Wednesday, May 28, 2008

အမြင်မှန်(၂)

နောက်ပိုစ့်တစ်ခုကို လောလောဆယ် မရေးသေးဘူးလို့ ဆုံးဖြတ်ထားပေမယ့် ကျွန်တော့်စာလေးကြောင့် အမြင်မှန်လေးများ စောစောစီးစီး ရပါစေတော့ဟု ရည်ရွယ်ပြီး တတ်မှတ်သလောက် ထပ်မံရေးသားခြင်း ဖြစ်ပါတယ်။ ကျွန်တော့် ဆီကိုဘယ်က မှန်းမသိသော မေးလ်တစ်ခု ၀င်လာခြင်းကြောင်လည်း ဖြစ်ပါသည်။မေးလ်ထဲတွင် ရေးထားသည်မှာ ရှင်းရှင်းလေး ၄ ကြောင်းထဲပါ။

'မင်းတို့ စစ်ခွေးတွေက သေနတ်ကိုင်ပြီး ဘာမှ မရှိတဲ့ ပြည်သူနဲ့ ဘုန်းကြီးတွေကို သတ်တယ်။မင်းတို့ ကိုယ်တိုင်ကျတော့ အနေချောင်လို့ စစ်တပ်ထဲ ၀င်ပြီး ပြည်သူ့ ပိုက်ဆံတွေ အလကား အချောင်စားနေတယ်။မင်းတို့ အရည်အချင်းမရှိဘူး ဆိုတာ မင်းတို့တွေ သိရဲ့သားနဲ့ အာဏာမြဲဖို့ အရေး ဒုက္ခတွေ ကြားမှာတောင် မျက်နှာလွှဲပြီး ဆန္ဒခံယူပွဲတောင် လုပ်လိုက်သေးတယ် ။သတ္တိရှိ ၊အရည်အချင်း ရှိရင် သေနတ်ဘေးချလိုက် ယှဉ်မယ်တဲ့။ '

ကျွန်တော်တို့ကို စစ်ခွေးဟု လူတိုင်းသုံးနှုန်း နေကြသည်မှာ မဆန်းတော့ပါ လူဆိုသည်မှာ မနိုင်ရင် နာအောင် ကြံဖန်ပြောခြင်းသာ ဖြစ်သည်။ကလေး အထာများ ဖြစ်၍ ခွင့်လွှတ်ပေး လို့ရပါသည်။သို့သော် သတ်တယ် ဆိုပြီး ဘာလို့ သုံးနှုန်းနေကြပါလိမ့်။နိုင်ငံ တစ်နိုင်ငံတွင် လက်ရှိအစိုးရ ထုတ်ပြန်ထားသော တည်ဆဲဥပဒေ ရှိပါသည်။ထိုဥပဒေကို ချိုးဖောက်၍ အရေးယူခြင်းမျှသာ ဖြစ်ပါသည်။တပ်မတော်သား များသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါသည်။မည်သူမျှ လူမျိုးတူခြင်း အပေါ် ရက်စက်လိုစိတ်မရှိပါ။ဘုန်းကြီးအစစ် များသည် နိုင်ငံရေး လုပ်စရာ အကြောင်းမရှိပါ။ဘုန်းကြီး ၀တ်ဖူးသူတိုင်းသိပါသည်။ဘုန်းကြီးများ လမ်းလျှေက်ခြင်း နှုန်းများမှ အစ ၀ိနည်းများတွင် ချပေးပြီးသားဖြစ်ပါသည်။ပိုပြီး နားလည်ရန် ဘုန်းကြီး အစစ်အမှန် တစ်ခါလောက် ၀တ်ကြည့်ပါရန် တိုက်တွန်းလိုက်ပါသည်။ပြီးတော့ အနေချောင်၍ စစ်တပ်ထဲ ၀င်သည်ဟု ပြောသည် ကိုတော့ စစ်ကားတစ်ကားလောက် အရင်ကြည့်စေချင် ပါသည်။ဝါသနာ မပါဘဲ နှစ်နဲ့ချီ ပင်းပန်း ဆင်းရဲဒဏ် ဘယ်သူခံမည်နည်း။များပြား လှစွာသော စည်းကမ်း များစွာထဲတွင် အနေချောင်စရာ အကြာင်းတစ်စက်မှမရှိပါ။ကလေးဘ၀ သေနတ်ပစ်တိုင်း ကစားဖူးလျှင်ပင် ပြေးရသည်မှာ မောပါ သေးသည်။စစ်သား ဘ၀သည် ကစားနေခြင်း မဟုတ်ပါ။ထမင်းစားနေသော လူအစစ်ဆိုပါက အခုလောက်ပြောလျှင် နားလည်လောက်ပြီ ထင်ပါသည်။အရည်အချင်း ဆိုတာဘာကိုပြောတာလဲ ဆိုတာ ကျွန်တော် တကယ် နားမလည်ပါ။ကိုသံတုတ်ရေးတဲ့ စာထဲကလို မှတ်ကျောက်တင်ဖို့ အတွက် နိုင်ငံ တစ်နိုင်ငံလောက် စိန်ခေါ်တိုက်ပြ ရမည်လား။တပ်မတော်၏ အရည်အချင်း တစ်ရပ်ကြောင့်သာ ဘယ်နိုင်ငံကိုမှ အခုအချိန်ထိ ပထွေးမခေါ်ရခြင်း ပင်ဖြစ်သည်။တပ်မတော်၏ ပင်ပန်းဆင်းရဲခံ ကြိုးစားခဲ့မှုကြောင့် မြန်မာနိုင်ငံ အစိတ်စိတ်အမွှာမွှာ မဖြစ်ခဲ့ခြင်း ပင်ဖြစ်သည်။လက်ရှိ အီရတ်တို့လို့ စစ်တလင်းဖြစ်နေသော နိုင်ငံ များကို သံဝေဂ ယူနိုင်ကြပါသည်။ဆန္ဒခံယူပွဲ ကိုပြဿနာတွေကြားမှာ လုပ်သည်ကို ပြောလိုကို မပြီးတော့ပါ။မိုင်နဲ့ချီ လမ်းလျှေက်ခိုင်းပြီး မဲပေးခိုင်း ခြင်းမဟုတ်ပါ ။အိမ်ထောင်ဘက် ရွေးချယ်သလို စဉ်းစားစရာ များစွာလည်း မရှိပါ။ကြိုက်ရင်ကြိုက်သည် မကြိုက်ရင် မကြိုက်သညိကို ရေးရုံဘဲ ဖြစ်ပါသည်။ကျွန်တော် ထင်ပါသည် အကယ်၍ နောက်ဆုတ် လိုက်ပါကလည်း အင်းမဲလိမ်လို့ မရသေးလို့ ဆုတ်တာ ဒီနေ့လုပ်မယ် ဆိုပြီး မုန်တိုင်းကို အကြောင်းလာပြ နေတယ်။စစ်ခွေး လူလိမ်တွေ ဟုပြောကြပါ ဦးမယ်။နားလည် ပေးလို့ ရပါသည်။သူတို့ ရဲ့စီးပွားရေး အလုပ်ကိုက ဒီအလုပ် ဖြစ်ပါသည်။၁ လို့ ပြောရင် ၂ လို့ မျက်စိစုံမှိတ် အော်မည်။၂ ဟုပြောပါက ၁ လို့ ပြန်အော်မည် ဖြစ်သည်။စားဝတ်နေရေး အတွက်လုပ်သည် ကိုနားလည် ပေးသော်လည်း၊ကိုယ့်နိုင်ငံ သိက္ခာ ကိုတော့ အနည်းငယ် ကြည့်သင့် ပါသည်။ကြိုက်ရာ ယှဉ်မည်ဆိုတာကတော့ မယှဉ်ချင်ပါ။ပြည်ဝင်ခွင့် ရအောင် အရင် လုပ်၍ ရွှေတိဂုံဘုရားကို မသေခင် ဖူးစေချင်ပါသည်။ပြီးမှ ဆက်ယှဉ်ကြတာပေါ့ ဟုဘဲ ပြောချင်ပါသည်။