Wednesday, June 11, 2008

အ့မြင်မှန်(၇)

"တပ်မတော်" ဟူသည်ကား အဘယ်နည်း။နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် သာယာလှပရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး၊ ထိုနိုင်ငံ၏ ပြည်သူတို့၏ ဘ၀၊အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောက်ရှောက်ပေးသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ကျွန်တော့်တို့ မြန်မာတပ်မတော်မှာလည်း ထို့အတူပင်ဖြစ်သည်။ထို့အပြင် သမိုင်း ကြောင်းအရ ကြည့်မည်ဆိုပါကလည်း အချိန်ကာလ ရွေ့လျားခဲ့မှုကြောင့် ပြင်ပအသွင်အရ ပြောင်းလဲခဲ့သော်လည်း တပ်မတော်၏ ဦးတည်ချက်တွေက ပြောင်းလဲမှု မရှိပါချေ။ထိုဦးတည်ချက်သည်ကား မိမိတို့၏ အကျိုးကို မလိုလား၊တိုင်းပြည်နှင့် ပြည်သူတို့၏ ကောင်းကျိုးကိုသာလိုလားသည့် ခိုင်မာသော အရင်းခံ စိတ်ဓတ် ပင် ဖြစ်ပါသည်။


မြန်မာတပ်မတော်၏ သမိုင်းကား အစဉ်အလာကြီးမားခဲ့ပေသည်။ပုဂံခောတ်မတိုင်မီ ပျူခောတ်မှသည် ပုဂံ၊ပင်းယ၊အင်းဝ၊တောင်ငူ၊ညောင်ရမ်း၊ကုန်းဘောင်ခောတ်များမှအစ ယခုခောတ်ကာလတိုင်အောင် ပြည်သူ နှင့်မခွဲ တစ်သားတည်း "ပြည်သူ့ဘက်က တပ်မတော်" အဖြစ်တည်ရှိနေဆဲပင် ဖြစ်ပါသည်။တပ်မတော်သည် ခရစ်နှစ် ၉၄၆ ခုနှစ် မတိုင်မီ ပျူ၊ ဟန်မင်းဆက် ၃၀၀ တို့တွင် တောက်လင်ဝမ်၊ယခု တောင်တွင်းကြီးမြို့ အနီး၊ယှိလီယိ ယခု သီပေါမြို့၊ ၀န်းတော် ယခု ဟန်လင်းမြို့၊ မီနော့တောက်လိ ယခုဝတီးမြို့၊ တူမင်း ယခုမိုင်းမောရွာစသည့် တပ်မြို့များကို ဖော်ထုတ်နိုင်ခဲ့ပြီး တီကျယ်၊ တာ့လိမို၊ ကန်ထန်၊ မော့မူ စသည့် တပ်မြို့များကို ဖော်ထုတ် မရသေးချေ။သို့ဖြစ်၍ ခောတ်ပြိုင်တရုတ် ထန်မင်းဆက် သမိုင်းရာဇ၀င် ဖော်ပြချက်အရ မိမိတပ်မြို့၊ မိမိတပ်မတော်နှင့် ရပ်တည်ခဲ့ကြောင်း အခိုင်အမာပြောနိုင်ပေသည်။

ရှေးခောတ်ကာလ ဘုရင်မင်းများ စိုးစံစဉ်ကာလကတည်းကပင် မြို့၏ အင်္ဂါခုနှစ်ပါးသရုပ်၊ စစ်သူကြီးအင်္ဂါကိုးပါးသရုပ်၊ မင်းအင်္ဂါလေးပါးသရုပ် ဟူ၍သတ်မှတ်ထားကြောင်း မှန်နန်းရာဇ၀င် ပထမတွဲတွင် အခိုင်အမာဖော်ပြထားသည်။ထို့အပြင် ပျူခောတ်မှသည် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခောတ်တို့တွင်လည်း သူ့ခောတ်အခါ အနေအထားအရ စစ်ကိုဖွဲ့စည်းခဲ့ကြသည်။စစ်အင်္ဂါ ၆ ပါးဖြစ်သည့် စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စသည့်တို့ကို အခြေခံ၍ အကြပ်၊သွေးသောက်၊တပ်မှူး၊ဗိုလ်၊ တပ်မင်း စသည့်ဖြင့် ဖွဲ့စည်းပြီး၊ခံစစ်၊ ခွာစစ်၊ ချီစစ်၊ တိုက်စစ်ဟူသော စစ်သေနင်္ဂဗျူဟာ များကို ဖော်ဆောင်ခဲ့ပေ ရာ၊ ထိုအချက် များကိုကြည့်၍ မြန်မာနိုင်ငံသည် ရှေးပဝေသဏီ ကာလာကပင် တပ်မတော်တစ်ရပ် ဖွဲ့စည်း တည် ထောင်၍ မိမိအမျိုးကို ကာကွယ် စောင့်ရှောက်ခဲ့ကြောင်း သမိုင်းအထောက်အထားများနှင့် သက်သေခံနေ ပေသည်။

တပ်မတော်၏သမိုင်းကို လေ့လာကြည့်မည် ဆိုပါကလည်း ပုဂံခောတ် အနုရုဒ္ဓဒေ၀မင်းကြီး အနော်ရထာ လက်ထပ် ကျယ်ဝန်းလှသည့် နိုင်ငံတော်ကြီး စတင် သန္ဓေတည်၍၊တောင်ငူခောတ် ဘုရင့်နောင်ကျော်ထင် နော် ရထာ၏ စစ်ရေးအင်းအား အကြီးမားဆုံး နိုင်ငံတော်ကြီး ဖြစ်တည်ခဲ့ကာ၊ ထန်းလုံးတပ်မြို့လေးမှ တတိယ မြန်မာ နိုင်ငံတော်ကြီးကို ထူထောင်ပေးခဲ့သည့် အလောင်းမင်းတရားကြီး၏ စွမ်းရည်ပြည့်ဝမှု့များသည့် တိုင်အောင် ရှေးခောတ် တပ်မတော်ကြီးများ၏ စွမ်းရည်ပြည့်ဝမှုများ ကိုမှတ်သားရပေသည်။သို့ပါသော်လည်း ကုန်းဘောင် ခောတ် မြန်မာမင်းသီပေါမင်း လက်ထက်တွင် ထီးကျိုးစည်ပေါက် ထီးနန်းပျောက်ခဲ့ ရပေသည်။၁၈၈၆ ဇန်န၀ါရီလ ၁ ရက်နေ့မှ အစပြု၍ နှစ် ၁၀၀ ကျော်တိုင် သူ့ကျွန့်ဘ၀ ဖြစ်ခဲ့ရပုံများကို ကြည့်ခြင်းဖြင့် ထိုအချိန်က ခောတ်မှီ ခိုင်မာတောင့်တင်းသည့် တပ်မတော်တစ်ရပ် မရှိခဲ့ခြင်းကို သမိုင်းမှပေးသော သင်ခန်းစာတစ်ခုအဖြစ် ရရှိ ခဲ့ပေသည်။

ထို့နောက် ၁၉၃၉ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့သည့်အချိန် ဗြိတိသျှတို့၏ အင်အားချိနဲ့နေချိန်များတွင် လွတ်လပ်ရေးရရန် ကြိုးပမ်းနေသော အဖွဲ့အစည်းပေါင်းစုံမှ ပြည်သူ့ဘက်က ရပ်တည်ပေးမည့် တပ်မတော် တစ်ရပ်ကို ဖွဲ့စည်းခဲ့နိုင်ရန် ကြိုးပမ်းခဲ့ကြပါသည်။'တပ်မတော်အစ ရဲဘော်သုံးကျိပ'်ကဟုဆိုရိုး အတိုင်း သခင် အောင်ဆန်း ခေါင်းဆောင်ကာ ရဲဘော်သုံးကျိပ်တို့သည် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းသို့ သွားရောက်ကာ ဂျပန်တို့ထံမှ စစ်ပည်သင်ယူခဲ့ကြပါသည်။၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘောသုံးကျိပ်ဦးဆောင်သော လူငယ် ၂၀၀ ကျော်နှင့် ယခုတပ်မတော်၏ အစဖြစ်သော ဗမာ့ လွတ်လပ်ရေး တပ်မတော် (Burma Independance Army) ကိုဖွဲ့စည်း ခဲ့ကြသည်။ထိုမှတဆင့် စစ်ကြောင်းကြီး ၄ ကြောင်းခွဲကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်တို့နှင့် လက်တွဲကာ အင်္ဂလိပ်တို့အား မြန်မာမြေပေါ်မှ တိုက်ထုတ်ခဲ့ကြသည်။

၁၉၄၃ ခုနှစ်တွင် (Burmer Defence Army)ဘ၀ဖြင့် ဖက်စစ်တော်လှန်ရေးကို ပြင်ဆင်ခဲ့သည်။၁၉၄၃ ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်တွင် ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ)ကို ဗမာ့တပ်မတော်ဟု အမည်ပြောင်းခဲ့သည်။၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့မှစတင်၍ ဗိုလ်မှူးကြီးဗထူး ခေါင်းဆောင်ကာ အထက်မြန်မာပြည်တွင် ဖက်ဆစ်ကို စတင်တော်လှန်ခဲ့ရာမှ အစ၊ ၁၉၄၅ မတ်လ ၂၇ ရက်နေ့ အတိအလင်းစစ်ကြေငြာပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် တော်လှန်ရေးကြီးကို ဆင်နွဲခဲ့ကြခြင်းမှာ၊လူ လက်နက်၊ပြည်စုံခြင်းကားမဟုတ် အမျိုးကိုချစ်သောစိတ်သည်သာ အရင်းခံဖြစ်ပေသည်။

ဤသို့ဖြင့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့တွင် ပြည်သူတို့အတွက် လွတ်လပ်ရေးကြီးကို တပ်မတော်မှ အသက်၊သွေး၊ချွေး များစွာ စတေး၍ အရယူပေးခဲ့ပါသည်။ငုက်တို့၏ အင်အားသည် ကောင်းကင်၊ငါးတို့၏ အင်အားသည် ရေပြင် ဟုဆိုပါက အမိမြန်မာနိုင်ငံ၏ အင်အားသည် တပ်မတော်ပင် ဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အချုပ်အခြာအာဏာ ဆုံးရှုံးတော့မည့် အခြေအနေများစွာကို တပ်မတော်မှ အကြိမ်ကြိမ်ကယ်တင် ခဲ့ရသောကြောင့်ဖြစ်သည်။ထိုအခြေအနေများမှာ နဲ့ချဲ့တို့၏ သွေးခွဲမှူတို့ကြောင့် တိုင်းပြည်၏ စည်းလုံးညီညွတ်မှူ ပျက်ပြားကာ ရောင်စုံသူပုန်တို့၏ ရန်ကို ရင်ဆိုင်နေရချိန် ၁၉၅၈ တွင် တပ်မတော်က အိမ်စောင့်အစိုးရ အဖြစ် တာဝန်ယူထိန်းသိမ်း ခဲ့ရသည်။

ထို့ပြင် ၁၉၆၂ ဖယ်ဒရယ်မူကြောင့် နိုင်ငံတော်ကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲရတော့မည် အခြေအနေကို တော်လှန်ရေး ကောင်စီဟူ၍ နိုင်ငံတာဝန်ကို ယူခဲ့ရပြန်သည်။၁၉၈၈ နောက်ပိုင်းတွင်လည်း ပြည်တွင်း အခြေ အနေများကို ထိန်းသိမ်းရုံသာမက ဖွဲ့စည်းပုံအခြေခံ ဥပဒေဖော်ဆောင်ရေး အတွက်လည်း နိုင်ငံတာဝန်များကို ယူခဲ့ရပါသည်။၁၉၈၈ အရေးအခင်း ဖြစ်ပွားပြီးနောက် မင်းမဲ့စရိုက် လွှမ်းမိုးနေသော နိုင်ငံ အုပ်ချူပ်ရေး ယန္တားယားကြီးကို ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အသွင်အဖြင့် အခြေအနေဆိုးများကို ထိန်းသိမ်းခဲ့ရပါသည်။

တပ်မတော်သည် နိုင်ငံတော်၏ ငြိမ်ဝပ်ပိပြားမှုကို တည်ဆောက်ပြီးနောက် ၁၉၉၇ နိုင်ဝင်ဘာလ ၁၅ ရက် နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အသွင်ဖြင့် နိုင်ငံတော်အား အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခဲ့ရပေသည်။တပ်မတော်၏ စေတနာကား များလှပေသည်။ ကျွန်တော်တို့ တပ်မတော်သည် ကြေးစားတပ်မတော်မဟုတ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော ပြည်ထောင်စုဖွား တိုင်းရင်းသားတို့နှင့် တပေါင်းတည်း ဖွဲစည်းထားသည့် မျိုးချစ်တပ်မတော် ဖြစ်ပေသည်။ တပ်မတော်ကား အစဉ်အလားကောင်း (၁၂)ရပ်ကို ထိန်းသိမ်းစောင့်ရှောက်သည်။စွမ်းရည်သုံးရပ် ထက်မြက်၍ ဒို့တာဝန်အရေးသုံးပါးကိုလည်း ဦးထိပ်ပန်ဆင်ထားသည့် တပ်မတော်ဖြစ်သည်။တိုင်းပြည်နှင့် လူမျိုးအတွက် ဦးတည်ချက် (၁၂)ရပ်ကိုလည်း ချမှတ်ဖော်ဆောင် ပေးခဲ့သည်။အေးချမ်းသာယာပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ချီတက်နိုင်ရန်အတွက် နိုင်ငံတော်၏ မှူဝါဒလမ်းစဉ် (၇)ရပ်ကိုလည်း ရုပ်လုံး ဖော်လျက်ရှိရာ ပြီးခဲ့သည့် အမျိုးသားညီလာခံကြီးနှင့် ဆန္ဒခံယူပွဲကြီးကား သက်သေပင်ဖြစ်သည်။

ယခုအခါ အာဆီယံ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် စီးပွားရေး၊နည်းပညာနှင့် အခြား ကုန်သွယ်ရေးတို့တွင် ရင်ဘောင်တန်း ဆောင်ရွက်နေချိန်ဖြစ်သည်။သို့သော် ဤအခြေအနေမျိုးကို မမြင်လိုသည့် ဥရောပ နိုင်ငံအချို့၏ စည်းပွားရေး ပိတ်ဆို့မှူများ၊ တပ်မတော်နှင့်ပြည်သူကြား သွေးခွဲမှူများကို မသိမသာတစ်မျိုး၊ သိသိ သာသာတစ်မျိုး ဆောင်ရွက်နေကြပြီး၊ အသားထဲမှ လောက်ထွက်နေကြသည့် ပြည်တွင်းပြည်ပ ပုဆိန်ရိုးများ၊အနေအစား အချောင်ရ၍ လုပ်နေသော သံယောင်များ၏ ရန်ကိုလည်း အနီးကပ်ရင်ဆိုင် နေရသည်။ထိုအခြေအနေများကို တပ်မတော်နှင့် ပြည်သူလက်တွဲပြီး အမျိုးသားရေး အသိစိတ်ဖြင့် ကာကွယ် နေရပေမည်။ထိုမှသာ လွပ်လပ်ရေးကြီး အဓွန့်ရှည်မည် ဖြစ်သည်။

နိဂုံးချူပ်အားဖြင့်ဆိုသော ဧရာဝတီမြစ်ကြီး၏ ရေအလျဉ်သည် ရပ်တန့်မသွားနိုင် သကဲ့သို့ နှစ်ပေါင်း များစွာ တိုင်အောင် ပြည်သူနှင့် နိုင်ငံအကျိုးကို ကာကွယ် စောင့်ရှောက်ပေးခဲ့သည် တပ်မတော်၏ ခံယူချက်၊ ဦးတည်ချက်သည်လည်း ရပ်တန့်သွားမည် မဟုတ်ချေ၊သိုဖြစ့််၍ အနော်ရထာ၊ ဘုရင်နောင်၊ အလောင်းဘုရား တို့၏ ထက်မြက်သော တပ်မတော်များ၏ အမွေများကို လက်ဆင်ကမ်းရယူရင်း ပိုမိုအင်းအား တောင့်တင်းသော တပ်မတော်တစ်ရပ် ဖြစ်အောင်ကြိုးပမ်းရင်း နိုင်ငံနှင့်လူမျိုးအတွက် အသက်၊သွေး၊ချွေး ပေးဆပ်ရန် အမြဲ အသင့်ဖြစ်နေမည် ဖြစ်ကြောင်း ကိုတင်ပြရင်း အမြင်မမှားကြစေရန် တိုက်တွန်းလိုက် ရပေသည်။ ။

Saturday, June 7, 2008

အမြင်မှန်(၆)


ဒဲ့လုပ်နေသူများ ၊သိရဲ့သားနဲ့ မသိချင်ဟန်ဆောင် စီးပွားရေးအရ လုပ်နေနေသူများ ၊သူများယောင်လို့ လိုက်ယောင်နေတာပါ ဆိုတဲ့ လူများ၊အလုပ်မလုပ်ချင်ဘဲ အချောင်နေရင်း ဘ၀လေးတွေများ ပြောင်းမလားလို့ စောင့်နေတဲ့ ပေါကြောင်ကြောင် အတွေးတွေနဲ့ လူများ၊ရဟန်းသံဃာ အတုအယောင်များ၊စီးပွားရှာရင်း စီဘောက်တွေကို လုံခြုံရေးတာဝန် ယူထားသူများ၊အားလုံးဘဲ....ကဲသိတယ်နော် ပြည်သူတွေက ရွံရှာ နေပါ ပြီတဲ့။ကိုယ့်ဟာကိုယ်သိရင် အမြန်ဆုံး ပြင်ပေတော့နော်။

Friday, June 6, 2008

သိမှတ်စရာ(၅)

လာပြန်ပြီ လို့တော့ မပြာပါနဲ့။သူများပြောလို့ သိခဲ့တဲ့အရာလေးကို ပြန်ပြောပြချင်လို့ပါ။ကိုယ်ဟာကိုယ်လည်း စမ်းပြီးသွားပါပြီ ။ကွန်ပျူတာလေးကို အကောင်တွေ ကိုက်သွားပြီး antivirus နဲ့ရှင်းထုတ်လို့ ရပေမယ့်... folder options, Task Manager, Run Command, etc... တွေသုံးမရဘူး ဖြစ်နေတယ်ဆိုရင်တော့ အခုအောက်မှာ ပေးထားတဲ့ဟာလေးကို download လုပ်ပြီး ဖြေရှင်းကြည့်ပါ... ကွန်ပျူတာထဲမှာ ဖြစ်နေတဲ့ ပြသနာတွေကို အနီရောင်နဲ့ဖော်ပြပေးထားပါတယ်... ဥပမာ- Folder Options ပျောက်နေတဲ့ ကွန်ပျူတာမှာ ဆိုရင် Folder Options ကို အနီရောင်ပြပေးပါလိမ့်မယ်... Folder Options ပြန်ပေါ်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ ရှေ့မှာ ရှိတဲ့ check box မှာ အမှန်ခြစ်လေး ပေါ်အောင် click ခေါက် ပြီးရင် အောက်ဆုံးမှာ ရှိတဲ့ Remove ဆိုတဲ့ ခလုတ်လေးကို ထပ် click ခေါက်ပါ... သက်ဆိုင်ရာ ပြသနာကို ဖြေရှင်းပေးပြီးပါပြီ ကွန်ပျူတာကို restart လုပ်ရပါလိမ့်မယ် လာပြောပါလိမ့်မယ်... OK ကို ကလစ်လုပ်ပြီး Restart လုပ်ပြီးရင် (သို့) နောက်တစ်ခါ ကွန်ပျူတာ ပြန်တက်လာတဲ့ အချိန်မှာ ဖြစ်နေတဲ့ ပြသနာ ပြေလည် သွားပါလိမ့်မယ်... မပြေလည်ဘူးဆိုရင်တော့ ကွန်ပျူတာထဲမှာ Virus, Worm, Trojan, တွေရှိနေသေးလို့ ဖြစ်ပါလိမ့်မယ်...လိုချင်ရင်တော့ ဒီမှာ ယူပါ။စာဖတ်သူများ အသုံးဝင်မယ်လို့ ထင်ပါတယ်။


Thursday, June 5, 2008

အမြင်မှန်(၅)

စီဘောက်မှာ အမြင်မတော်တာတွေ တွေ့နေရလို့ နောက်ပိုစ့်တစ်ခု ထပ်တင် လိုက်ပါတယ်။မင်းတို့ဘာတွေ အဲ့ဒီလောက်တောင် မကျေနပ် ဖြစ်နေရလဲ ဆိုတာ နားမလည် နိုင်အောင်ပါဘဲ။မင်းတို့လို လူမျိုးတွေ အားလုံးပေါင်းရင် နိုင်ငံလူဦးရေ ၁၀ ရာခိုင်နုန်း မပြည့်ဘူး ဆိုတာ မင်းတို့ သိပြီးသားပါ။အများနဲ့ အနည်း ဘာလို့ လက်မခံဘဲ ကိုယ်ကျိုးရှာဖို့၊အတ္တကြီးစွာနဲ့ တိုင်းပြည်ကို အပုတ်ချ နေကြတာလဲ။နားမလည်နိုင် လောက်အောင်ပါဘဲ။မင်းတို့ တိုင်းပြည်အတွက် ဘာလုပ်ပြီးပြီးလဲ။ဘာတွေ အနစ်နာခံ ပြီးပြီးလဲ။မင်းတို့ လက်တွေ့ပြစရာ ရှိလား။မရှိပါဘူး။အချောင်နေရင်း ဘ၀လေးတွေ ပြောင်းမလားလို့ လိုက်ယောင်တဲ့ အဆင့်ဘဲ ရှိပါတယ်။တိုင်းပြည်ကို ချစ်တယ် ဆိုတဲ့လူက မင်းတို့လို တိုင်းပြည်ကို အပုတ်ချတဲ့ အလုပ်တွေ ဘယ်တော့မှ မလုပ်ဘူးကွ။မင်းတို့ တိုင်းပြည်တိုးတက်ဖို့ လက်ညိုးတစ်ချောင်း ပေးရဲလား။ဘယ်သူမှ မပေးရဲပါဘူး။အဲလိုမျိုး တောင်းဆိုရင် ရှူးချင်ဟန်ဆောင်ပြီး နားမကြားချင် ဟန်ဆောင်မဲ့ လူတွေကြီးပါဘဲ။

ယနေ့ကာလဆိုတာ မင်းတို့သိတဲ့ အတိုင်းလေ နိုင်ငံရဲ့ အနာဂတ် အလှည့် အပြောင်း ကာလ တစ်ခုကို ရောက်ရှိနေတယ်။ ဒီအချိန်မှာ မင်းတို့ကော်၊ ငါတို့ကော်၊ပြည်သူ တစ်ရပ်လုံးကော် ဆန္ဒစွဲ ၊ပုဂ္ဂိုလ်စွဲ၊ အတ္တအကျိုး စီးပွားစွဲ၊ တွေကို ဘေးဖယ်ထားပြီး အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်တတ်မှ အနာဂတ် ရွှေနိုင်ငံဆိုတာ ဖြစ်လာမှာလေ။မင်းတို့ ဒါကို နားလည်ဖို့လိုတယ်။မင်းတို့ကြောင့် ပြည်သူတွေပါ နားယောင်လာပြီး အုပ်စုတွေကွဲ၊ စိတ်ဝမ်းတွေကွဲ သတ်ကြဖြတ်ကြ၊နဲ့ ပြီးတော့ အနောက်နိုင်ငံတွေရဲ့ ပယောဂတွေပါ ၀င်လာပြီးတော့ အခြေအနေတွေ ပိုဆိုးလာရင် ငါတို့တိုင်းပြည်အတွက် ရွှေပန်းတိုင်ဆိုတာ ဝေးပြီးရင်း ဝေးနေမှာလေ။ဒါကို မင်းတို့ နားလည်တတ်ရမယ်။

လက်ရှိ တပ်မတော် အစိုးရကိုလည်း ကြည့်ပါအုံး။ဘယ်သူမှ ထိုင်နေတဲ့သူ မရှိပါဘူး။အကုန်လုံး အလုပ်လုပ် နေကြတာပါဘဲ။မင်းတို့ တိုးတက်ချင်တယ် ဆိုတာ နိုင်ငံတော်အကြီးအကဲတွေရဲ့ တိုးတက်ချင်စိတ်နဲ့ ယှဉ်ကြည့် ရင် ၁၀၀ပုံ ၁ပုံ မရှိပါဘူး။မင်းတို့ရဲ့ မကောင်းမြင် မျက်လုံးတွေကို ခဏ ဘေးဖယ်ပြီး ကြည့်ရင် အားလုံးကိုမြင်ရ မှာပါ။၁၉၈၈ မတိုင်မီနဲ့ နောက်ပိုင်းကို မင်းတို့ နှိုင်းယှဉ်ကြည့်ပါ။နိုင်ငံရေး၊ စီးပွားရေး၊ လူမှူရေး၊ အရာ အားလုံး ဟာတစ်ခြားစီပါ။အထူးသဖြင့် ပြည်တွင်း သောင်းကျန်းသူတွေရဲ့ ရန်တွေကို တပ်မတော်ကဘဲ အသက်ပေါင်း များစွာ စတေးပြီး ရင်ဆိုင် ဖြေရှင်းခဲ့ ရတယ်လေ။မင်းတို့ ထိုင်ပြီး ထတဲ့ အချိန် ရှေ့တန်း တစ် နေရာမှာ တပ်မတော်သား ပေါင်းများစွာ အသက်ပေး ပြီးသွားပြီး ဆိုတာ မင်းတို့ နားလည် စေချင် တယ်။မင်းတို့တွေလို မိသားစုတွေနဲ့ စီပွား အေးအေး ဆေးဆေးရှာပြီး ဘ၀တွေကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းရတဲ့ တပ်မတော်သား ဆိုတာ မရှိပါဘူး။ဒါတွေက ချီးကျူးစရာလား ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပေါ့လို့ မင်းတို့ပြောမှာပါ။ သိပါ တယ် ။ဟုတ်ပါ တယ် ဒါပေ့မယ် ကျောင်းသား ကျောင်းမှန်မှန် တက်တာ မဆန်းပေမဲ့ နှစ်တိုင်း ဆုရအောင် လုပ်နိုင်တာတော့ ချီးကျူးသင့်ပါတယ်။ဒါတွေကထားပါ မင်းတို့အပိုင်း။

နောက်တစ်ခု နာဂစ်တဲ့ မင်းတို့အနောက်အားကိုး မီဒီယာတွေကြောင့် ငါတို့လည်း ရသမျိုးစုံ ခံစားလိုက်ရတယ်။တစ်ခုတော့ ကျေးဇူးတင်ပါတယ်။ နာဂစ်ကို တပ်မတော် အစိုးရ လုပ်တယ်လို့ မပြောလို့။ မင်းတို့ တွေရဲ့ မကောင်းမြင်ဝါဒတွေကို ဘယ်လိုရှုင်းပြမှ အမြင်မှန်ရကြမှာလဲ။ပြီးတော့ တရုတ်နဲ့ မင်းတို့က ယှဉ် သေးတယ်။တရုတ်နဲ့ ငါတို့နဲ့က အခြေအနေချင်း မတူတာကို လူတိုင်းသိနေတာဘဲ။တရုတ်က ငါတို့နိုင်ငံထက် အစစ အရာရာ သာတာ ကလေးတောင် သိပါတယ်။ဒီမှာ ငါမင်းတို့ကို တစ်ခုပြောမယ် အင်ဒီုးနီရှားရဲ့ ဆူနာမီဟာ ၂နှစ်ကျော်ပြီးမှ ပုံမှန် လည်ပတ်နိုင်တာ မင်းတို့သိပါတယ်။အခုဆို တပ်မတော်ရဲ့ အကြီးအကဲ ကနေစပြီးတော့ အောက်ဆုံး တပ်မတော်သားတွေထိ၊နောက်ဆုံး ကြည်း၊ရေ၊လေ၊ ပေါင်းပြီးတော့ကို လုပ်နေတာ ဘဲလေ။ မျက်စီစုံ မှိတ်ပြီးတော့ မနေစေချင်ဘူးကွာ။နားလည် စေချင်တယ်။မင်းတို့ ပြောနေသလို ပြည်သူထဲက ၀င်ကြည့်ပါတဲ့၊ ဟုတ်ပါပြီ။ ငါဟာလည်း ပြည်သူထဲကနေ တပ်မတော်သား ဖြစ်လာ တာပါ။ ငါမိသားစု အားလုံးလည်း ပြည်သူပါဘဲ၊ဒါပေမဲ့ မင်းတို့လိုတော့ အနောက်အားကိုး ပြည်သူတော့ မဟုတ်ဘူး ပေါ့။ဒီလောက်ဆို နားလည်မယ်လို့ ထင်ပါ တယ်။

အခုဆို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးလည်း အောင်မြင်စွာနဲ့ ပြီးဆုံးသွားပြီ။ဒါဟာ ငါတို့နိုင်ငံရဲ့ အနာဂတ် ရွှေနိုင်ငံဖြစ်ဖို့ အပြောင်းအလဲတစ်ခုဆို မမှားပါဘူး။ဒါကို ပြည်သူတွေအားလုံး ၀မ်းသာနေတဲ့ အချိန်မှာ မင်းတို့ ၀မ်းနည်းနေတာကို စိတ်မကောင်းပါဘူး။မင်းတို့လို့ တိုင်းပြည်ကို ချစ်တယ်ဆိုပြီးတော့၊လမ်းတောင်လျှေက်ပြီး ချစ်ပြတဲ့ လူတွေ အနေနဲ့ ပိုပြီးတောင် ၀မ်းသာသင့်တယ်။စီးပွားရေးကို ထိခိုက်သွားလို့ ၀မ်းနည်းတာဆိုရင်တော့ ငါလည်းစိတ်မကောင်းပါဘူး။ငါတို့နိုင်ငံအတွက် ဒီနေ့နဲ့ မနက်ဖြန် မတူအောင်၊မနက်ဖြန်နဲ့ နောက်တစ်နေ့ မတူအောင် လုပ်နေတဲ့ အချိန်တွေမှာ၊ငါတို့ လက်တွေ မခိုင်မြဲရင်တောင်၊ မပြုတ်စေချင်တာ ရင်ထဲက စေတနာ ပါ။မဝေးတော့တဲ့ ၂၀၁၀မှာ ငါတို့ပြည်သူတွေ အားလုံး ပြုံးပျော် ကြရတော့မယ်။မင်းတို့လည်း အမြင်မှားတွေကို မှန်ကန်တဲ့ အတွေးတွေနဲ့ အစားထိုးပြီး ပြုံးပျော်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Tuesday, June 3, 2008

သိမှတ်စရာ(၄)

လာပြန်ပြီ သိပ်ဆရာ လုပ်တာပဲလို့တော့ မထင်ပါနဲ့။ကျွန်တော့်မှာရှိတဲ့ ဆော့ဝဲလ်လေးကို လိုအပ်တဲ့နေရာမှာ သုံးရအောင် ပေးချင်လို့ပါ။Folder Icon လေးတွေကို ပုံမှန်အရောင် မသုံးချင်ရင် အရောင်လေးတွေ ပြောင်းထားလို့ ရနိုင်တဲ့ ဆော့ဝဲလ်လေးပါ။အရာင်သာ မကပါဘူး တစ်ခြားပုံစံ လေးတွေလည်း ပါပါသေးတယ်။ကြိုက်သလိုသာ ကလိ ကြည့်ပါ။ဘယ်လို လုပ်ရမလဲ ဆိုတာတော့ မပြောတော့ဘူးနော် ပုံမှန်လုပ်သလိုဘဲ မို့လို့ပါ။Folder တစ်ခုကို Right Click ထောက်လို့ Mark ဆိုတဲဟာကို တွေ့ရင်တော့ ပြောင်းလို့ရပြီပေါ့။လိုချင်ရင် ဒီမှာ ယူနိုင် ပါတယ်။စာဖတ်သူများ အသုံးဝင်မယ်လို့ ထင်ပါတယ်။

Sunday, June 1, 2008

သိမှတ်စရာ(၃)

ကျွန်တော့်ရဲ ဗဟုသုတလေး တစ်ခုကို ထပ်ပြီး ဖြန့်ဝေချင်ပါတယ်။Windows Taskbar မှာ Time ဘေးမှာ ကို့နာမည်လေး ထည့်ချင်တယ် ဆိုပါတော့။အောက်ပါအတိုင်း အဆင့်ဆင့် လုပ်သွားပါ။

  1. Start - Control Panel မှ Regional and Language Options ကိုသွားပါ။
  2. Customize ကိုသွားပါ {English (United States)ရဲ.ဘေးမှ}။
  3. ထို့နောက် Time Tabကိုသွားပါ။
  4. AM,PM symbol နေရာမှာသင်ပေါ်စေချင်သော name ကိုထည့်ပါ။
  5. Apply,OKပေးလိုက်ပါ။သင့်ရဲ. name ကိုမြင်တွေ.ရ ပါလိမ့်မယ်။စာဖတ်သူ အားလုံး အသုံးဝင် မယ်လို့ ထင် ပါ တယ်။

သိမှတ်စရာ(၂)

LAN ထဲမှာ Hidden Folder ပြုလုပ်၍ file share ပြုလုပ်ခြင်းကို ကျွန်တော် နည်းနည်း ပြောပြချင်လို့ပါ။ အတော်တော်များများလည်း ဒီနည်းကို သိပြီးကြပြီ ဖြစ်မှာပါ ဘလော့ဂ် တစ်ခုမှာလဲ တွေ့ဘူးပါသေးတယ်။
မိမိကွန်ပျုတာကနေ တခြားကွန်ပျုတာတစ်ခုဆီသို့ lan ထဲမှာ file share ပေးချင်တယ်.။ ဒါပေမဲ့ အဲဒီ share ကို တခြားသူတွေကို မမြင်စေချင်ဘူး..။ တခြားသူတွေ copy မလုပ်စေချင်ဘူးဆိုရင် ဒီနည်းလေးနဲ့ hidden share လုပ်လို့ရပါတယ်။ သိပ်ပြီးခက်ခက် ခဲခဲတော့ မဟုတ်ပါဘူး ဖြစ်မှာပါ။ ပြုလုပ်နည်းကတော့..
- မိမိ share ပေးလိုတဲ့ folder name ရဲ့နောက်မှာ $ sign လေးထည့်ပြီးတော့ rename လုပ်ပေးလိုက်ပါ။
-ပြီးရင် အဲဒီ share ကို share လုပ်ပေးလိုက်ပါ။
ဒါလိုဆိုရင် အဲဒီ share ပေးထားတဲ့ folder ကို Network Places ထဲက view my workgroup computer ကပဲကြည့်ကြည့်၊ Run ထဲက computer name နဲ့ဖြစ်ဖြစ် IP address နဲ့ဖြစ်ဖြစ် ကြည့်တာနဲ့ share လုပ်ထားတဲ့ folder ကို မြင်ရမှာ မဟုတ်ပါဘူး..။
ဒီ folder ကို တဖက်ကွန်ပျုတာက ဖွင့်ချင်တယ်ဆိုရင်တော့ Run ထဲကနေ ဖွင့်လိုတဲ့ computer name (or) IP address ရဲ့ နောက်မှာ share folder name $ ကိုတိုက်ရိုက် ရိုက်ထည့်ပြီး ခေါ်ယူရပါမယ်.။ ဥပမာ.. share ပေးထားတဲ့ folder name က Data$ ပဲဆိုပါစို့..။ Run ထဲမှာ အောက်ပါအတိုင်း ရိုက်မှ မြင်ရပါမယ်..

ဒါဆိုရင် hidden share လုပ်ထားတဲ့ Data ဆိုတဲ့ folder ကိုအလွယ်တကူ ဖွင့်လို့ရသွားပါပြီ..။ စာဖတ်သူတွေ အသုံးဝင်ကြမယ်လို့ ထင်ပါတယ်.။

သိမှတ်စရာ(၁)

ကျွန်တော်သိသော ဆော့ဝဲလ်လေး တစ်ခုအကြာင်း ပြောပြချင်လို့ပါ။Spyware တစ်ခု အကြောင်းဆို ပိုမှန် ပါလိမ့်မယ်။ထိုဆော့ဝဲလ် အသုံးပြုထားသော ကွန်ပြူတာတစ်လုံးအား သုံးစွဲမိပါက ကိုယ်ရေး ကိုယ်တာ အချက် အလက်များ၊ chat ပြောဆိုမှုများ၊ password များအား အခြား မသက်ဆိုင် သူများထံ ရောက်ရှိသွားနိုင်သည် ကို သတိပြုသင့်ပါသည်။ထိုဆော့ဝဲလ်သည် spyware အမျိုးအစားဖြစ်ပြီး Golden Eye ပရိုဂရမ်တစ်ခု ဖြစ်ပါသည်။သုံးစွဲသူ ကွန်ပြူတာမှ ထွက်ခွာသွားသောအခါ ထိုသူမည်သို့မည်ပုံ အသုံးပြုသွားသည်ကို အစ အဆုံးပြန်လည် ကြည့်ရှုနိုင် ပါသည်။တစ်ခါတစ်ရံတွင်လည်း Network အတွင်း မိမိကွန်ပြူတာအား အဆင့်နိမ့် တိုက်ခိုက်ခြင်းမျိုး ရှိပါက ထိုကွန်ပြူတာ အမည်ကိုလည်း မှတ်သားပေးနိုင်ပါသည်။Keylogger softwar အမျိုးအစား တစ်ခုဆိုလည်း မမှားပါဘူး။တိုတိုဘဲ ပြောကြပါစို့။ GoldenEye Software အား download ရယူပါ။ ပြီးနောက် GoldenEyesetup.exe file အား ညွှန်ကြားချက် အတိုင်း Run ပါ။ပြီးရင်Desktop ပေါ်ရှိ GolednEye Icon အားဖွင့်ပါ။

General, Report, Monitoring, Option နှင့်About စသောTab များပါသောGoldenEye Window ပွင့်လာပါမည်။အထူးအတိပြုရန်မှာ General Tab အောက်တွင် (Invisible mode နှင့် Normal mode)တို့ပါရှိရာ Invisible mode ကိုသာရွေးချယ် ရပါမည်။ထိုမှသာ Desktop ပေါ်နှင့် start ပေါ်ရှိ GoldenEye Icon ကိုမမြင်တွေ့ ရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ထားခြင်းဖြစ် အဆိုပါ ပရိုဂရမ်ကို စက်တွင် သုံးစွဲထားကြောင်းကို Add/Remove Program တွင်လည်း မမြင် တွေ့ရမည် ဖြစ်သည်။ Report တွင်မှု မိမိ ထောက်လှမ်းထားသော အချက်များကို မြင်တွေ့ရမည် ဖြစ်သည်။

Mornitoring တွင်မိမိ ထောက်လှမ်းလိုသော အချက်များကို ရွေးချယ်နိုင်သည်။ Option တွင် မိမိ ကိုယ်တိုင်သိနိုင်သော Hotkey များကို သတ်မှတ်နိုင်သည်။မိမိ ကိုယ်တိုင်ကမှု Hotkey များအား မှတ်မိရန် လိုပါသည်။ထိုသို့ မဟုတ်ပါက ပြန်လည် ၀င်ရောက်ရန် မလွယ်ကူတော့ပါ။မိမိ စိတ်ကြိုက် ပြင်ဆင်ပြီး Hide အား Click လုပ်လိုက်ပါက Golden Eye သည် စတင် အလုပ်လုပ်ပြီး ထောက်လှမ်း နေပါသည်။မိမိ ပြန်လည် ကြည့်ရှူ လိုသောအခါ မိမိ တစ်ဦးတည်းသာ သိသော Hotkey ဖြင့်ဝင်ရောက် ကြည့်ရှူ နိုင်ပါသည်။အချက်အလက်များ သိမ်းဆည်းရာ Folder များသည်းလည်း သုံးဆွဲမှု့ အပေါ်မှုတည်၍ Hard Disk တွင် နေရာယူ လာပါသည်။ထို့ကြောင့် မလိုအပ်သည် များကို မကြာခဏ စစ်ဆေး ဖျက်ပစ်ရန် လိုအပ်ပါသည်။အသုံးပြု လိုပါက ဒီမှာ ယူနိုင်ပါသည်။အဆင်မပြေပါက ဒီနေရာ မှလည်း ရယူနိုင်ပါသည်။သို့သော ကျေးဇူးပြု၍ ကိုယ့်အတွက် သတိထား ဆင်ခြင် နိုင်ရန်နှင့် သူတပါးအား ဒုက္ခ မပေးမိရန် အကြံပေးလို ပါသည်။ကျွန်တော့်အား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် အကျိုးရှိသော နေရာများတွင် အသုံးချကြပါရန်............။