Thursday, July 31, 2008

သိုဝှက်ဝေဒနာ.........

အခုလေးတင်
သာခဲ့တဲ့ လမင်း
တိမ်မဲတွေပြုံး
ရင်ထဲက အပူကြောင့်ပါ.......

အခုလေးတင်
ကြားခဲတဲ့ သံသာ
မခံသာနားထဲ
ညဉ့်ငုက်ငိုကြွေးသံလိုလို
ထပ်နေရှုက်သံ
ရင်ထဲက လွမ်းမောမှု့ကြောင့်ပါ...

အခုလေးတင်
မွှေးခဲ့တဲ့ပန်း
ခါးသီးရနံ့
လေညှင်းနှင့်အတူ
ဘယ်သူ့အတွက် မရည်ရွယ်
မွမ်းကြပ်လှောင်ပိတ်
တစ်ယောက်တည်းတွယ်တဲ့
ရင်ထဲက မျှော်လင့်ချက်ကြောင့်ပါ......

အခုလေးတင်
လန်းဆန်းတဲ့ နှလုံးသား
ဖြုတ်ခနဲ့ကြွေကျ
ပြန်ဆက်မရ၊တစ်စဆီမြေခ
လူတကာနင်းခြေ
ထောင့်တစ်နေရာ အကြည့်ရောက်
ရင်၌ပျော်ရွှင်
အနှေးဆုံး ခြေလှမ်း
ရလိုဆန္ဒနှင့်
ကောက်ယူအကြည့်
သွေးစွန်းကြေမွ သုံးမရတော့
တစ်ဆစ်ဆစ်နာကျင်
ပဲ့ကြွေ နှလုံးသား
ရင်၌ထွေးပွေ့
မလွှင့်ပြစ်ရက်
မသိမ်းဆည်းရဲနှင့်
ယခုအချိန်ထိတိုင်
ဘယ်အချိန်ထိအောင်
နှမြောတသစွာ
ဆုံးဖြတ်မရဲခဲ့......
ရင်ထဲကသူကြောင့်ပါ.......။