Wednesday, May 28, 2008

အမြင်မှန်(၃)


ဒီနေ့ ကြေးမုံသတင်းစာ ဖတ်မိရင်းနဲ့ အတွေးတစ်ခု ပေါ်လာလို့ သတင်းစာထဲက အကြောင်းအရာ တစ်ခုကို မျှဝေလိုက်ပါတယ်။လက်ရှိ မြန်မာနိုင်ငံ ရေဘေးဒုက္ခသည် များကို စေတနာရှင် ပြည်သူများ လှူဒါန်းနေသည်းကို ၀မ်းပန်းတသာ မြင်တွေ့ရပါသည်။ ကိုယ်မတတ်နိုင်ပေမဲ့ သတင်းများကို ဖတ်ရ၊ကြားရ၊သိရ၊ သည်မှာ အလွန်ပင် ပီတိ ဖြစ်မိပါသည်။သို့သော် စေတနာ အလှူရှင်တွေ ချင့်ချိန်နိုင်စေရန် အကြောင်းအရာ တစ်ခုအား သတင်းစာထဲတွင် ဖတ်မိ၍ ပြန်လည် ဖော်ပြရေးသားခြင်း ဖြစ်ပါသည်။အလှူရှင် များသည် ပစ္စည်းများ ၊မုန့်များ ကို သူတို့သွားရာ လမ်းတစ်လျောက် လမ်းဘေးများသို့ ပစ်ချ လှူဒါန်းနေသည် ကို အားလုံးမြင်တွေ့ နေရပါသည်။လမ်းဘေး ၀ဲယာတွင်လည်း လူများစွာမှာ အလုအယက် ကောက်နေပါသည်။သူတို့ထဲတွင် အမှန်တကယ် ဒုက္ခရောက်နေသူများ ရှိသကဲ့သို့ မတော်လောဘသမားများလည်း ရှိပါသည်။သူတို့ ဘယ်သူဘယ်ဝါ ဆိုတာ ဘယ်သူမှတာဝန် မယူနိုင်ပါ။ သတင်းစားကို အလုပ်မအား၍ မဖတ်လိုက်ရသူများ နှင့် ဘိုးစဉ်ဘောင်ဆက် မုန်းနေတဲ့သူများ မည်သူမဆို မကောင်းမြင်မှုများကို ခဏဘေးချ၍ နီးစပ်ရာ အလှူရှင်များကို ပြန်လည်ဖြန့်ဝေပေး ပါရန် တိုက်တွန်းလိုက် ပါသည်။


(လှူဒါဘဲကွာ စေတနာပါရင် ပြီးတာဘဲ စောက်ပိုတွေရေး နေပြန်ပြီ။ကိုလည်း လှူနိုင်တာ မဟုတ်ဘူး။ဘယ်လိုလှူလှူပေါ့။ ဟူသောစကား များကို ကြိုတင်ကြားမိပါသည်။သို့သော် မတတ်နိုင်ပြီ။ ။)