Friday, March 14, 2008

ဘရုကလင် တံတားပေါ်မှာ

အမေရိကန် နှစ်ယောက် ဘရုကလင် တံတားပေါ်တွင် ရပ်နေကြသည်။တစ်ယောက်က ပြောသည်။
ဟိုမှာ ပြင်သစ်တစ်ယောက် လမ်းလျှောက်လာတယ် တွေ့လား။ငါ တံတားပေါ်က ခုန်ချအောင် လုပ်ပြမယ်..
“စိန်လိုက်”
တစ်ဒေါ်လာကြေး နော်..
ရတယ်...ပထမ အမေရိကန်တစ်ယောက် ပြင်သစ်နား ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
“သတင်းကြား ပြီပြီလား ..ပြင်သစ်မှာ ဇိမ်ခံခန်း တွေအားလုံး ပိတ်လိုက် ပြီတဲ့”
ဲပြင်သစ်သား ခေါင်း ကိုလက်နှစ်ဘက် ဖြင့် ကုပ်၍ တံတားပေါ်မှ ခုန်ချ သွားသည်။
ထို့နောက် အင်္ဂလိပ် လူမျိုး တစ်ယောက် လာပြန်သည်..အမေရိကန် နှစ်ယောက် ဒေါ်လာ တစ်ရာကြေး ထပ်
လောင်း ပြန်သည်။ပထမ အမေရိကန်သည် အင်္ဂလိပ် အနားကပ် သွား၍ တိုးတိုး ပြောလိုက်ပြန် သည်။
“ ခင်ဗျား သိပြီးပြီလား ခင်ဗျား တို့ရဲ့ ဗြိတိသျှ ပါလီမန် အဆောက်အဦး ကြီးကို ဖျက်ပြီး အဲဒီနေရာမှာ ဇိမ်ခံခန်း
အကြီးစား ကြီးဖွင့်မယ်တဲ့ ”
အင်္ဂလိပ် စိတ်ဓတ်ကျစွာ ခေါင်းကုပ်လျှက် တံတားပေါ်မှ ခုန်ချသွားသည်။
ရုရှား တစ်ယောက် လျှေက်လာ ပြန်သည်..ဒေါ်လာ တစ်ထောင်ကြေး လောင်းပြန်သည်။ဒုတိယ အမေရိကန်က
ရုရှား ဘယ်တော့မှ ခုန်မချဟု ယုံကြည်စွာ ပြောသည်။ပထမ အမေရိကန်သည် ရုရှား နားကပ်၍ တိုးတိုး လေးပြော လိုက်သည်။
“ဒီမှာ သူငယ်ချင်း ကြိုတင် သတိပေး တာနော် .ဒီတံတားပေါ်က ဘယ်သူမှ ခုန်ချလို့ မရဘူး နော် စေတနာနဲ့
ပြောတာ”
“တားမြစ်ထားတယ် ဟုတ်လား။ကျုပ်က ဂရုစိုက်မယ် ထင်လားဗျာ.ဟင်း.”ဟုပြောပြီး ရုရှားသည် တံတားပေါ်မှ
ခုန်ချ သွားတော့သည်။ ။