Wednesday, June 11, 2008

အ့မြင်မှန်(၇)

"တပ်မတော်" ဟူသည်ကား အဘယ်နည်း။နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် သာယာလှပရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး၊ ထိုနိုင်ငံ၏ ပြည်သူတို့၏ ဘ၀၊အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောက်ရှောက်ပေးသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ကျွန်တော့်တို့ မြန်မာတပ်မတော်မှာလည်း ထို့အတူပင်ဖြစ်သည်။ထို့အပြင် သမိုင်း ကြောင်းအရ ကြည့်မည်ဆိုပါကလည်း အချိန်ကာလ ရွေ့လျားခဲ့မှုကြောင့် ပြင်ပအသွင်အရ ပြောင်းလဲခဲ့သော်လည်း တပ်မတော်၏ ဦးတည်ချက်တွေက ပြောင်းလဲမှု မရှိပါချေ။ထိုဦးတည်ချက်သည်ကား မိမိတို့၏ အကျိုးကို မလိုလား၊တိုင်းပြည်နှင့် ပြည်သူတို့၏ ကောင်းကျိုးကိုသာလိုလားသည့် ခိုင်မာသော အရင်းခံ စိတ်ဓတ် ပင် ဖြစ်ပါသည်။


မြန်မာတပ်မတော်၏ သမိုင်းကား အစဉ်အလာကြီးမားခဲ့ပေသည်။ပုဂံခောတ်မတိုင်မီ ပျူခောတ်မှသည် ပုဂံ၊ပင်းယ၊အင်းဝ၊တောင်ငူ၊ညောင်ရမ်း၊ကုန်းဘောင်ခောတ်များမှအစ ယခုခောတ်ကာလတိုင်အောင် ပြည်သူ နှင့်မခွဲ တစ်သားတည်း "ပြည်သူ့ဘက်က တပ်မတော်" အဖြစ်တည်ရှိနေဆဲပင် ဖြစ်ပါသည်။တပ်မတော်သည် ခရစ်နှစ် ၉၄၆ ခုနှစ် မတိုင်မီ ပျူ၊ ဟန်မင်းဆက် ၃၀၀ တို့တွင် တောက်လင်ဝမ်၊ယခု တောင်တွင်းကြီးမြို့ အနီး၊ယှိလီယိ ယခု သီပေါမြို့၊ ၀န်းတော် ယခု ဟန်လင်းမြို့၊ မီနော့တောက်လိ ယခုဝတီးမြို့၊ တူမင်း ယခုမိုင်းမောရွာစသည့် တပ်မြို့များကို ဖော်ထုတ်နိုင်ခဲ့ပြီး တီကျယ်၊ တာ့လိမို၊ ကန်ထန်၊ မော့မူ စသည့် တပ်မြို့များကို ဖော်ထုတ် မရသေးချေ။သို့ဖြစ်၍ ခောတ်ပြိုင်တရုတ် ထန်မင်းဆက် သမိုင်းရာဇ၀င် ဖော်ပြချက်အရ မိမိတပ်မြို့၊ မိမိတပ်မတော်နှင့် ရပ်တည်ခဲ့ကြောင်း အခိုင်အမာပြောနိုင်ပေသည်။

ရှေးခောတ်ကာလ ဘုရင်မင်းများ စိုးစံစဉ်ကာလကတည်းကပင် မြို့၏ အင်္ဂါခုနှစ်ပါးသရုပ်၊ စစ်သူကြီးအင်္ဂါကိုးပါးသရုပ်၊ မင်းအင်္ဂါလေးပါးသရုပ် ဟူ၍သတ်မှတ်ထားကြောင်း မှန်နန်းရာဇ၀င် ပထမတွဲတွင် အခိုင်အမာဖော်ပြထားသည်။ထို့အပြင် ပျူခောတ်မှသည် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခောတ်တို့တွင်လည်း သူ့ခောတ်အခါ အနေအထားအရ စစ်ကိုဖွဲ့စည်းခဲ့ကြသည်။စစ်အင်္ဂါ ၆ ပါးဖြစ်သည့် စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စသည့်တို့ကို အခြေခံ၍ အကြပ်၊သွေးသောက်၊တပ်မှူး၊ဗိုလ်၊ တပ်မင်း စသည့်ဖြင့် ဖွဲ့စည်းပြီး၊ခံစစ်၊ ခွာစစ်၊ ချီစစ်၊ တိုက်စစ်ဟူသော စစ်သေနင်္ဂဗျူဟာ များကို ဖော်ဆောင်ခဲ့ပေ ရာ၊ ထိုအချက် များကိုကြည့်၍ မြန်မာနိုင်ငံသည် ရှေးပဝေသဏီ ကာလာကပင် တပ်မတော်တစ်ရပ် ဖွဲ့စည်း တည် ထောင်၍ မိမိအမျိုးကို ကာကွယ် စောင့်ရှောက်ခဲ့ကြောင်း သမိုင်းအထောက်အထားများနှင့် သက်သေခံနေ ပေသည်။

တပ်မတော်၏သမိုင်းကို လေ့လာကြည့်မည် ဆိုပါကလည်း ပုဂံခောတ် အနုရုဒ္ဓဒေ၀မင်းကြီး အနော်ရထာ လက်ထပ် ကျယ်ဝန်းလှသည့် နိုင်ငံတော်ကြီး စတင် သန္ဓေတည်၍၊တောင်ငူခောတ် ဘုရင့်နောင်ကျော်ထင် နော် ရထာ၏ စစ်ရေးအင်းအား အကြီးမားဆုံး နိုင်ငံတော်ကြီး ဖြစ်တည်ခဲ့ကာ၊ ထန်းလုံးတပ်မြို့လေးမှ တတိယ မြန်မာ နိုင်ငံတော်ကြီးကို ထူထောင်ပေးခဲ့သည့် အလောင်းမင်းတရားကြီး၏ စွမ်းရည်ပြည့်ဝမှု့များသည့် တိုင်အောင် ရှေးခောတ် တပ်မတော်ကြီးများ၏ စွမ်းရည်ပြည့်ဝမှုများ ကိုမှတ်သားရပေသည်။သို့ပါသော်လည်း ကုန်းဘောင် ခောတ် မြန်မာမင်းသီပေါမင်း လက်ထက်တွင် ထီးကျိုးစည်ပေါက် ထီးနန်းပျောက်ခဲ့ ရပေသည်။၁၈၈၆ ဇန်န၀ါရီလ ၁ ရက်နေ့မှ အစပြု၍ နှစ် ၁၀၀ ကျော်တိုင် သူ့ကျွန့်ဘ၀ ဖြစ်ခဲ့ရပုံများကို ကြည့်ခြင်းဖြင့် ထိုအချိန်က ခောတ်မှီ ခိုင်မာတောင့်တင်းသည့် တပ်မတော်တစ်ရပ် မရှိခဲ့ခြင်းကို သမိုင်းမှပေးသော သင်ခန်းစာတစ်ခုအဖြစ် ရရှိ ခဲ့ပေသည်။

ထို့နောက် ၁၉၃၉ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့သည့်အချိန် ဗြိတိသျှတို့၏ အင်အားချိနဲ့နေချိန်များတွင် လွတ်လပ်ရေးရရန် ကြိုးပမ်းနေသော အဖွဲ့အစည်းပေါင်းစုံမှ ပြည်သူ့ဘက်က ရပ်တည်ပေးမည့် တပ်မတော် တစ်ရပ်ကို ဖွဲ့စည်းခဲ့နိုင်ရန် ကြိုးပမ်းခဲ့ကြပါသည်။'တပ်မတော်အစ ရဲဘော်သုံးကျိပ'်ကဟုဆိုရိုး အတိုင်း သခင် အောင်ဆန်း ခေါင်းဆောင်ကာ ရဲဘော်သုံးကျိပ်တို့သည် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းသို့ သွားရောက်ကာ ဂျပန်တို့ထံမှ စစ်ပည်သင်ယူခဲ့ကြပါသည်။၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘောသုံးကျိပ်ဦးဆောင်သော လူငယ် ၂၀၀ ကျော်နှင့် ယခုတပ်မတော်၏ အစဖြစ်သော ဗမာ့ လွတ်လပ်ရေး တပ်မတော် (Burma Independance Army) ကိုဖွဲ့စည်း ခဲ့ကြသည်။ထိုမှတဆင့် စစ်ကြောင်းကြီး ၄ ကြောင်းခွဲကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်တို့နှင့် လက်တွဲကာ အင်္ဂလိပ်တို့အား မြန်မာမြေပေါ်မှ တိုက်ထုတ်ခဲ့ကြသည်။

၁၉၄၃ ခုနှစ်တွင် (Burmer Defence Army)ဘ၀ဖြင့် ဖက်စစ်တော်လှန်ရေးကို ပြင်ဆင်ခဲ့သည်။၁၉၄၃ ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်တွင် ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ)ကို ဗမာ့တပ်မတော်ဟု အမည်ပြောင်းခဲ့သည်။၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့မှစတင်၍ ဗိုလ်မှူးကြီးဗထူး ခေါင်းဆောင်ကာ အထက်မြန်မာပြည်တွင် ဖက်ဆစ်ကို စတင်တော်လှန်ခဲ့ရာမှ အစ၊ ၁၉၄၅ မတ်လ ၂၇ ရက်နေ့ အတိအလင်းစစ်ကြေငြာပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် တော်လှန်ရေးကြီးကို ဆင်နွဲခဲ့ကြခြင်းမှာ၊လူ လက်နက်၊ပြည်စုံခြင်းကားမဟုတ် အမျိုးကိုချစ်သောစိတ်သည်သာ အရင်းခံဖြစ်ပေသည်။

ဤသို့ဖြင့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့တွင် ပြည်သူတို့အတွက် လွတ်လပ်ရေးကြီးကို တပ်မတော်မှ အသက်၊သွေး၊ချွေး များစွာ စတေး၍ အရယူပေးခဲ့ပါသည်။ငုက်တို့၏ အင်အားသည် ကောင်းကင်၊ငါးတို့၏ အင်အားသည် ရေပြင် ဟုဆိုပါက အမိမြန်မာနိုင်ငံ၏ အင်အားသည် တပ်မတော်ပင် ဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အချုပ်အခြာအာဏာ ဆုံးရှုံးတော့မည့် အခြေအနေများစွာကို တပ်မတော်မှ အကြိမ်ကြိမ်ကယ်တင် ခဲ့ရသောကြောင့်ဖြစ်သည်။ထိုအခြေအနေများမှာ နဲ့ချဲ့တို့၏ သွေးခွဲမှူတို့ကြောင့် တိုင်းပြည်၏ စည်းလုံးညီညွတ်မှူ ပျက်ပြားကာ ရောင်စုံသူပုန်တို့၏ ရန်ကို ရင်ဆိုင်နေရချိန် ၁၉၅၈ တွင် တပ်မတော်က အိမ်စောင့်အစိုးရ အဖြစ် တာဝန်ယူထိန်းသိမ်း ခဲ့ရသည်။

ထို့ပြင် ၁၉၆၂ ဖယ်ဒရယ်မူကြောင့် နိုင်ငံတော်ကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲရတော့မည် အခြေအနေကို တော်လှန်ရေး ကောင်စီဟူ၍ နိုင်ငံတာဝန်ကို ယူခဲ့ရပြန်သည်။၁၉၈၈ နောက်ပိုင်းတွင်လည်း ပြည်တွင်း အခြေ အနေများကို ထိန်းသိမ်းရုံသာမက ဖွဲ့စည်းပုံအခြေခံ ဥပဒေဖော်ဆောင်ရေး အတွက်လည်း နိုင်ငံတာဝန်များကို ယူခဲ့ရပါသည်။၁၉၈၈ အရေးအခင်း ဖြစ်ပွားပြီးနောက် မင်းမဲ့စရိုက် လွှမ်းမိုးနေသော နိုင်ငံ အုပ်ချူပ်ရေး ယန္တားယားကြီးကို ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အသွင်အဖြင့် အခြေအနေဆိုးများကို ထိန်းသိမ်းခဲ့ရပါသည်။

တပ်မတော်သည် နိုင်ငံတော်၏ ငြိမ်ဝပ်ပိပြားမှုကို တည်ဆောက်ပြီးနောက် ၁၉၉၇ နိုင်ဝင်ဘာလ ၁၅ ရက် နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အသွင်ဖြင့် နိုင်ငံတော်အား အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခဲ့ရပေသည်။တပ်မတော်၏ စေတနာကား များလှပေသည်။ ကျွန်တော်တို့ တပ်မတော်သည် ကြေးစားတပ်မတော်မဟုတ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော ပြည်ထောင်စုဖွား တိုင်းရင်းသားတို့နှင့် တပေါင်းတည်း ဖွဲစည်းထားသည့် မျိုးချစ်တပ်မတော် ဖြစ်ပေသည်။ တပ်မတော်ကား အစဉ်အလားကောင်း (၁၂)ရပ်ကို ထိန်းသိမ်းစောင့်ရှောက်သည်။စွမ်းရည်သုံးရပ် ထက်မြက်၍ ဒို့တာဝန်အရေးသုံးပါးကိုလည်း ဦးထိပ်ပန်ဆင်ထားသည့် တပ်မတော်ဖြစ်သည်။တိုင်းပြည်နှင့် လူမျိုးအတွက် ဦးတည်ချက် (၁၂)ရပ်ကိုလည်း ချမှတ်ဖော်ဆောင် ပေးခဲ့သည်။အေးချမ်းသာယာပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ချီတက်နိုင်ရန်အတွက် နိုင်ငံတော်၏ မှူဝါဒလမ်းစဉ် (၇)ရပ်ကိုလည်း ရုပ်လုံး ဖော်လျက်ရှိရာ ပြီးခဲ့သည့် အမျိုးသားညီလာခံကြီးနှင့် ဆန္ဒခံယူပွဲကြီးကား သက်သေပင်ဖြစ်သည်။

ယခုအခါ အာဆီယံ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် စီးပွားရေး၊နည်းပညာနှင့် အခြား ကုန်သွယ်ရေးတို့တွင် ရင်ဘောင်တန်း ဆောင်ရွက်နေချိန်ဖြစ်သည်။သို့သော် ဤအခြေအနေမျိုးကို မမြင်လိုသည့် ဥရောပ နိုင်ငံအချို့၏ စည်းပွားရေး ပိတ်ဆို့မှူများ၊ တပ်မတော်နှင့်ပြည်သူကြား သွေးခွဲမှူများကို မသိမသာတစ်မျိုး၊ သိသိ သာသာတစ်မျိုး ဆောင်ရွက်နေကြပြီး၊ အသားထဲမှ လောက်ထွက်နေကြသည့် ပြည်တွင်းပြည်ပ ပုဆိန်ရိုးများ၊အနေအစား အချောင်ရ၍ လုပ်နေသော သံယောင်များ၏ ရန်ကိုလည်း အနီးကပ်ရင်ဆိုင် နေရသည်။ထိုအခြေအနေများကို တပ်မတော်နှင့် ပြည်သူလက်တွဲပြီး အမျိုးသားရေး အသိစိတ်ဖြင့် ကာကွယ် နေရပေမည်။ထိုမှသာ လွပ်လပ်ရေးကြီး အဓွန့်ရှည်မည် ဖြစ်သည်။

နိဂုံးချူပ်အားဖြင့်ဆိုသော ဧရာဝတီမြစ်ကြီး၏ ရေအလျဉ်သည် ရပ်တန့်မသွားနိုင် သကဲ့သို့ နှစ်ပေါင်း များစွာ တိုင်အောင် ပြည်သူနှင့် နိုင်ငံအကျိုးကို ကာကွယ် စောင့်ရှောက်ပေးခဲ့သည် တပ်မတော်၏ ခံယူချက်၊ ဦးတည်ချက်သည်လည်း ရပ်တန့်သွားမည် မဟုတ်ချေ၊သိုဖြစ့််၍ အနော်ရထာ၊ ဘုရင်နောင်၊ အလောင်းဘုရား တို့၏ ထက်မြက်သော တပ်မတော်များ၏ အမွေများကို လက်ဆင်ကမ်းရယူရင်း ပိုမိုအင်းအား တောင့်တင်းသော တပ်မတော်တစ်ရပ် ဖြစ်အောင်ကြိုးပမ်းရင်း နိုင်ငံနှင့်လူမျိုးအတွက် အသက်၊သွေး၊ချွေး ပေးဆပ်ရန် အမြဲ အသင့်ဖြစ်နေမည် ဖြစ်ကြောင်း ကိုတင်ပြရင်း အမြင်မမှားကြစေရန် တိုက်တွန်းလိုက် ရပေသည်။ ။