Monday, March 17, 2008

မှန်လော..မှားလော..

ကမ္ဘာကြီးကို စတင်ဖန်တီးစဉ် ကာလတစ်ခုကပေါ့။ဘုရားသခင်သည် လောကကြီးအတွက် အရာအားလုံးကို ဖန်ဆင်းတော် မှုခဲ့သည်။
(၁)
ပထမဦးစွာ သူသည် မြည်းတစ်ကောင်ကို ဖန်တီးတော်မှုသည်။ထို့နောက် ထိုမြည်းကို ဘုရားသခင်က မှာကြားသည်။
“မင်းဟာ မြည်းတစ်ကောင် ဖြစ်လိမ့်မယ်။အဲ့ဒီအခါ မင်းဟာ နေထွက်ချိန်ကနေ နေ၀င်ချိန်ထိ မမောမပန်းတမ်း ၀န်ထုပ် တွေကို မင်းရဲ့ကျောပေါ်မှာ တင်ဆောင် အလုပ်လုပ် ရပါလိမ့်မယ်။မင်းဟာ မြက်ကိုသာ စားရမယ်။ဒါ့အပြင် မင်းမှာ ဘာအသိညာဏ်မှ ရှိမှာ မဟုတ်ဘူး။မင်းသက်တမ်း ကတော့ နှစ် (၅၀) ဖြစ်တယ်။”
ထိုအခါ မြည်းက ပြန်ဖြေတယ်။
“ဟုတ်ပါပြီ ကျွန်တော် သဘောတူပါတယ်။ဒါပေမယ့် နှစ် (၅၀)ကတော့ များလွန်းပါတယ်။နှစ်(၂၀)လောက်ဘဲ ပေးစေချင် ပါတယ်။
“ကောင်းပြီ မင်းအလို အတိုင်း ဖြစ်စေ”ဟု ဘုရားသခင်က ဖြေတော်မှုခဲ့ပြီး မြည်းကိုဖန်ဆင်းတော် မှုခဲ့ပါတယ်။
(၂)
ဒုတိယ အနေဖြင့် ဘုရားသခင်က ခွေးကို ဖန်ဆင်းတော် မှုပါတယ်။
“မင်းအနေနဲ့ လူတွေရဲ့ အိမ်ကို စောင့်ရှောက်ရမယ်။မင်းဟာလူတွေရဲ့ အကောင်းဆုံး အဖော် ဖြစ်လာလိမ့်မယ်။
မင်းအနေနဲ့ လူတွေရဲ့ စားကြွင်းစားကျန် တွေကို သူတို့ ကျွေးတဲ့ အခါ စားရမယ်။မင်း သက်တမ်းက (၃၀)”
ခွေးက ပြာပြာသလဲ ပြန်ဖြေပါတယ်။
“အဖ ဘုရားသခင် ၃၀ ကတော့များလွန်း ပါတယ်။၁၅ နှစ်လောက်ပဲ ပေးပါ။”
“ဟုတ်ပြီ မင်းဆန္ဒ အတိုင်း ဖြစ်စေ”ဟု ဘုရားသခင်က ပြောလျှက် ထိုနည်းအတိုင်း ခွေးကို ဖန်တီးလိုက် ပါသည်။
(၃)
ထို့နောက် ဘုရားသခင်က မျောက်ကို ဖန်တီးသည်။

“မင်းဟာ မျောက်တစ်ကောင် ဖြစ်လိမ့်မယ် ။မင်းဟာ တစ်ကိုင်း ကနေ တစ်ကိုင်းကို မျက်စိနောက် လောက် အောင် လွှဲခို ကူးသန်း နေရမယ်။မင်းကို ပျော်စရာ ဖျော်ဖြေရေး သတ္တ၀ါ အနေနဲ့ လူတွေက သဘောကြ လိမ့်မယ်။ပြီးတော့ မင်းရဲ့ သက်တမ်း ကတော့(၂၀) ဖြစ်တယ်။”
မျောက်က (၁၀)နှစ်ဟု စောဒက တက်သည်။
ဘုရားသခင်က လက်ခံသဘောတူ၍ မျောက်ကို ဖန်ဆင်းပေးတော် မှုလိုက်သည်။
(၄)
နောက်ဆုံးတွင် ဘုရားသခင်က လူသားကို ဖန်ဆင်းတော် မှုသည်။
“မင်းဟာ လူသား တစ်ယောက် ဖြစ်လာမယ်။ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကျိုးကြောင်း ဆင်ခြင် တွေးခေါ် နိုင်တဲ့ သတ္တ၀ါ ဖြစ်တယ်။ အသိညာဏ် ကိုအသုံးချပြီး ကမ္ဘာ တစ်ခုလုံး ကိုတောင် စိုးမိုးနိုင်တယ်။မင်းရဲ့ သက်တမ်း က(၂၀) ဖြစ်တယ်”
လူသားက ပြန်ပြောသည်။“လူသား အဖြစ် သဘော တူပါတယ်။သက်တမ်းက အရမ်း နည်းပါတယ်။ဒီလို လုပ်ပါ။
မြည်းမ လိုချင်တဲ့ အနှစ်(၃၀)၊ ခွေးရဲ့ (၁၅)နှစ်ရယ်၊ မျောက်ရဲ့ သက်တမ်း (၁၀)နှစ် ရယ်ကို ကျွန်တော့်ကိုပေါင်းထည့် ပေးပါ။”
ဘုရားသခင်က စဉ်းစားတော် မှုပြီးမှ သဘောတူ ခွင့်ပြုတော် မှုလိုက်သည်။ထို့နောက် လူသားဖြစ်လာလေသည်။
(၅)
ထိုအချိန်မှ စ၍.............
လူတို့သည် လူသားအဖြစ် အနှစ်(၂၀) ပျော်ပျော် ရွှင်ရွှင် နေရသည်။ထို့နောက် သူသည် လက်ထပ် အိမ်ထောင်ပြု၍ အနှစ် (၃၀) ခန့်ကို မြည်းတစ်ကောင် နှင့်မခြား လုပ်ကိုင် ဆောင်ရွက် ရသည်။နေထွက်မှ နေ၀င်ထိ မယားတာဝန်၊ သားသမီး တာဝန်ကို ပခုံးတွင် ပိကာ ပင်းပန်းကြီးစွာ လုပ်ကိုင် ရှာဖွေရလေသည်။
သူ၏ သားသမီးများ အရွယ်ရောက် လာသောအခါ သူသည် (၁၅)နှစ်ခန့် ခွေးတစ်ကောင်လို နေရသည်။သားသမီးများ အလုပ်သွားသောအခါ သူသည် အိမ်စောင့် ကျန်ရစ်ခဲ့ရသည်။သူတို့ ကျွေးမွေးသော အစားသောက်များစားသောက်၍ နေထိုင်ရှင်သန် ရလေသည်။
ထို့နောက် လူတွေ အသက်ကြီးလာပြီ ။အလုပ် များမှ အနား ယူလိုက်သည်။(၁၀)နှစ်ခန့်ကို မျောက်တစ်ကောင် ကဲ့သို့ နေထိုင်ရပြန်သည်။အဘယ်ကြောင့်ဆိုသော် သူသည် သားသမီးများ ရှိရာ အိမ်များသို့ ဟိုမှဒီ အလည်အပတ် သွားရောက်လျှက် ရောက်သောအခါ တွင်လည်း သူ၏ မြေးများ ပျောရွှင်အောင် ရယ်မော်အောင် ထိန်းချော့ရ သောကြောင့်တည်း။ ။