းမြင်ဝါဒတွေကို ဘယ်လိုရှုင်းပြမှ အမြင်မှန်ရကြမှာလဲ။ပြီးတော့ တရုတ်နဲ့ မင်းတို့က ယှဉ် သေးတယ်။တရုတ်နဲ့ ငါတို့နဲ့က အခြေအနေချင်း မတူတာကို လူတိုင်းသိနေတာဘဲ။တရုတ်က ငါတို့နိုင်ငံထက် အစစ အရာရာ သာတာ ကလေးတောင် သိပါတယ်။ဒီမှာ ငါမင်းတို့ကို တစ်ခုပြောမယ် အင်ဒီုးနီရှားရဲ့ ဆူနာမီဟာ ၂နှစ်ကျော်ပြီးမှ ပုံမှန် လည်ပတ်နိုင်တာ မင်းတို့သိပါတယ်။အခုဆို တပ်မတော်ရဲ့ အကြီးအကဲ ကနေစပြီးတော့ အောက်ဆုံး တပ်မတော်သားတွေထိ၊နောက်ဆုံး ကြည်း၊ရေ၊လေ၊ ပေါင်းပြီးတော့ကို လုပ်နေတာ ဘဲလေ။ မျက်စီစုံ မှိတ်ပြီးတော့ မနေစေချင်ဘူးကွာ။နားလည် စေချင်တယ်။မင်းတို့ ပြောနေသလို ပြည်သူထဲက ၀င်ကြည့်ပါတဲ့၊ ဟုတ်ပါပြီ။ ငါဟာလည်း ပြည်သူထဲကနေ တပ်မတော်သား ဖြစ်လာ တာပါ။ ငါမိသားစု အားလုံးလည်း ပြည်သူပါဘဲ၊ဒါပေမဲ့ မင်းတို့လိုတော့ အနောက်အားကိုး ပြည်သူတော့ မဟုတ်ဘူး ပေါ့။ဒီလောက်ဆို နားလည်မယ်လို့ ထင်ပါ တယ်။

အခုဆို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးလည်း အောင်မြင်စွာနဲ့ ပြီးဆုံးသွားပြီ။ဒါဟာ ငါတို့နိုင်ငံရဲ့ အနာဂတ် ရွှေနိုင်ငံဖြစ်ဖို့ အပြောင်းအလဲတစ်ခုဆို မမှားပါဘူး။ဒါကို ပြည်သူတွေအားလုံး ၀မ်းသာနေတဲ့ အချိန်မှာ မင်းတို့ ၀မ်းနည်းနေတာကို စိတ်မကောင်းပါဘူး။မင်းတို့လို့ တိုင်းပြည်ကို ချစ်တယ်ဆိုပြီးတော့၊လမ်းတောင်လျှေက်ပြီး ချစ်ပြတဲ့ လူတွေ အနေနဲ့ ပိုပြီးတောင် ၀မ်းသာသင့်တယ်။စီးပွားရေးကို ထိခိုက်သွားလို့ ၀မ်းနည်းတာဆိုရင်တော့ ငါလည်းစိတ်မကောင်းပါဘူး။ငါတို့နိုင်ငံအတွက် ဒီနေ့နဲ့ မနက်ဖြန် မတူအောင်၊မနက်ဖြန်နဲ့ နောက်တစ်နေ့ မတူအောင် လုပ်နေတဲ့ အချိန်တွေမှာ၊ငါတို့ လက်တွေ မခိုင်မြဲရင်တောင်၊ မပြုတ်စေချင်တာ ရင်ထဲက စေတနာ ပါ။မဝေးတော့တဲ့ ၂၀၁၀မှာ ငါတို့ပြည်သူတွေ အားလုံး ပြုံးပျော် ကြရတော့မယ်။မင်းတို့လည်း အမြင်မှားတွေကို မှန်ကန်တဲ့ အတွေးတွေနဲ့ အစားထိုးပြီး ပြုံးပျော်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။