Thursday, July 31, 2008

အိမ်မက်,စိတ်ကူး,မျှော်လင့်ချက်

စွဲလမ်းမှု့ရဲ့ ယာယီအဖော်ဆိုတာ
အိပ်ပျော်နေချိန် တစ်ခုတည်းအတွက်
မဟုတ်ခဲ့ရင်....
ငါ့နှလုံးသားဟာ
လေနှင်ရာအရောက်၊ကြွေခဲ့မှာမဟုတ်ဘူး။

လိုချင်ရခဲ့တဲ့
မသိစိတ်ထဲက လရိပ်တစ်ခုအတွက်
ရေတွေမခန်းခြောက်ခဲ့ရင်
ငါအတွက်...
ညအလှကောင်းကင်ဆိုတာ
ညစ်ထေးသွားခဲ့မှာ မဟုတ်ဘူး။

ဘ၀တစ်ခုရဲ့ ရှင်သန်ခြင်း
ကိုးဆယ်ကိုးနှစ်ပိုင်း တစ်ပိုင်းရာခိုင်နှူန်းဟာ
ငါ့ဆီရောက်မလာခင်
နိဂုံးချုပ်အဆုံးသတ်မှု့ရဲ့
စေခိုင်းရာ မဖြစ်ခဲ့ရင်
ပင်ယံထက်က ဥသြငုက်ရဲ့ တွန်သံဟာ
ငါ့ပါးပြင်ပေါ်...
ကူးစက်ခဲ့မှာ မဟုတ်ဘူး။

ခူးရက်၊ထားရက်ခဲ့ပြီး
တကယ်တမ်း
ခူးချိန်လွန်၊ရနံ့ပြယ်မှ
ရင်ထဲမှာမွှေးနေဆဲအထိ
မရည်ရွယ်ပဲ ရှိနေခဲ့ပြီလေ..
ဒါပေမဲ့......
ဘ၀ဆိုတာ ခဏလေးပါ
အဲ့ဒီဘ၀ဟာ...တကယ်တော့....
အိမ်မက် (သို့) စိတ်ကူး (သို့) မျှော်လင့်ချက်.....