Sunday, June 1, 2008

သိမှတ်စရာ(၁)

ကျွန်တော်သိသော ဆော့ဝဲလ်လေး တစ်ခုအကြာင်း ပြောပြချင်လို့ပါ။Spyware တစ်ခု အကြောင်းဆို ပိုမှန် ပါလိမ့်မယ်။ထိုဆော့ဝဲလ် အသုံးပြုထားသော ကွန်ပြူတာတစ်လုံးအား သုံးစွဲမိပါက ကိုယ်ရေး ကိုယ်တာ အချက် အလက်များ၊ chat ပြောဆိုမှုများ၊ password များအား အခြား မသက်ဆိုင် သူများထံ ရောက်ရှိသွားနိုင်သည် ကို သတိပြုသင့်ပါသည်။ထိုဆော့ဝဲလ်သည် spyware အမျိုးအစားဖြစ်ပြီး Golden Eye ပရိုဂရမ်တစ်ခု ဖြစ်ပါသည်။သုံးစွဲသူ ကွန်ပြူတာမှ ထွက်ခွာသွားသောအခါ ထိုသူမည်သို့မည်ပုံ အသုံးပြုသွားသည်ကို အစ အဆုံးပြန်လည် ကြည့်ရှုနိုင် ပါသည်။တစ်ခါတစ်ရံတွင်လည်း Network အတွင်း မိမိကွန်ပြူတာအား အဆင့်နိမ့် တိုက်ခိုက်ခြင်းမျိုး ရှိပါက ထိုကွန်ပြူတာ အမည်ကိုလည်း မှတ်သားပေးနိုင်ပါသည်။Keylogger softwar အမျိုးအစား တစ်ခုဆိုလည်း မမှားပါဘူး။တိုတိုဘဲ ပြောကြပါစို့။ GoldenEye Software အား download ရယူပါ။ ပြီးနောက် GoldenEyesetup.exe file အား ညွှန်ကြားချက် အတိုင်း Run ပါ။ပြီးရင်Desktop ပေါ်ရှိ GolednEye Icon အားဖွင့်ပါ။

General, Report, Monitoring, Option နှင့်About စသောTab များပါသောGoldenEye Window ပွင့်လာပါမည်။အထူးအတိပြုရန်မှာ General Tab အောက်တွင် (Invisible mode နှင့် Normal mode)တို့ပါရှိရာ Invisible mode ကိုသာရွေးချယ် ရပါမည်။ထိုမှသာ Desktop ပေါ်နှင့် start ပေါ်ရှိ GoldenEye Icon ကိုမမြင်တွေ့ ရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ထားခြင်းဖြစ် အဆိုပါ ပရိုဂရမ်ကို စက်တွင် သုံးစွဲထားကြောင်းကို Add/Remove Program တွင်လည်း မမြင် တွေ့ရမည် ဖြစ်သည်။ Report တွင်မှု မိမိ ထောက်လှမ်းထားသော အချက်များကို မြင်တွေ့ရမည် ဖြစ်သည်။

Mornitoring တွင်မိမိ ထောက်လှမ်းလိုသော အချက်များကို ရွေးချယ်နိုင်သည်။ Option တွင် မိမိ ကိုယ်တိုင်သိနိုင်သော Hotkey များကို သတ်မှတ်နိုင်သည်။မိမိ ကိုယ်တိုင်ကမှု Hotkey များအား မှတ်မိရန် လိုပါသည်။ထိုသို့ မဟုတ်ပါက ပြန်လည် ၀င်ရောက်ရန် မလွယ်ကူတော့ပါ။မိမိ စိတ်ကြိုက် ပြင်ဆင်ပြီး Hide အား Click လုပ်လိုက်ပါက Golden Eye သည် စတင် အလုပ်လုပ်ပြီး ထောက်လှမ်း နေပါသည်။မိမိ ပြန်လည် ကြည့်ရှူ လိုသောအခါ မိမိ တစ်ဦးတည်းသာ သိသော Hotkey ဖြင့်ဝင်ရောက် ကြည့်ရှူ နိုင်ပါသည်။အချက်အလက်များ သိမ်းဆည်းရာ Folder များသည်းလည်း သုံးဆွဲမှု့ အပေါ်မှုတည်၍ Hard Disk တွင် နေရာယူ လာပါသည်။ထို့ကြောင့် မလိုအပ်သည် များကို မကြာခဏ စစ်ဆေး ဖျက်ပစ်ရန် လိုအပ်ပါသည်။အသုံးပြု လိုပါက ဒီမှာ ယူနိုင်ပါသည်။အဆင်မပြေပါက ဒီနေရာ မှလည်း ရယူနိုင်ပါသည်။သို့သော ကျေးဇူးပြု၍ ကိုယ့်အတွက် သတိထား ဆင်ခြင် နိုင်ရန်နှင့် သူတပါးအား ဒုက္ခ မပေးမိရန် အကြံပေးလို ပါသည်။ကျွန်တော့်အား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် အကျိုးရှိသော နေရာများတွင် အသုံးချကြပါရန်............။