Saturday, March 15, 2008

ဟာသရွာ

“ဟာသရွာ”..ထိုရွာတွင် နေထိုင်ကြ သောသူများသည် ရွာ၏ဟာသ အစဉ်အလာအရ ဟာသမြောက်များစွာကို သိရှိထားသူ များဖြစ်သည်။အချင်းချင်း ဟာသ ပြောဆိုရာတွင် ဟာသတစ်ခုလုံး ပြောစရာ မလိုဘဲ ဟာသ အမှတ် စဉ် ကိုသာ ပြော၍ ရီကြခြင်းမှာ ရွာ၏ အစဉ်အလာ တစ်ခု ဖြစ်သည်။တစ်နေ့ ထိုရွာသို့ လူစိမ်းတစ်ဦး ရောက်လာသည်။ထိုသူသည် ရွာလူငယ်လေး များ၏ စကားဝိုင်း တစ်ဝိုင်းကို တွေရှိရာ ၀င်ရောက် နားထောင်မိ လေသည်။ထိုအချိန်တွင် ရွာသားတစ်ယောက်က ဟာသအမှတ်စဉ် ၈ ဟုအော်လိုက်ရာ အကုန်လုံး ၀ိုင်းရီ ကြလေသည်။ထို့နောက် ရွာသူလေး တစ်ယောက်က ဟာသ အမှတ်စဉ် ၁၁၉ ဟုအော်ရာ ၀ိုင်းရီကြ ပြန်လေသည်။ ထိုသို့ တစ်ယောက် တစ်လှည့် အမှတ်စဉ်အော်လိုက် ၀ိုင်းရီကြလိုက်နှင့် အချိန်တော်တော် ကြာလာ သောအခါ ထိုသူမှာ မနေနိုင်တော့ဘဲ အမှတ်စဉ်တစ်ခု ၀င်အော်ရင် ဆုံးဖြတ်လိုက်သည်။ထို့နောက် ရုတ်တရက် “ခဏ အမှတ်စဉ် ၁၄၄ ”..ဖြန်း....ဘေးမှ ရွာသူလေး တစ်ယောက် က ထိုသူအား ပါးရိုက်လိုက်ခြင်း ဖြစ်သည်။ထိုသူ ကြောင်သွားသည်။ထို့နောက် ရွာသူလေး က ထိုသူအား ပြောလိုက်ပုံက “ရှင် အဲဒီလို မိုက်ရိုင်းတဲ့ ဟာသတွေ ပြောရလား ဒီမှာ မိန်းကလေးတွေ ရှိတာ ရှင်မမြင်ဘူးလား”